Showing posts with label opinion. Show all posts
Showing posts with label opinion. Show all posts

Wednesday, October 10, 2007

To whom it may concern

၁၀၊ ၁၀၊ ၂၀၀၇
“မြန်မာအစစ်” ဆိုသူသိသာစေရန်

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားပါသည်။ ထို့ကြောင့်ပင် ကျွန်တော့် Shout box တွင် လာရောက်ရေးသားသူများကို ဆင်ဆာဖြတ်ခြင်းမျိုး မလုပ်ဖူးပါ။ တင်ထားသော ပို့စ်များတွင်ပင် anonymous မှတ်ချက်ပေးနိုင်ရန် ပြင်ဆင်ပေးထားပါသည်။ ထိုသို့ လွတ်လပ်ခွင့်ရှိနေခြင်းကို သိက္ခာရှိရှိ အသုံးချကြမည်ဟုလည်း မျှော်လင့်မိသည်။

ယခုတွင်ကား ကျွန်တော့် မိတ်ဆွေတစ်ဦးက ဓမ္မပဒ လာ စာသားတစ်ချို့ကို ဖော်ပြလာသည်ကို “မြန်မာအစစ်” ဆိုသူက ၄င်းမိတ်ဆွေ၏ မိသားစုကို ထိခိုက်ကာ ပြန်လည်ပြောဆိုသည်ကို စိတ်မကောင်းစွာ တွေ့ရသည်။ မိမိ၏ စိတ်သဘော နှင့် မတိုက်ဆိုင်လျင် ထိုအကြောင်းချင်းရာကို ပြန်လည်ဆွေးနွေးသင့်သည်။ မဆိုင်သည့် မိသားစုကို ဆွဲထည့်ကာ နှုတ်အားဖြင့်အကြမ်းဖက်ခြင်းမျိုး (Verbal Abuse) မလုပ်ဆောင်သင့်ဟု ကျွန်တော်ယူဆသည်။

လွတ်လပ်စွာ ပြောဆိုခွင့်သည် အခြားလူများကို စော်ကားရန် မဟုတ်ပေ။

ထို့ကြောင့် “မြန်မာအစစ်” ဆိုသူ၏ ဤအပြုအမူကို ရှုံ့ချ၊ ဆန့်ကျင်၊ ကန့်ကွက်ကြောင်း ပြောလိုသည်။

ရဲမွန်မြင့်

Read More...