ဒါပေမယ့် မျက်စိဖွင့်ပြီး ကြောက်နိုင်ဖို့ ကျွန်တော် ကျိုးစားနေတယ်။
ကျိုးစားမိတာလေးတွေ နည်းနည်း မျှချင်တယ်။ အနောက်နိုင်ငံတွေမှာ ကြီးပြင်း ပညာသင်ကြားနေတဲ့ သူတွေ အနေနဲ့တော့ အဆန်းမဟုတ်လောက်ပါ။ ဒါပေမယ့် ကျွန်တော့်လို ရွာမှာ ကြီးပြင်း၊ ပညာသင်၊ အလုပ်လုပ်ပြီး ခေါက်ရိုး ကျိုးနေသူတွေ ကတော့ ခံစားနားလည်ကြည့်လို့ ရမယ်ထင်တယ်။
ပထမဆုံး အတွေ့ အကြုံကတော့ ပြည်တွင်းထုတ် သတင်းဂျာနယ်တစ်စောင်က အင်တာဗျူးတာ။ ကိုယ့်ရှေ့ကို အသံဖမ်းစက်တိုးပြီး မေးခွန်းတွေ မေးခံရတုန်းက အသံကို မနည်းထိမ်းပြီး ပြန်ဖြေခဲ့ရတယ်။ နောက်တစ်ခါ ပြည်ပအသံလွှင့်ဌာန တစ်ခုက ကျန်းမာရေး ကိစ္စမေးတော့ တယ်လီဖုန်းနဲ့ ဗျူးရပြန်ရော။ တစ်ချို့ မိတ်ဆွေတွေကတော့ အသံလွှင့်ဌာနတွေနဲ့ မဆက်ဆံနဲ့၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ် စသည်ဖြင့် စိတ်ပူပြီး တားကြသေးတယ်။ ဒါပေမယ့် ကျွန်တော်ကလည်း ကိုယ့်အကြောင်းနဲ့ကိုယ်လေ။ ဘာမှန်းမသိတာကြီးကို တွေးကြောက်မနေချင်ဘူး။ တစ်ဆက်တည်းပဲ ဘလောက်စပြီး ရေးလာတယ်။ သာမာန်ပြည်သူ တစ်ယောက်အနေနဲ့ ကိုယ့်အမြင်အယူအဆ တွေကို လွတ်လွတ်လပ်လပ် ပြောရတဲ့ အရသာဟာ ဘာနဲ့မှ မတူပါ။ လောလောဆယ်ကို ဗီအိုအေ မြန်မာပိုင်းအစီအစဉ် က အိပ်ခ်ျအိုင်ဗီ နဲ့ လိင်အင်္ဂါအရေပြားဖြတ်ခြင်း အကြောင်း ဗျူးချင်တယ်ဆိုတော့ လက်ခံလိုက်တယ်။ နားထောင်ချင်ရင်တော့ ဒီကို နှိပ်ပါ။
်