Showing posts with label demography. Show all posts
Showing posts with label demography. Show all posts

Tuesday, January 9, 2007

Population Policies around the world (3)

၉၊ ၁၊ ၂၀၀၇

လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ ပေါ်လစီများ (၃)

ဒီနိုင်ငံ မှာတော့ မြို့ပေါ်နေ လင်မယားတွေ အနေနဲ့ ကလေး တစ်ယောက်ပဲ ယူခွင့် ရှိပါတယ်။ ကျေးလက်နေ လင်မယားတွေ ကတော့ ပထမ ကလေးက မိန်းကလေး ဖြစ်နေခဲ့ရင် (သို့) မစွမ်းမသန် ဖြစ်နေခဲ့ရင် ဒုတိယ ကလေးတစ်ယောက် ယူခွင့်ရှိပါတယ်။

ကလေး တစ်ယောက်ပဲ ယူပါမယ်လို့ ကတိပြု လက်မှတ်ထိုးထားတဲ့ မြို့နေ လင်မယားတွေ အနေနဲ့ အစိုးရထံက စီးပွားရေး၊ ကလေးပညာရေး နဲ့ ပတ်သက်ပြီး အကူအညီများရပါတယ်။ သတ်မှတ် အရေအတွက်ထက် ပိုပြီးမွေးရင် ဒဏ်ကြေးဆောင်ရတဲ့ အပြင် အဲဒီကလေးရဲ့ ကျောင်းစရိတ် ကို မိဘက လုံးဝတာဝန်ယူရပါတယ်။ (ဥပမာ။ တစ်ဦးတည်းသော သား၊ သမီး ထက်စာရင် ဒုတိယ၊ တတိယ ကလေးတွေ အတွက် ကျောင်းလခ က ဈေးပိုကြီးပါတယ်)

မှတ်ချက်။
ပေါ်လစီ ကို အကောင်အထည် ဖော်ရာမှာ နိုင်ငံရဲ့ ဒေသတစ်ခုနဲ့ တစ်ခု မတူညီပါ။ တစ်ချို့ဒေသတွေ ကတင်းကြပ်ပြီး တစ်ချို့ ကတော့ လျော့ပေါ့ ပါတယ်။ ဒီပေါ်လစီနဲ့ ပတ်သက်တဲ့ ဝေဖန်ချက် အမျိုးမျိုး ကိုတော့ စာကိုးစာရင်းမှာပါတဲ့ လင့်ခ် များမှာ သွားရောက် ကြည့်ရှု ဖို့ တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံ (၁၉၇၉)

စာကိုး။
China’s one child policy
Wikipedia: one child policy

Read More...

Tuesday, January 2, 2007

Sheer Numbers (2)

၂၊ ၁၊ ၂၀၀၇


အရည်အချင်း မှသည် အရေအတွက် ဆီသို့ (၂)


၁၉၇၀ ခုနှစ် တုန်း က လူဦးရေ ၂၇ သန်းပဲ ရှိခဲ့တဲ့ မြန်မာ နိုင်ငံ ဟာ ၂၀၀၆ ခုနှစ် မှာတော့ လူဦးရေ ၅၁ သန်း ရှိလာပါပြီ။ ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်း လူဦးရေကတော့ ၅၉ သန်း ဖြစ်ပါတယ်။
နယ်နမိတ်ခြင်း ဆက်စပ်နေတဲ့ နိုင်ငံ တွေရဲ့ ၂၀၀၆ ခုနှစ် မှာရှိတဲ့ လူဦးရေ တွေကတော့

နိုင်ငံ (လူဦးရေ သန်းပေါင်း)

၁။ ဘင်္ဂလားဒေ့ရှ် (၁၄၇)
၂။ အိန္ဒိယ (၁၁၂၂)
၃။ တရုတ် (၁၃၁၁)
၎။ လာအို (၂၆.၉)
၅။ ထိုင်း (၆၅.၂)

စာကိုး။
Population Reference Bureau. 2006. World Population Data Sheet.
United Nations Population Division. World Population Prospects: The 2004 Revision Population Database. http://esa.un.org/unpp/

Read More...

Sunday, December 31, 2006

Population Policies around the world (2)

၃၁၊ ၁၂၊ ၂၀၀၆


လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ ပေါ်လစီများ (၂)


ဒီနိုင်ငံ မှာတော့ ဒုတိယနဲ့ တတိယ ကလေးမွေးသူများ ကို အစိုးရ က ဆုငွေ ပေးပါသတဲ့။ ဒုတိယ ကလေး အတွက် စင်္ကာပူဒေါ်လာ ၉၀၀၀ နဲ့ တတိယ ကလေး အတွက် စင်္ကာပူဒေါ်လာ ၁၈၀၀၀ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေး ဖွံ့ဖြိုးမှု စရိတ် အတွက်လည်း ငွေ စုလို့ ရပါသေးတယ်။ မိဘ က စင်္ကာပူဒေါ်လာ တစ်ဒေါ်လာ စုရင် အစိုးရ ကလည်း စင်္ကာပူဒေါ်လာ တစ်ဒေါ်လာ ထပ်ဆောင်းပေးပါတယ်။ ဒုတိယကလေး အတွက် ဆိုရင် စင်္ကာပူဒေါ်လာ ၆၀၀၀ အထိ နဲ့ တတိယကလေးအတွက်ဆိုရင် စင်္ကာပူဒေါ်လာ ၁၂၀၀၀ အထိ ငွေ စုလို့ ရပါတယ်။

စင်္ကာပူ (၂၀၀၁)

စာကိုး။
Theresa Wong & Brenda S.A. Yeoh. Fertility and the Family: An Overview of Pro-natalist Population Policies in Singapore. Asian Meta Centre Research Paper Series. No.12.

Read More...

Saturday, December 30, 2006

Sheer Numbers (1)

၃၀၊ ၁၂၊ ၂၀၀၆


အရည်အချင်း မှသည် အရေအတွက် ဆီသို့ (၁)


ကမ္ဘာ့ လူဦးရေ ဟာ ၂၀၀၆ ခုနှစ် မှာ သန်းပေါင်း ၆၅၀၀ ကျော်သွားခဲ့ ပါပြီ။ လူဦးရေ အများဆုံး ၁၀ နိုင်ငံ ကတော့

နိုင်ငံ (လူဦးရေ သန်းပေါင်း)

၁။ တရုတ် (၁၃၁၁)
၂။ အိန္ဒိယ (၁၁၂၂)
၃။ အမေရိကန်ပြည်ထောင်စု (၂၉၉)
၎။ အင်ဒိုနီးရှား (၂၂၅)
၅။ ဘရာဇီး (၁၈၇)
၆။ ပါကစ္စတန် (၁၆၆)
၇။ ဘင်္ဂလားဒေ့ရှ် (၁၄၇)
၈။ ရုရှား (၁၄၂)
၉။ နိုင်ဂျီးရီးယား (၁၃၅)
၁၀။ ဂျပန် (၁၂၈)

စာကိုး။
Population Reference Bureau. 2006. World Population Data Sheet.

Read More...

Population Policies around the world (1)

၃၀၊ ၁၂၊ ၂၀၀၆


လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ ပေါ်လစီများ (၁)


အစိုးရ၀န်ထမ်း အမျိုးသားတွေ ဟာ အသက် ၂၄နှစ် မပြည့်မချင်း ကလေး မယူရပါဘူးတဲ့။ အမျိုးသမီး ၀န်ထမ်းတွေ အတွက် အသက် ကန့်သတ်ချက်ကတော့ ၂၂နှစ်ပါ။ ကလေး ယူပြန်ရင်လည်း နှစ်ယောက်ထက် မပိုပဲ ကလေး တစ်ယောက်နဲ့ တစ်ယောက် ကိုလည်း အနည်းဆုံး ၃ နှစ်ခြားရပါမယ်တဲ့။ မလိုက်နာခဲ့ ရင် ၀န်ထမ်းလစာ လျှော့ခံရခြင်း နဲ့ အပြစ်ပေး ခံကြရပါတယ်။

ဝန်ထမ်းမဟုတ်သူတွေ ကတော့ အမျိုးသား - ၂၁ နှစ် နဲ့ အမျိုးသမီး ၁၉ နှစ်ဖြစ်ပါတယ်။ မလိုက်နာခဲ့ ရင် စပါးခွဲတမ်းလျော့ ခံရပါတယ်။

ဗီယက်နမ် (၁၉၈၈)

စာကိုး။
Daniel M. Goodkind. 1995. “Vietnam's One-or-Two-Child Policy in Action”. Population and Development Review, Vol. 21, No. 1. (Mar., 1995), pp. 85-111.

Read More...