၂၀၊ ၁၊ ၂၀၁၀
ဟုတ်လှချေလား ပီကာဆာ
ကွန်ပျူတာ အသစ်မှာ ပီကာဆာ မတင်ရသေးလို့ ဒီနေ့ ၃.၆ ကို ဒေါင်းပြီး တင်လိုက်တယ်။ အသစ်အဆန်းလေးတွေ ပါတယ် ဆိုလို့ ကြည့်လိုက်တော့ ဓါတ်ပုံတွေမှာပါတဲ့ မျက်နှာတွေကိုချည်းပဲ ရွေးထုတ်ပေးပြီး ကိုယ်ရဲ့ လိပ်စာ စာအုပ်ထဲက လူအမည်တွေနဲ့ တွဲပေးလို့ရတဲ့ အချက်ပါ။
ဒါနဲ့ ကိုယ့်နာမည်ကို ကိုယ့်မျက်နှာ တွဲပေးလိုက်တယ် .. ကိုင်း .. လာလေရော့ .. အပ်ချလောင်း။
ကိုယ့်မျက်နှာပုံတွေ အများကြီး ရှိနေတဲ့ အထဲက တစ်ပုံပဲ အမည်ပေးရသေးတယ် ကျန်တာတွေကိုပါ ပီကာဆာက အော်တို နာမည်တပ်ပေးပါရောလား။ အလာကြီးပဲ။
ဒါတင် မကသေးဘူး ကိုယ့်မျက်နှာလို့ ထင်တဲ့ အခြားမျက်နှာတွေကိုလည်း ရွေးထုတ်ပြပြီး မှန်မမှန် စစ်ခိုင်းသေးသဗျ။
ဗုဒ်ဓေါ ... ဖခမည်းတော် ပုံတွေပါလား။ ကြက်သီးတောင် ထသွားတယ်။
ပီကာဆာရေ လေးစားပါတယ်။
စာရှုသူတွေ ကြည့်လို့ ရအောင် ပီကာဆာ ရွေးပေးထားတဲ့ ကျွန်တော်နဲ့ ဖခမည်းတော်ပုံတွေ အောက်မှာ စုစည်းပြလိုက်ပါရဲ့ တူမတူကြည့်ပေးကြပါဦး။