Showing posts with label general. Show all posts
Showing posts with label general. Show all posts

Monday, September 19, 2011

Free at last

Now, I can post on my personal blog without requiring to use proxy servers. Free at last! I hope this will last long.


Hello ... again to all my cyber-friends.

YeMon

Read More...

Sunday, April 5, 2009

Cherry Blossom 2009

I would like to share you the photos that I took yesterday at National Cherry Blossom Festival 2009.



To see my album click the following link:

Cherry Blossom 2009

Read More...

Monday, March 9, 2009

Song bird

၉၊ ၃၊ ၂၀၀၉

ဥသြ အလွမ်း

အတန်းကျောင်းလည်းမက တက္ကသိုလ်လည်း မကျသည့် ဒီပတ်ဝန်းကျင်မှာ ဆယ်စုနှစ် တစ်ခု မက ကျင်လည်ခဲ့လေသည်။ ထမင်းမစား ဟင်းမစား အဆင့်ကနေ၊ ကျောင်းစစ် အတန်းတင် စာမေးပွဲတွေ၊ မြို့နယ်စစ် စာမေးပွဲတွေ၊ အစိုးရစစ် စာမေးပွဲတွေ စသဖြင့် တစ်ခုပြီး တစ်ခု ကျော်ဖြတ်ကာ ခြံစည်းရိုး တစ်ခုသာခြားသည့် တက္ကသိုလ်ကို ရောက်ခဲ့ရပြန်သည်။ ပုံမှန်အားဖြင့် ၃ နှစ်လောက်သာ နေရမယ့် တက္ကသိုလ်ကျောင်းမှာ မမျှော်လင့်သော ပိတ်ရက်များ (လများ ဆိုရင် ပိုမှန်မည်) ကြောင့် ၄ နှစ်ကျော် နေခဲ့ရသည်။ စုစုပေါင်း ၁၅ နှစ်လောက် နေခဲ့ရသည် ဆိုတော့လည်း အမှတ်ရစရာများက မနည်းပေ။

အစိုးရ အတန်းကျောင်း ကျောင်းသား ဘ၀တုန်းကတော့ ဖေဖော်ဝါရီ၊ မတ်လ များဟာ တစ်စနဲ့ တစ်စ ပူလာတဲ့ အပူဒဏ်နဲ့ အတူ စာမေးပွဲတွေကိုပါ ခေါ်ခေါ်လာတာပေါ့။ စာမေးပွဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ ဆိုတာထက် ပိုပြီး အမှတ်ထင်ထင် ရှိနေတာကတော့ အရိုးပြိုင်းပြိုင်း သစ်ပင်ကြီးတွေပေါ်ကနေ ဆွတ်ပျံ့တဲ့ ဥသြ တွန်သံပါပဲ။ အရွက်ကြွေတွေကြားမှာ စာသင်ခန်းရှိရာကို လမ်းလျှောက်သွားရင်ပဲ ဖြစ်ဖြစ်၊ မနက်ပိုင်းဖြေတဲ့ ဘာသာနဲ့ ညနေပိုင်းဖြေတဲ့ ဘာသာကြား ထမင်းစား နားရတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ စာမေးပွဲခန်းထဲမှာ အဖြေ စဉ်းစားရင်း ပြူတင်းပေါက်ကနေ ငေးမောရင်း ကြားရတဲ့ ဥသြသံက နားဝင်ချိုလွန်းလှပါတယ်။

တက္ကသိုလ်ရောက်တဲ့အခါ စာမေးပွဲတွေက အမြဲလို ရှိနေတတ်တော့ ငယ်ငယ်တုန်းက အတန်းတင် စာမေးပွဲတွေလောက် ရင်မခုန်တော့တာ အမှန်ပါ။ ဒါပေမယ့်လည်း ဧပြီလ ကျောင်းပိတ်ရက်ရှည် ရှိတော့ မတ်လ - ဒီရာသီရောက်ရင် ကျောင်းနဲ့ ခွဲရတော့မယ် ဆိုတဲ့ အလိုအလျောက် တုန့်ပြန်သိနေမှုကတော့ ပျောက်မသွားပါပေ။ ဥသြသံကလည်း အရင်လို ချိုသာဆွတ်ပျံ့နေဆဲပဲလေ။

ဒီအချိန်ဆို တီတီစီ ကျောင်းဝင်းထဲမှာ အရွက်တွေ ကြွေနေရော့မယ်။ ပင်အိုထက်က ဥသြတွန်သံတွေလည်း ရှိနေဦးမယ်လို့ ထင်ပါရဲ့။ သားစဉ်မြေးဆက် သာယာသံ ပေးနေမယ့် ဥသြငှက်လေးတွေကို ကမ္ဘာတစ်ဖက်ခြမ်းကနေ ကျေးဇူးတင်လိုက်ပါတယ်။

Read More...

Red eye

This is the name of a type of coffee available at my school's cafeteria. It may have been given after red eye flights - flights that leave or arrive after mid-night or very early in the morning. One part espresso and one part coffee. It is great to kick start on a Monday morning.

$2 for a short cup.

Read More...

Friday, June 27, 2008

What am I doing these days

၂၇၊ ၆၊ ၂၀၀၈

ရဲမွန် ဘာတွေ လုပ်နေလဲ

ချို ချင် ငံ စပ် ဖန် ခါး ....
တကယ်ကို ရသာ စုံနေပါတယ်။ ဘလောက်ဖက်တောင် မလှည့်နိုင်တာသာကြည့်။
  • တစ်ပတ်ခရီး ဆိုပြီး ခရီး သွားလိုက်တာ ၃ လ ကြာတယ်။
  • ကိုယ်က တပြည်တရွာ ရောက်နေတုန်း ကျောင်းတက်တဲ့ တိုင်းပြည်မှာ ငှားထားတဲ့ အခန်းက ရက်စေ့တော့ ပြောင်းပေးရတယ်။
  • ကိုယ့်တိုင်းပြည်ကို ဆိုင်ကလုန်းမွှေတော့ နိုင်ငံကူးလက်မှတ် ပြန်မရသေးလို့ မပြန်နိုင် ဖြစ်ရတယ်။
  • ပါရဂူသင်တန်းက ကာလကြာရှည် ကင်းကွာဖြစ်နေလို့ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။
  • ရှေ့နှစ်အတွက် ပညာသင်ဆု မပေးတော့ဘူးလို့ သိရတယ်။
  • ကုန်ကျစရိတ်က ပက်ပက်စက်စက် ထောင်းတယ်။

အခုတော့ တိမ်တွေကင်းလို့ နေမင်း သာစ ပြုလာပါပြီ ...
  • မကြာခင် အချိန်မှာ အိမ်ပြန်ရတော့မယ်။
  • နာဂစ်ကယ်ဆယ်ရေးနဲ့ အခြား လုပ်ချင်တဲ့ အလုပ်လေးတွေ လုပ်ခွင့်ရတော့မယ်။
  • ဝေးနေခဲ့တဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ တွေ့ရမယ်။

ဒါပေမယ့် အီးမေး၊ ဘလောက်၊ အင်တာနက်တွေ နဲ့တော့ ... မောင်စိန်ဝင်း (ပုတီးကုန်း) ၀တ္ထု အမည်ထဲကလို ...

ခပ်စိမ်းစိမ်းပဲ နေပါ့မယ် ....

အခြေအနေပေးရင်တော့ မေးတူဘလောက်လေး ဘာလေး လုပ်တာပေါ့လေ။ နောက်ဘလောက်ပို့စ်မှာ ဆုံကြဦးမယ်လေ ... ပျော်ပျော်ပါးပါးပေါ့။

ကျန်းမာရွှင်လန်းကြပါစေ ...

ရဲမွန်

Read More...

Friday, February 8, 2008

Helping someone to build a city

A friend of mine is desperate to build a city. If you like to help click the following links:

  1. http://myintmo.myminicity.com/
  2. http://myintmo.myminicity.com/ind
  3. http://myintmo.myminicity.com/tra
How it works is, if you click the first link, population of that city increases. If you click the second link, a factory is built. The third, improves the transport network. No pressure. It's up to you.

thanks for your help.

Read More...

Monday, December 31, 2007

New Year Wish 2008


အားလုံး
ပျော်ရွှင် အောင်မြင် ငြိမ်းချမ်းသော
နှစ်သစ် ဖြစ်ပါစေကြောင်း
ဆုမွန်တောင်းလျက်


ရဲမွန်

Read More...

Monday, December 17, 2007

Burmese Genealogical Terms

၁၈၊ ၁၂၊ ၂၀၀၇

ဗမာ ဆွေမျိုးစပ်နည်း

ဗမာ ဆွေမျိုးစပ်နည်းများမှာ အနောက်တိုင်း ဆွေမျိုးစပ်နည်းများနှင့် နှိုင်းယှဉ်လျှင် အတော်ပင် တိကျသည်ဟု ဆိုသော် ရနိုင်၏။ ဘိုလို “အန်ကယ်” (Uncle) ဆိုသည်မှာ မိခင် (သို့) ဖခင်၏ ညီ (သို့) အစ်ကို (သို့) မောင် တစ်ဦးဦး ဖြစ်နိုင်ပေသည်။ ဗမာလို ဆိုလျှင် “ဦးကြီး” ဟု ပြောလိုက်သည်နှင့် မိခင်၏ “အစ်ကို” မှန်း သိ၏။ ထို့အတူ “ဘဒွေး” ဟု ပြောလျှင် ဖခင်၏ “ညီ” မှန်း သိ၏။ ကွက်ကွက်ကွင်းကွင်း ရှိသည်။

ယနေ့ အင်တာနက် ခေတ်တွင် လူငယ်များ အနောက်တိုင်း ယဉ်ကျေးမှုကို လေ့လာ၊ လိုက်စား၊ ပြောင်းလဲ ကျင့်သုံးကြရာ၌ မိရိုးဖလာ ယဉ်ကျေးမှုများထဲမှ မှန်ကန်တိကျ အသုံးဝင်သော ကိစ္စများကို မပစ်ပယ်ကြစေရန် အလို့ငှာ ဤပို့စ်ကို တင်ပါသည်။

အဖေတူ အမေတူ သားသမီးများ

မိမိသည် အမျိုးသမီး ဖြစ်ပါက ...
မိမိထက် အသက်ငယ်သော ယောက်ျားလေး ဆိုလျှင် ... မောင်

မိမိသည် အမျိုးသား ဖြစ်ပါက ...
မိမိထက် အသက်ငယ်သော ယောက်ျားလေး ဆိုလျှင် ... ညီ

အမျိုးသား၊ အမျိုးသမီး မဟူ ...
မိမိထက် အသက်ကြီးသော မိန်းကလေး ဆိုလျှင် ... အစ်မ
မိမိထက် အသက်ကြီးသော ယောက်ျားလေး ဆိုလျှင် ... အစ်ကို
မိမိထက် အသက်ငယ်သော မိန်းကလေး ဆိုလျှင် ... ညီမ၊ နှမ

ဖခင်ဖက်မှ အမျိုးအဆွေများ

ဖခင်၏ အစ်မ ... ဒွေးကြီး
ဖခင်၏ ညီမ ... ဒွေးလေး
ဖခင်၏ အစ်ကို ... ဘကြီး
ဖခင်၏ ညီ ... ဘဒွေး

မိခင်ဖက်မှ အမျိုးအဆွေများ

မိခင်၏ အစ်မ ... ဒေါ်ကြီး
မိခင်၏ ညီမ ... ဒေါ်လေး
မိခင်၏ အစ်ကို ... ဦးကြီး
မိခင်၏ မောင် ... ဦးလေး

ဘိုး - ဘွားများ

ဖခင်၊ မိခင် တို့၏ အဖေအမေ ... အဘိုး(ကျား)၊ အဘွား (မ)
အဘိုး၊ အဘွား တို့၏ အဖေအမေ ... ဘေး (ကျား၊မ ခွဲပုံမရ)
ဘေး တို့၏ အဖေအမေ ... ဘီ (ကျား၊မ ခွဲပုံမရ)
ဘီ တို့၏ အဖေအမေ ... ဘင် (ကျား၊မ ခွဲပုံမရ)

မြေး - မြစ်များ

မိမိ၏ သားသမီးက မွေးသော ကလေးများ ... မြေး(ကျား)၊ မြေးမ(မ)
မိမိ၏ မြေးများက မွေးသော ကလေးများ ... မြစ် (ကျား၊ မ ခွဲပုံမရ)
မိမိ၏ မြစ်များက မွေးသော ကလေးများ ... တီ (ဟုတ်ကော ဟုတ်ရဲ့လား မသိပါဘူးဗျာ)
မိမိ၏ တီများက မွေးသော ကလေးများ ... တွတ် (ဟုတ်ကော ဟုတ်ရဲ့လား မသိပါဘူးဗျာ)

တူ - တူမများ

မိမိ၏ ညီအစ်ကို မောင်နှစ်မ များကမွေးသော ကလေးများ ... တူ(ကျား)၊ တူမ(မ)

ဝမ်းကွဲများ

ဖိုး-ဖွား ချင်း တူသူများ ... တစ်ဝမ်းကွဲ
ဘေး ချင်း တူသူများ ... နှစ်ဝမ်းကွဲ
ဘီ ချင်း တူသူများ ... သုံးဝမ်းကွဲ

အဖေနှင့် အမေ တစ်ဦးသာတူသော သားသမီးများ

အဖေတူ၊ အမေကွဲ ... အကို၊ မောင်၊ နှမ၊ ညီ၊ ညီမ
အမေတူ၊ အဖေကွဲ ... အကို၊ မောင်၊ နှမ၊ ညီ၊ ညီမ
(မှတ်ချက်။ ။ ဘိုလို ဆိုလျှင် ... half cousin ဟု တစ်မျိုးတည်းသာ သုံးသည်။)

အိမ်ထောင်အသစ် ထူထောင်ခြင်း

မိမိသည် အမျိုးသမီး ဖြစ်ပြီး နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသား၏ မူလ အိမ်ထောင်မှ ကလေးများမှာ ... လင်ပါ သား၊ သမီး

မိမိသည် အမျိုးသား ဖြစ်ပြီး နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသမီး၏ မူလ အိမ်ထောင်မှ ကလေးများမှာ ... မယားပါ သား၊ သမီး

မိမိ၏ မိခင်မှ နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသားမှာ ... ပထွေး

မိမိ၏ ဖခင်မှ နောက်အိမ်ထောင်ပြုပါက ...
ထိုအမျိုးသမီးမှာ ... မိထွေး

မိမိ အိမ်ထောင်ဖက်၏ အမျိုးအဆွေများ

အိမ်ထောင်ဖက်၏ အဖေအမေ ... ယောက္ခမ

မိမိသည် အမျိုးသမီးဖြစ်ပါက ...
ခင်ပွန်း၏ အစ်မ၊ နှမ ... ယောင်းမ
ခင်ပွန်း၏ အစ်ကို ... ခဲအို
ခင်ပွန်း၏ ညီ ... မတ်

မိမိသည် အမျိုးသား ဖြစ်ပါက ...
ဇနီး၏ အစ်မ ... မရီး
ဇနီး၏ နှမ ... ခယ်မ
ဇနီး၏ အစ်ကို၊ မောင် ... ယောက်ဖ

ဝန်ခံချက်။

စာရေးသူ ငယ်စဉ်က ဖတ်ဖူးသော “ဗမာဆွေမျိုးစပ်နည်း” (စာရေးသူအမည်မေ့၊ စာပေဗိမာန်က ထုတ်သည်ထင်) စာအုပ်ထဲမှ အကြောင်းအရာများ ကို မှတ်မိသရွေ့ ရေးသားခြင်း ဖြစ်ပါသည်။ စာရှုသူ မိတ်ဆွေအများ လိုအပ်ချက်များ တွေ့ရှိပါက ဖြည့်စွက်ပေးကြပါရန် ပန်ကြားလိုက်ပါသည်။

Read More...

Online Family Tree

၁၇၊ ၁၂၊ ၂၀၀၇

အင်တာနက်ပေါ်က ဆွေစဉ်မျိုးဆက် ဇယား

စာရေးသူ မိခင်ထံမှ အမွေရသော အကျင့်များထဲမှာ မိမိရဲ့ ဘိုးဘေးဘီဘင်တွေ၊ အမျိုးအဆွေတွေက ဘယ်သူတွေ ဆိုတာကို စိတ်ဝင်စားတာလဲ တစ်ခုအပါအ၀င်ပါ။ ငယ်စဉ်က စာအုပ်တစ်အုပ်နဲ့ ရေးမှတ်ဖူးပါတယ်။

ဒေတာဘေ့စ် ပရိုဂရမ်တွေ (database softwares) ကို လေ့လာဖြစ်တဲ့ အခါမှာတော့ ကွန်ပျူတာမှာ ဆွေစဉ်မျိုးဆက်ဇယား လုပ်နိုင်တယ်ဆိုတာ သတိထားမိပေမယ့် ကိုယ်တိုင် ပရိုဂရမ် မရေးတတ်တာက တစ်ကြောင်း အင်တာနက်မှာ အခမဲ့ သုံးလို့ရမယ့် ပရိုဂရမ်မရှိတာက တစ်ကြောင်းကြောင့် မလုပ်ဖြစ်ပါ။ ဒီအတိုင်း မေ့မေ့လျော့လျော့နဲ့ နေရင်းက လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ မျက်နှာစာအုပ် (facebook) ထဲက ကြော်ငြာလေးတစ်ခုကို သွားပြီး သတိထားမိပါတယ်။ အွန်လိုင်း ဆွေစဉ်မျိုးဆက်ဇယား ဆိုပဲ။ အတော် စိတ်ဝင်စားသွားပြီး လက်တွေ့ စမ်းသပ်ကြည့်ပါတယ်။


စာရေးသူက အစပျိုးပြီး အင်တာနက်နဲ့ အထိအတွေ့ရှိတဲ့ ဦးလေး၊ အဒေါ်တွေရဲ့ ဖြည့်စွက်မှုနဲ့ ၁၂ ရက်အတွင်းမှာ ဆွေမျိုးညာတက ၃၀၀ ကျော်လောက်ကို စာရင်းပြုစုပြီး ဖြစ်သွားပါတယ်။ အသေးစိတ် အချက်အလက်တွေ လိုနေသေးပေမယ့် ဆွေစဉ်မျိုးဆက် ဇယားက တော်တော် ရုပ်လုံးပေါ်လာပါပြီ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။

နိုင်ငံတကာမှာ ရောက်နေတဲ့ ဗမာတွေ မိမိတို့ အမျိုးအဆွေ အချင်းချင်း ဆက်သွယ်ဖို့၊ မျိုးဆက်သစ် ကလေးများ ၄င်းတို့ရဲ့ ဗမာ့အဆက်အနွယ်ကို လေ့လာနိုင်ဖို့ မှတ်တမ်းမှတ်ရာ ထားနိုင်သည့် ၀က်ဆိုဒ်ကောင်းတစ်ခု ဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။ သွားကြည့်မယ်ဆိုရင်တော့ ...



Read More...

Tuesday, December 11, 2007

A Bachelor, A Van , and A Child-seat

Bachelor

A man who is not married.

Van
It is a car with seven or so seats with at least one sliding door on the side. Much more like a TownAce or HighAce in Myanmar.

Child-seat
In the United States, it is mandatory to use child seats for children under 6 years of age or 40 pounds of body weight. We can neither let those children sit on driver's lap nor sit in the lover seat. I was surprised when I learned about that law because as a kid I used to sit on my dad's lap while he was driving. Besides, lover seat is the privilege spot in the car and only the VIP in the family is allowed to sit there.

But, there are reasons behind this child-seat law. Statistics showed that lover seat is the most dangerous place in a car followed by the driver seat. Why is that? Because drivers love themselves more so than their lovers who sit in lover seats. When accident happens, driver tries to save his/her own ass and it could inadvertently hurt the person in the lover seat more. Too bad, huh? Another fair reason is that driver has more time, though it may be a split of a second, than other passengers in the car right before the accident. So, s/he can prepare her/himself to a safer posture. On the contrary, the person in lover seat may be unaware of the situation and unprepared. As a result, s/he suffers more.

Then, air bags came along to save those beautiful souls. While air bags save lives, they can also hurt people. If it is a child, they can even kill. That's why kids are not allowed to sit in any of the front seats of a car.

They all come together
About a month ago, my friend's family arrived from Myanmar. Maung Min Thant is a bright and yet talkative 2 year old son of my friend. To pick him up from the airport I had to find a child-seat. We were fortunate that another friend of mine whose kids were grown up gave me a child-seat. From then on, that child-seat occupies my car's back seat. Then, the van came. A Burmese couple had their van broke down and they didn't want to bother fixing it. So, they said they would give it away. Me and two other friends decided to fix it though we were not so sure what would come next. Luckily, the car became usable after spending $600 or so. We swapped vehicles and I ended up using the van. My close friend - father of two - commented that even he didn't use a van because it is a trade mark (in the US) that you have many kids. OMG .... I didn't know that.

Now, I have a van with a child-seat in it. How could people believe that I am a bachelor? :(

Read More...

Wednesday, December 5, 2007

First Anniversary

၅၊ ၁၂၊ ၂၀၀၇

အခါလည် အတွေးစများကို လိုက်ဖမ်းခြင်း

ဒီနေ့ ဘာနေ့တုန်း။ ဟိုက် ... ဒီဇင်ဘာ ၅ ရက်။
ဟာ .. သွား .. ပါ .. ပြီ။ မနေ့က ဒီဘလောက် တစ်နှစ်ပြည့်တဲ့နေ့။
မေ့လျော့ခြင်းတွေနဲ့ ကိုယ်ပါလား။
ဘယ်မှာလဲ အခါလည် ကိတ်မုန့်နဲ့ ဖယောင်းတိုင်။ ကိတ်မုန့်ရှိလဲ ဘယ်သူမှမ မရှိတာ။ ဘာလုပ်မှာလဲ။ ဘလောက်ကလည်း ဖယောင်းတိုင်ကို ငြိမ်းအောင် မှုတ်နိုင်မှာမှ မဟုတ်တာ။
ဘာပဲ ဖြစ်ဖြစ် ဒါနဲ့ဆို ပို့စ် ၁၀၀ လည်း ပြည့်လေပြီ။
တစ်ပတ်ကို ပို့စ် နှစ်ခုနှုန်းကျပေါ့လေ။ ပျမ်းမျှခြင်း ရှာတာက အကျင့်ပါနေတယ်။
ကာဖီ သောက်ချင်လိုက်တာ။ ဗိုက်ထဲက တဂွီဂွီမြည်နေပြီ။ အပြင်ထွက်စားရင် ကောင်းမယ်။
ဒါနဲ့ အခုရက်ပိုင်း တော်တော်အေးနေတယ်။
သူများတွေ ဘယ်လောက် ထူထူဝတ်ကြလဲ အပြင်ကို ကြည့်လိုက်ဦးမှ။
ဟာ အပြင်မှာ နှင်းတွေ ကျနေပါလား။ ခပ်ဖွဲဖွဲပဲ။
မြေကြီးနဲ့ ထိတော့ နှင်းတွေ အရည်ပျော်ကုန်တယ်။ ဒါဆို ကားကို နှင်းထဲက ကော်ထုတ်စရာမလိုတော့ဘူး။
ဒီနှစ် နှင်း စောတယ်။ မနှစ်ကဆို ဖေဖော်ဝါရီလောက်မှ။
အဖြူရောင် ခရစ္စမတ် (White X-mas) ဖြစ်နိုင်တယ်။
အပြင်မသွားခင် အီးမေးလေး စစ်လိုက်ဦးမှပါ။
ဟော ကျမ်းပြုကြီးကြပ် ဆရာမ နဲ့ တခြား ပါမောက္ခတွေ ဆီက အီးမေးတွေက တစ်စောင်ပြီး တစ်စောင်။
တော်သေးရဲ့ နောက်ဆုံးတော့ ပါမောက္ခ ၇ ယောက် ဆီက ရက်ချိန်းရပြီ။
ဇန္န၀ါရီ ၉ ရက်နေ့တဲ့။
ဖြေရချေသေး။

ပထမဦးဆုံးပို့စ်လေးကို မဖတ်ဖူးတဲ့ ဘလောက် ဧည့်သည်များအတွက် ...


i started blogging on a cold winter day



I am such a late adopter since I am thinking of blogging six years after the blogging revolution begins. Anyway, I will try my best to blog.

I woke up early today and the first thing I remembered was I had to move my car from left side of the road to the right side of the road. There is a long story behind this ritual. The Baltimore City cleans the street in front of my house (ie. Calvert Street) on Mondays & Tuesdays. Thus, cars are not allowed to park on left side of the street on Mondays and right side of the street on Tuesdays. What would happen if you forgot and parked on the wrong side of the road on a particular day of the week? Simple. Fine of $ 42. Now, you may guess did I ever pay any fine. Yea, you are right. I had to pay fine some months ago. From then on, I add moving my car in my to do list.

Actually, what I really wanted to tell you today was it was a terribly cold day in Baltimore. Temperature is 32 degree Fahrenheit - yea , freezing point. I was too lazy to wear a shoe so I went out with a pair of flipflop (that's what Americans call our slippers) to move my car. It was freezing cold and I had to run back into my house. Hopefully we will see snow soon.

This weather reminds me of Min-Dat and Aye-Sa-Khan during our trips to Mt. Victoria. Wouldn't it be nice if we have snow in Aye-Sa-Khan? I wish.

Read More...

Wednesday, October 17, 2007

Changing car radiator

၁၇၊ ၁၀၊ ၂၀၀၇

ကား ရေတိုင်ကီ လဲခြင်း

စီးတော်ယာဉ်က ကိုယ့်ကို ပြန်စီးတဲ့အချိန်ပေါ့။ ကားတန်ဖိုးကတော့ သက်သာပါရဲ့ ထိခိုက်မှုအာမခံ နဲ့ ပြင်ဆင်စရိတ်ကတော့ ထောင်းလေတယ်။ လတ်တလော ပြဿနာကတော့ ကားရေတိုင်ကီ အပေါ်နားမှာရှိတဲ့ စွန်ကုတ်ကနေ ရေစိမ့်နေတာပါ။

ရွာမှာဆိုရင်တော့ ရွှေဝါ ဆပ်ပြာလောက်နဲ့ ကိစ္စပြီးပါတယ်။ ဒီမှာက ရွှေဝါဆပ်ပြာ ရှာမရဖူးလေ။ စက်ပြင်ဆရာက ရေတိုင်ကီ အသစ်လဲဖို့ အကြံပေးတယ်။ ခန့်မှန်း ကုန်ကျစရိတ် ဒေါ်လာ ၂၅၀ တဲ့။ ( မျက်လုံး နဲနဲ ပြူးသွား ) ဒါပေမယ့်လဲ သွားရင်းလာရင်း ကားထိုးရပ်သွားရင် ကရိန်းကား ခေါ်ဆွဲနေရမယ်။ ဒါဆို ကားဆွဲခ နဲ့ အရေးပေါ် ပြင်ခ အပိုထပ်ကုန်ဦးမယ်။ မဖြစ်သေးပါဘူး။ လဲဦးမှပါ။

သူငယ်ချင်းကြီးကတော့ မူလီ လေးလုံးလောက် ဖြုတ်ရမှာပဲ ကိုယ့်ဘာသာ လုပ်ပေါ့တဲ့။ ဟုတ်လောက်ပါတယ် လက်ခလဲ သက်သာမှာပေါ့။ ဈေးသက်သာတဲ့ ဆိုင်မှာ ပစ္စည်းရှာဝယ်ဦးမှပါ။ အင်တာနက်မှာ နာရီဝက်လောက် မွှေပြီးသကာလ လက်ကားဆိုင်တစ်ခုမှာ ၁၁၅ ဒေါ်လာ နဲ့ ရေတိုင်ကီ အသစ်တစ်ခုရတယ်။ ရေတိုင်ကီအသစ်ကို ဂိုဒေါင်မှာသွားယူ၊ ပြီးတော့ အိမ်နေရာကျယ်တဲ့ မိတ်ဆွေအိမ်ကိုသွား၊ နောက်သူငယ်ချင်းကြီး (သူက တကယ်ကြီး၏) တစ်ယောက်ကို ချောဆွဲပြီးသကာလ။ ဖြုတ်၊ ဖျက်၊ တပ် အစီအစဉ်ကြီး စပါတော့တယ်။

တကယ်လုပ်တော့ မူလီ လေးလုံးနဲ့မပြီးဘူး။ ရေတိုင်ကီအောက်မှာ ခံထားတဲ့ သဲကာ ပလပ်စတစ်ပြားကို ဖြုတ်ရတာနဲ့တင် တော်တော်ကြာတယ်။ မူလီ ၈ လုံး က သံချေးကိုက်နေတဲ့အပြင် မီလီမီတာဆိုဒ် ဖြစ်လိုက်၊ လက်မ ဆိုဒ် ဖြစ်လိုက်နဲ့။ ဒီကြားထဲ နပ်တစ်လုံးကလဲ လည်လိုက်နေတယ်။ နောက်ဆုံးမှာတော့ (WD-40 အားကိုးနဲ့) ရွှေဘ နိုင်တာပေါ့ ဘာရမလဲ။ ရေအ၀င်အထွက်ပိုက်နဲ့ ပန်ကာတွေကို ဖြုတ်ရတာတော့ လွယ်ပါတယ်။

ကိုင်း အပ်ချလောင်း .. လာလေရော့ ရေတိုင်ကီအသစ်။

ရေတိုင်ကီသာ ပြောတာ။ ရိုးရိုးရေ ထည့်လို့မရဘူး။ ရေခဲအမှတ်နိမ့်တဲ့ အီသိုင်လင်း ဂလိုက်ကော ရောထားတဲ့ ရေကိုထည့်ရပါတယ်။ ဒါမှလည်း ဆောင်းဝင်လာရင် ရေတိုင်ကီထဲမှာ ရေ ခဲမနေမှာ။

တစ်လက်စတည်း အင်္ဂျင်ဝိုင်နဲ့ ဆီစစ်ပါ လဲလိုက်ပါတယ်။ ဒါကတော့ လုပ်နေကျမို့ သိပ်မခက်ပါ။ အားလုံး လက်စသတ်တော့ ၄ နာရီလောက်ကြာသွားပါတော့တယ်။ ကိုယ်ဘာသာ လုပ်ပါလားလို့ အကြံပေးတဲ့ ဥာဏ်ကြီးရှင် သူငယ်ချင်းကတော့ မိုင် ၁၀၀ လောက်ဝေးတဲ့ နေရာမှာ နေသာသပ လေညာကပေါ့။

Read More...

Monday, September 24, 2007

Myanma Update News and Role of Blogs

၂၄၊ ၉၊ ၂၀၀၇

မြန်မာ့သတင်းဦးများ နှင့် ဘလောက်များ၏ အခန်းကဏ္ဍ

ယနေ့ မြန်မာနိုင်ငံ အခြေအနေကို သိနိုင်ရန် မြန်မာသတင်းဌာနများသာမက နိုင်ငံတကာ သတင်းဌာနများကပင် မြန်မာ ဘလောက်ဂါများနောက်ကို ကသောကမျော လိုက်နေရသည်။ အချို့က ဘလောက်ဂါကို ဓါတ်ပုံတောင်းသည့်သူကတောင်း၊ အချို့က မည်သည့်ဘလောက်တွင် ဖော်ပြထားသည်ကို ကိုးကားပါသည်ဟု ဆိုသူဆိုနှင့် ရှိကြသည်။

ဟုတ်မဟုတ် သင်ကိုယ်တိုင် ဖတ်ရှုကြည့်လိုပါက အောက်ပါ ဘလောက်များကို သွားရောက်ကြည့်ရှုရန် ညွှန်းဆိုလိုက်ရပေသည်။
http://www.ko-htike.blogspot.com/

http://mmedwatch.blogspot.com/

http://drlunswe.blogspot.com/

http://seinkhalote.blogspot.com/




Read More...

Sunday, September 2, 2007

Moving House

၂၊ ၉၊ ၂၀၀၇

အိမ်ပြောင်းပြီ

ယနေ့ အိမ်ပြောင်းသည်။ သိပ်ကား မဝေးလှ။ သုံးဘလောက်ခန့်သာဝေးသည်။

စင်ဒီ ဆိုသည့် အမေရိကန် အမျိုးသမီးကြီး တစ်ဦးပိုင်သော အိမ်တစ်အိမ်ပင်။ သူမ ပြောပြချက်အရ ထိုအိမ်ကို သူမ စပြောင်းလာသည့်အချိန်က ကျွန်တော်မွေးသည့် နှစ် နှင့် တစ်နှစ်တည်းပင် (အတော် ကြာလေပြီ) ။ အိမ်က ၁၅ ပေ၊ ပေ ၄၀ ခန့်ရှိမည့် သုံးထပ် ဖြစ်သည်။ အောက်ဆုံးထပ်တွင် ဧည့်ခန်း၊ ထမင်းစားခန်း နှင် မီးဖိုတို့ ရှိပြီး အလည်ထပ်တွင် အိမ်ရှင် အမျိုးသမီးကြီးနေလေသည်။ အပေါ်ဆုံးထပ်ရှိ အိပ်ခန်း နှစ်ခန်းကို အငှားထားလေသည်။

အိမ်ကား အတော်ပင် ထိမ်းသိမ်းထားသည့်ပုံရှိသည်။ ဧည့်ခန်း၊ ထမင်းစားခန်း နှင့် မီးဖိုတို့ကား ဖိတ်ဖိတ်တောက်နေသည်။ ခေတ်ပေါ် ပရိဘောဂများဖြင့်ကားမဟုတ်။ ရှေးလက်ရာ ပရိဘောဂများ ကုန်ကုန်ပြောရလျှင် ဂက်စ် မီးဖိုတောင် ရှေးရှေးတုန်းက ဂက်စ်မီးဖိုနှင့် ဖြစ်လေသည်။ သဘောကောင်းပုံရသော အမျိုးသမီးကြီးကား စည်းကမ်းလည်း ကြီးပုံရသည်။ ဤအိမ်တွင် ဘယ်လို ဆီသတ်ရပါလိမ့်။ ငပိရည်များ ကြိုမိပါက ခေါင်းနှင့် ဆင်းရကိန်းရှိသည် ဟု ဖာသာတွေးမိသည်။

ကျွန်ုပ်အိပ်ခန်းကား အနောက်ဖက်လှည့် ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် ၁၀ ပေ၊ ၁၅ ပေခန့် ရှိပေမည်။ ကုတင်၊ မွေ့ရာ၊ အိပ်ယာခင်း၊ စာကြည့်စားပွဲ၊ အစရှိသည် အစုံအလင် ရှိပြီးသားဖြစ်၍ အတော်ပင် စရိတ်ငြိမ်းလေသည်။ ရေချိးခန်း နှင့် အိမ်သာကိုကား တထပ်တည်းရှိ အခြား အိမ်ငှား တစ်ဦးနှင့် တွဲသုံးရပေမည်။ ပြဿနာတော့ မရှိလှ။ အခန်းအားလျှင် သုံးရုံသာ။

အိမ်ငှားခက တစ်လလျှင် ၆၇၅ ဒေါ်လာနှုန်းဖြစ်သည်။ ဘော်လတီးမိုး ထုံးစံအရဆိုလျင် အနည်းငယ်များသည်ဟု ဆိုနိုင်သည်။ သို့သော် ပရိဘောဂများပါဝင်ခြင်း၊ မီးဖိုချောင်ပစ္စည်းများသုံးခွင့်ရခြင်း၊ မီတာခ၊ ရေဖိုးများ မစီစဉ်ရခြင်း စသည်တို့က အတော်ပင် အလုပ်ရှုပ်သက်သာစေသည်။

အိမ်ပြောင်းရသည်ကတော့ သိပ်မသက်သာလှ။ မြန်မာပြည်မှ ရောက်စဉ်က ခရီးဆောင် သေတ္တာ နှစ်လုံးသာပါသော်လည်း၊ သုံးနှစ်ကြာလာပြီးနောက် စာအုပ်စာတမ်းများနှင့် ပစ္စည်းများက အတော် စုမိဆောင်းမိရှိလာသည်။ သို့သော် ကံကောင်းချင်တော့ သူငယ်ချင်းများက အခြားမြို့တစ်မြို့မှနေ၍ တကူုးတက လာပြီး ပြောင်းကူကြသည်။ တစ်ယောက်တည်းသာ ပြောင်းရမည်ဆိုပါက ခေါက်တုန့်ခေါက်ပြန် သွားရမည့် အခြေအနေရှိသည်။ တော်သေး၏။

ယနေ့တော့ ဤမျှသာ။

Read More...

Saturday, September 1, 2007

Burmese Hours

၁၊ ၉၊ ၂၀၀၇

မြန်မာ့ဓလေ့ အချိန်နာရီများ

မှတ်သားထားဖူးသည့် မြန်မာ့ဓလေ့ အချိန်နာရီ အခေါ်အဝေါ်များကို ဖော်ပြလိုက်ပါသည်။ မူရင်း အညွန်းကို စာပိုဒ် အောက်ဆုံးတွင်ကြည့်ပါရန်။

နာရီ

မြန်မာအခေါ်

နံနက်ပိုင်း

၆ နာရီ

နေထွက်စပြု

၈ နာရီ

နေထန်းတဖျား

၁၀ နာရီ

ဆွမ်းခံပြန်

၁၂ နာရီ

နေမွန်းတည့်

နေ့လည်ပိုင်း

၁ နာရီ

နေမွန်းတိမ်း

၂ နာရီ

နေစောင်း

၃ နာရီ

နေကျ

၎ နာရီ

နေစွယ်ကျိုး

၅ နာရီ

နေအေး

၅ နာရီခွဲ - ၆ နာရီ

နေ၀င်ရီတရော၊

နေ၀င်ချိန်ဆည်းဆာ၊

နေ၀င်ဖျိုးဖျ

ညနေပိုင်း

၆ နာရီသာသာ

အိပ်တန်းတက်

၈ နာရီ

သူငယ်အိပ်ဆိတ်

၁၀ နာရီ

သက်ကြီးခေါင်းချ

၁၁ နာရီ

လုလင်ပြန်

၁၂ နာရီ

သန်းခေါင်ကြက်

နံနက်အစောပိုင်း

၃ နာရီကျော်

ကြက်ဦးတွန်

၅ နာရီ

လင်းကြက်ဆော်



မူရင်းအညွှန်း

ကိုတံငါ
ကြယ်နီ၏ ၀တ္ထုတိုပေါင်းချုပ်
၁ သြဂုတ် ၂၀၀၁
ရာပြည့်စာအုပ်တိုက်

Read More...

Tuesday, August 28, 2007

School Life (1)

၂၈၊ ၈၊ ၂၀၀၇

ကျောင်းတုန်းက ဘ၀ (၁)

မွန်းသက်ပန် က တက်လာသည် “ကျောင်းတုန်းက ဘ၀” ခေါင်းစဉ်ဖြင့်ရေးသားရန် ဟူ၏။ ကစိုးထက် ကလည်း သူရေးပြီးကြောင်း ဆိုလာသည်။ အစက စမှ ဇာတ်ရည်လည်မည်။ စကြစို့ရဲ့။

အတန်း ။ ။ မူကြို
ကျောင်း။ ။ တီချယ်မေမေ မူကြို၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
ခုနှစ် ။ ။ ၇၀ ပြည့်လွန်နှစ်တစ်နှစ်

တီချယ်မေမေ မူကြိုစဖွင့်ရက်တွင် ကလေးများ၊ လိုက်ပို့သူ မိဘများ ပျားပန်းခတ်မျှ ရှိနေစဉ် ဆံပင်ကောက်ကောက် အသားညိုညိုဖြင့် ကောင်လေးတစ်ယောက် ဆူပုတ်ပုတ်ဖြင့် မူကြိုအခန်းထဲ ရောက်လာလေသည်။ ထိုကလေးကား စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်၏ နေ့သင့် နံသင့် ပေးထားချက်အရ “မောင်လှမွန်” မည်တွင်လေ၏။

ဆရာမက ကလေးများ စုံမစုံ စစ်ဆေးရန် နာမည် ခေါ်လေသည်။
“ခင်ချစ်ချစ်ချော”
“ရှိပါတယ်ရှင့်”
“ရဲမင်းပိုင်”
“ရှိပါတယ်ခင်ဗျာ့”
...
“မောင်လှမွန်”
..
“မောင်လှမွန်”
..

ကောင်ညိုလေးက မထူးပေ။ ဆရာမက လူသိနေသဖြင့် “ဟဲ့ .. မောင်လှမွန် နာမည်ခေါ်နေတာ ဘာလို့ မထူးတာလဲ” ဟု စိတ်မရှည်သံဖြင့် မေးလေသည်။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် မောင်လှမွန် မဟုတ်ဘူး ဆရာမ။
ဆရာမ။ ။ဟဲ့ .. ဒါ မင်းအမေ ပြောတဲ့ နာမည်ပဲ။ မောင်လှမွန် မဟုတ်ရင် မင်းနာမည် က ဘာတုန်း။
ကောင်ညိုလေး။ ။ ကျွန်တော့်နာမည် “ရဲမွန်မြင့်” ပါ။

ဆရာမ မျက်စိရော နားရော ရှုပ်သွားကာ ကောင်ညိုလေး အမေထံ စာရေးလိုက်လေသည်။

“ကလေး အမေရှင့် ... ကလေးမှာ နာမည် နှစ်မျိုးရှိလျင် ပြောစေလိုပါတယ်။ မူကြိုကျောင်းတွင် မည်သည့် အမည်ကို သုံးမည် ဆိုသည်ကိုလည်း တစ်ပါတည်း ပြောပါရှင့်။ ကလေးက သူ့အမည်ကို “ရဲမွန်မြင့်” ဟု ပြောနေပါတယ်။ ကျောင်းအပ် စာရင်းထဲရှိ အမည်မှာ “မောင်လှမွန်” ဖြစ်ပါတယ်။”

ဒါနဲ့ပဲ ... မိဘများ စုံစမ်း စစ်ဆေးရေး ၀င်ရလေသည်။

မိခင်။ ။ သား ... မင်းနာမည်က မောင်လှမွန်လေ။
ကောင်ညိုလေး။ ။ ဟာ .. အမေကလည်း ဒီ “မောင်လှမွန်” ဆိုတာကြီး မကြိုက်ပါဘူး။ အခြောက်နာမည်နဲ့တူတယ်။ ဒါကြောင့် ကိုယ့်ဘာသာ “ရဲမွန်မြင့်” လို့ ပြောင်းလိုက်တာ။
မိခင် (အံ့သြသွားဟန်ဖြင့်)။ ။ အဲဒီ နာမည်ကရော ဘယ်လိုရတာတုန်း။
ကောင်ညိုလေး။ ။ သား သူငယ်ချင်းတွေထဲမှာ “ရဲ” နဲ့ စတဲ့သူတွေရှိတယ်။ နောက်ပြီး အဲဒီ စာလုံးက ယောက်ျားဆန်တယ်။ ပြီးတော့ အဖေ့နာမည်က “မြင့်” နဲ့ဆုံးတော့ အဲဒီစာလုံးကို ယူလိုက်တယ်။ နကို နာမည်က “မွန်” ကိုတော့ ဆက်သုံးထားတယ်လေ။ “ရဲမွန်မြင့်” ဖြစ်ရောပေါ့။

နောက်ဆုံးမတော့ မိဘများ အလျော့ပေးလိုက်ရကာ ကောင်ညိုလေး၏ အမည်မှာ ယနေ့တိုင် “ရဲမွန်မြင့်” ဟု တွင်လေတော့သည်။

ဝန်ခံချက်

မိခင်၏ ပြန်လည် ပြောပြချက်ကို ရေးသားထားခြင်း ဖြစ်၍ တကယ့် အဖြစ်မှန်နှင့် ကွဲလွဲမှု အနည်းငယ် ရှိနိုင်ပါသည်။

Read More...

Thursday, August 2, 2007

U Nar Auk's Ship

၂၊ ၈၊ ၂၀၀၇

စဥ့်ကူးမင်း သင်္ဘော

ဗြိတိသျှ နယ်ချဲ့လက်ထက်တုန်းက ဧရာဝတီ သင်္ဘောကုမ္ပဏီကို သူနိုင် ကိုယ်နိုင် အပြိုင်ကျဲခဲ့တဲ့ မွန်သူဌေးကြီး ဦးနာအောက် ကို မှတ်မိကြဦးမလားတော့ မသိဘူး။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို သွားရင်း သူပိုင်ဆိုင်ခဲ့တဲ့ သင်္ဘော တစ်စီးကို တွေ့ရလို့ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ သင်္ဘောအမည်က စဥ့်ကူးမင်း။


Read More...

Tipping point (1) - why did i go to med-school?

၂၊ ၈၊ ၂၀၀၇

ဘ၀ တဆစ်ချိုး (သို့) ကျွန်ုပ် ဆေးကျောင်း တက်ဖြစ်ရခြင်း အကြောင်း

သင်သည် ပလက်ဖောင်းတစ်ခုပေါ်တွင် လမ်းလျောက်လာသည် ဆိုပါစို့။ ညာဘက်ဘေးတွင် အဆောက်အဦမြင့်မြင့် တစ်ခုရှိကာ ရှေ့နားတွင် ပလက်ဖောင်းက ညာဘက်သို့ ၉၀ ဒီကရီ ထောင့်မှန် ချိုးကွေ့သွားသည်။ ရှေ့တဆစ်ချိုးတွင် မြင်တွေ့ရမည့် မြင်ကွင်းမှာ သင် လောလောလတ်လတ် မြင်နေရသော မြင်ကွင်း နှင့် အကွာကြီးကွာကောင်း ကွာနေပေမည်။ တစိမ်းနယ်ထဲမှာ ဆိုလျင် ကြိုတင်မသိနိုင်။ ချိုးကွေ့လိုက်မှသာ မြင်ကွင်းသစ်၊ ပတ်ဝန်းကျင်သစ်ကို ဘွားကနဲ မြင်ရပေမည်။

ထိုကဲ့သို့သော အဖြစ်မျိုး လူတိုင်း ဘ၀တွင် ရှိကာ ဘ၀ တဆစ်ချိုး ဟု မည်တွင်လေသည်။

ကျွန်ုပ် မှတ်မိသော ဘ၀တဆစ်ချိုးများထဲမှ တစ်ခုကို ပြောလိုသည်။ ဆေးကျောင်း တက်ဖြစ်ခဲ့ရခြင်း အကြောင်းပင်။

အထက်တန်း ကျောင်းသားအရွယ်က အင်္ဂျင်နီယာ အလွန်ဖြစ်ချင်ခဲ့သည်။ တိတိကျကျ ဆိုရသော် အီလက်ထရွန်နစ် အင်္ဂျင်နီယာ ဖြစ်ချင်သည်။ ၁၀ တန်းတွင် စာကျက်ဖော်ကျက်ဖက် အခင်ဆုံး သူငယ်ချင်း တစ်ယောက်နှင့် ညှိနှိုင်းထားကြသည်။ ဆေးကျောင်းဝင်သည့် အမှတ် ရလျင်ပင် စက်မှုတက္ကသိုလ် (ယခင် အခေါ် - အာအိုင်တီ) ကိုပဲ တက်ကြမည် ဟူ၏။

သို့နှင့် ၁၀ တန်းစာမေးပွဲဖြေအပြီး မိဘများရှိရာ လွိုင်ကော်မြို့သို့ သွားနေရလေသည်။ အောင်စာရင်းထွက်ရန် လအတန်ကြာ စောင့်ဆိုင်းရလေရာ လွိုင်ကော်မြို့တခွင် ပြဲပြဲစင်အောင် လည်ရာပြန်စားခြင်း နှင့် အချိန်ကုန်လေသည်။

မိဘများကမူ သားသမီး နှစ်ဦးအနက် အနည်းဆုံး တစ်ဦးကိုတော့ ဆရာဝန် ဖြစ်စေလိုသည်။ ကျွန်ုပ်မှာ သားကြီးသြရဿ ဖြစ်ရကား ပထမဆုံးရွေးချယ်ရတော့မည်။ မိဘတို့ကား အလွန်အကျွံမတိုက်တွန်းစေကာမူ သူတို့ ဖြစ်စေချင်သည်မှာတော့ သိသာပါသည်။

သို့နှင့်ပင် အချိန်တို့ ကုန်မှန်း မသိကုန်ကာ ၁၀ တန်း အောင်စာရင်းများထွက်၊ အမှတ်စာရင်းများ သိရပါလေတော့သည်။ ဖြစ်ချင်တော့ ဆေးကျောင်းအမှတ်မီသည်။ ရန်ကုန်ဆင်းကာ တက္ကသိုလ်ဝင်ခွင့် လျောက်လွှာများယူပြီး လွိုင်ကော်သို့ ပြန်လာချိန်အထိ ဆုံးဖြတ်ချက်က အင်္ဂျင်နီယာပင်။

တညသ၊ သန်းခေါင်ကျော် တချက်တီးခန့်ရှိမည် ဗိုက်နာလွန်း၍ အိပ်ရာမှ လန့်နိုးလာ၏။ အစားမှား၍ ဗိုက်ရစ်သည်ထင်ကာ ခဏအောင့်အည်းနေသေးသည်။ ဘယ်လိုမှ မရ။ ပိုပို အောင့်ကာလာသည်။ သို့နှင့် မိဘများ အိပ်ခန်းတံခါးကိုသွားခေါက်ကာ ပြောရတော့သည်။ ဖခင်ဖြစ်သူက ဗိုက်ကို စမ်းသပ်ပြီး ဆေးတစ်လုံး ထိုးပေးလိုက်သည်။ ၅ မိနစ်မျှပင် မကြာလိုက် အောင့်နေ နာနေသည်များ ယူပစ်သလို ပျောက်သွားသည်။ သို့နှင့် ဆရာဝန် ဆိုတာ အတော်ကောင်းတာပဲ ... လူတွေ နာကျင်နေတာတွေကို ပျောက်အောင်ကုသပေးနိုင်တယ် ... တယ်နိပ်တာပဲ ... ဟု စိတ်ထဲတွင် ဘာသာ တွေးမိသည်။

ထိုအဖြစ်အပျက်လေး တစ်ခုကပင် ကျွန်ုပ်ကို ဆေးကျောင်းလျှောက်ရန် တွန်းပို့လေတော့သည်။

စကားချပ်
မည်မျှသေးငယ်သော ကိစ္စလေးပင် ဖြစ်စေကာမူ
ဘ၀ တဆစ်ချိုးကွေ့စေရန် အကြောင်းဖန်လာနိုင်ပေသည်။ (ကျွန်ုပ် နှင့် ညှိနှိုင်းထားသော သူငယ်ချင်းလည်း ဆေးကျောင်း တက်ဖြစ်လေသည်။ ဘာကြောင့်ဟူမူ မသိရ။)

Read More...

Wednesday, August 1, 2007

How do I post via email?

၁၊ ၈၊ ၂၀၀၇

အီးမေးလ် မှ တဆင့် ဘလောက် ဘယ်လို လုပ်ရပါ့

မြန်မာနိုင်ငံမှာ အင်တာနက်ရှိနေပြီ ဆိုညား အင်တာနက်ကို မိမိအိမ်ကနေ အလွယ်တကူ သုံးနိုင်သူတွေကတော့ ရှားပါးနေပါသေးတယ်။ သုံးနိုင်ရင်တောင်မှာ အမြန်နှုန်းက သိပ်မကောင်းသေးပါ။ ဒါနဲ့ပဲ ရုံးမှာ ဒါမှမဟုတ် အင်တာနက်ကဖေး တွေမှာ သုံးကြရတာများပါတယ်။ အင်တာနက် လွယ်လွယ်ကူကူ မရနိုင်လို့ ဘလောက်လုပ်လို့ မရတော့ဘူးလို့ မထင်စေချင်ပါ။ အစောပိုင်းမှာတော့ ဘလောက်ကို လိုအပ်သလို ပြင်ဆင်ဖို့ အင်တာနက် လိုတာ မှန်ပေမယ့် နောက်ပိုင်း ပို့စ်တွေ တင်ဖို့ရာ အီးမေးလ် ရှိရုံနဲ့ ဖြစ်ပါတယ်။ အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ် တင်နိုင်တဲ့ နည်းလမ်းကို နည်းနည်းပြောပြချင်ပါတယ်။

ပထမဆုံးအဆင့်တွေဖြစ်တဲ့ ဘလောက် ဒီဇိုင်းရွေးချယ်၊ မြန်မာဖောင့် ထည့်သွင်းနိုင်ရန်ပြုလုပ်၊ အခြား အပိုဆာဒါး ထည့်ချင်တာလေးတွေ ထည့်တာတွေကိုတော့ အကျယ်ချဲ့ မပြောတော့ပါ။ အခြားဘလောက်ဂါများ ရှင်းလင်းပြပြီးဖြစ်ပါတယ်။ ဒီအဆင့်ပြီးပြီဆိုရင် အီးမေးလ်ကနေတဆင့် ဘလောက်ပို့စ်တင်နိုင်ရန် ပြင်ဆင်ရပါမယ်။
  • Blogger ကိုဝင်ပြီးလျင် Settings ကနေတဆင့် Email tab ကို နှိပ်ပါ။ ဒီလိုမျိုး တွေ့ပါမယ်။



  • အဲဒီမှာ Mail-to-Blogger Address ဆိုတာကိုရှာပါ။ အဲဒီမှာ အီးမေးလ် လိပ်စာတစ်ခုဖြည့်ဖို့ ကွက်လပ်တစ်ခု ပေးထားပါတယ်။ နမူနာ အီးမေးလ် လိပ်စာကတော့ username.secretword@blogger.com ဖြစ်ပါတယ်။ အရှေ့ဆုံးက မိမိရဲ့ (ဘလောက်ဂါကို လော့ဂ်အင် လုပ်စဉ်သုံးသော) အမည်၊ ပြီးလျင် အစက် (full stop) တစ်ခု ခံပြီး မိမိ နှစ်သက်ရာ လျှို့ဝှက် စကားလုံးတစ်ခု ဖြည့်စွက်ပါ။၊ ပြီးလျင် အခြား အီးမေးလ် လိပ်စာတွေလို @ သင်္ကေတခံပြီး blogger.com နဲ့ အဆုံးသတ်ပါတယ်။ ဒါဆို အီးမေးလ်ကနေတဆင့် ဘလောက်ကို ပို့စ်တင်လို့ ရပါပြီ။
  • မိမိတင်လိုက်တဲ့ ပို့စ်ကို အင်တာနက်မှာ အလိုအလျောက် ပေါ်စေချင်တယ်ဆိုရင်တော့ publish ဆိုတဲ့ စကားလုံးနားက လေးထောင့်ကွက်ကလေးကို အမှန်ခြစ်ပေးပါ။
အီးမေးလ်ဖြင့် ပေးပို့ခြင်း
  • မိမိရေးလိုသော ပို့စ်ကို ရေးသားပါ။
  • အီးမေးလ်၏ subject လိုင်းတွင်ရေးသော ခေါင်းစဉ်မှာ မိမိပို့စ်၏ ခေါင်းစဉ်ဖြစ်သွားပါမည်။
  • အထက်တွင် ပြင်ဆင်ထားခဲ့ပြီးသော အီးမေးလ် လိပ်စာသို့ အီးမေးလ် ပို့နေကျအတိုင်းပို့ပါ။
  • မိမိ၏ပို့စ်မှာ ဘလောက်တွင် အလိုအလျောက် ပေါ်ပြီးသားဖြစ်နေပါမည်။
သတိပြုရန်
  • လျှို့ဝှက် စကားလုံးက အခရာကျပါတယ်။ အခြားသူ တစ်ဦးဦးက ဒီလျှို့ဝှက်စာလုံးကို သိသွားရင် မိမိ အမည်ကို အလွဲသုံးစားလုပ်ပြီး ပို့စ်တင်လို့ ရပါတယ်။
  • နောက်တစ်ချက်က တချို့ အီးမေးလ် တွေရဲ့ အောက်ဆုံးနားမှာ အလိုအလျောက် ထည့်သွင်းထားတဲ့ စကားစုများ (ဥပမာ - မိမိ၏ လိပ်စာ) ရှိတတ်ပါတယ်။ အဲဒီ စကားစုတွေဟာလည်း ဘလောက်မှာ သွားရောက်ပေါ်နေပါမယ်။ ဒီလို မပေါ်စေချင်ရင်ဖြင့် မိမိ ရေးပြီးသားပို့စ် ရဲ့ အဆုံးမှာ #end ကိုဖြည့်စွက်ပေးလိုက်ပါ။ ဒါဆို ဘယ်နေရာမှာ အဆုံးသတ်ရမလဲ ဘလောက်ဂါက သိပြီပေါ့။
  • အစုအဖွဲ့လိုက် ရေးသားသော ဘလောက်များ (joint-blog) တွင်လည်း ဤသို့ စီစဉ်ထားရှိနိုင်ပါသည်။ ဤအီးမေးလ် လိပ်စာသို့ ပို့သော စာတိုင်းမှာ မိမိအမည်ဖြင့် တင်သော ပို့စ်ဟု ပေါ်နေပေမည်။
  • အီးမေးလ်ဖြင့် ဘလောက်ပို့စ်တင်ရာတွင် လေဘယ် (label) များအလိုအလျောက်ထည့်သွင်း၍ မရပါ။ အင်တာနက် အသုံးပြုနိုင်သည့် အချိန်တွင်မှ ဘလောက်ဂါတွင် သွားရောက်ပြင်ဆင် ထည့်သွင်းရပါမည်။
  • မြန်မာစာ ဖြင့် ရေးသားမည် ဆိုပါက Word သို့မဟုတ် WordPad တွင် ရေးသားပြီးမှ ဖြတ်ညှပ်ကပ် (cut & paste) လုပ်ခြင်းက အီးမေးလ်ထဲတွင် တိုက်ရိုက် ရေးခြင်းထက် အဆင်ပြေပါသည်။
  • နောက်ဆုံးပေါ် Microsoft Word 2007 တွင်မူ ၄င်း ပရိုဂရမ် အတွင်းမှ နေ၍ တိုက်ရိုက် ပို့စ်တင်လို့ ရအောင် စီစဉ်ထားပါသည်။ အသေးစိတ် သိလိုက ဤနေရာတွင် ကြည့်ပါ။
စာကိုး

Blogger help တွင် ပါရှိသည့် “How do I post via Email?” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

အားလုံး အဆင်ပြေကြပါစေ။
မောင်ရဲမွန်


Read More...

Sunday, July 22, 2007

Why did I start blogging?

၂၂၊ ၇၊ ၂၀၀၇

ဘဇာကြောင့် ဘလောက် လုပ်ဖြစ်သနည်း

ကိုဝေက ဘလောက်ဂါနေ့အတွက် ရှေ့ကင်းထွက် ရေးခိုင်းလေသည်။ ဘဇာကြောင့် ဘလောက် လုပ်ဖြစ်ပါသလဲ တဲ့။ အမေးရှိက အဖြေ ရှိရပေမည်။ ရေးချင်လျက် မောက်စ်တို့ ဖြစ်လေပြီ။

စာရေးရာတွင် ရေးချင်လို့ရေးသူ နှင့် ပြောချင်လို့ရေးသူ ဟူ၍ နှစ်မျိုး ရှိသတတ်။ ကျွန်ုပ်ကား ဒုတိယ အမျိုးအစားတွင် အကျုံးဝင်လေသည်။ ဘဇာတွေ ပြောချင်သနည်းဟု မပြောမီ ကျွန်ုပ်အကြောင်းကို အနည်းငယ်ရှင်းအံ့။ သို့မှသာ စာရှုသူတို့ ဇာတ်ရည်လည်ပေမည်။

ကျွန်ုပ်၏ ပင်ကိုယ်သဘာဝကိုက Hub ( ကွန်ပျူတာများကို ချိတ်ဆက်ပေးသည့်ဗူး ) နှင့်တူသည်။ ကျောင်းမှ သူငယ်ချင်းများကို အိမ်မှ သူငယ်ချင်းများနှင့်၎င်း၊ အိမ်မှ သူငယ်ချင်းများကို အလုပ်မှ သူငယ်ချင်းများနှင့်၎င်း၊ အလုပ်မှ သူငယ်ချင်းများကို ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ခြေလျင်တောင်တက်အသင်းမှ သူငယ်ချင်းများ ကို နိုင်ငံခြားမှ သူငယ်ချင်းများနှင့်၎င်း၊ နိုင်ငံခြားမှ သူငယ်ချင်းများကို ကျောင်းမှ သူငယ်ချင်းများနှင့်၎င်း၊ ချိတ်ဆက်ပေးတတ်သော သဘောရှိသည်။ ထို့ကြောင့် ပြည်ပတွင် ကာလအတန်ကြာနေထိုင်ရစဉ် ထိုထိုဤဤသော မိတ်ဆွေ၊ သူငယ်ချင်းများ နှင့် ဆွေမျိုးများကို အဆက်အသွယ်ပြုရန် ကိစ္စကို တာဝန်ဝတ္တရား တစ်ခုအနေဖြင့် မြင်မိလေသည်။ သို့ရာတွင် ကျောင်းစာပိခြင်း၊ ဗာဟီရ များခြင်း၊ စာရေးပျင်းခြင်း အစရှိသည့် ပျင်းရိခြင်း အဖြာဖြာတို့ကြောင့် အဆက်အသွယ် နည်းပါးနေရာ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရလေသည်။

အတန်းကျောင်း တက်စဉ်အချိန်ကိုလည်း အနည်းငယ် ပြောလို၏။ ငယ်စဉ်တောင်ကျေး ကလေးဘ၀က သင်္ချာ၊ သိပ္ပံ အစရှိသည့် ဘာသာရပ်များတွင် မဆိုးလှသော်လည်း မြန်မာစာအတွက် ဆိုလျင် သင်ကြားသူဆရာ၊ သင်အံသူကျွန်ုပ်အပြင်၊ ချစ်လှစွာသော မိဘနှစ်ပါးသာမက ကြီးဒေါ်များပါ စိတ်ဒုက္ခကြီးစွာ ရောက်ကြရသည်။ စာစီစာကုံးကို အဖြစ်ရှိအောင်မရေးမူ၍ ဖြစ်၏။ ဆရာ၊ မိဘတို့ကား ကျွန်ုပ်ကို ခြောက်ချီတခါ မာန်ချီတလှည့်ဖြင့် စာစီကုံးခိုင်းကြသည်။ ဆရာတစ်ဦးဆိုလျင် ရည်းစားသညာ ထားပါမည့်အကြောင်း တိုက်တွန်းလေသည်။ သို့မှသာ ဖွဲ့နွဲ့သီကုံး ချယ်မှုန်းတတ်လာမည်ဟု ဆို၏။ ဒို့ကျောင်းသား စာစီစာကုံးများ အတွဲလိုက်ဝယ်၏။ ဆရာ ဂုဏ်ထူးဦးသိန်းနိုင်ပြောသလို မှတ်တမ်းစာအုပ်ထား၍ မှတ်သား၏။ ရေးခိုင်းသမျှ ရေး၏။ ရည်းစားသညာကား အဖြစ်မရှိခဲ့။ အမှန်ကား ဆရာကသာ ရည်းစားထားရန် တိုက်တွန်းနေသည် ဆရာ၏ အမျိုးသမီး (ဆရာ ကတော်) က ကျွန်ုပ်၏ ပိုက်ဆံအိတ်ထဲရှိ ဟိုမရောက် ဒီမရောက် မိန်းကလေးသူငယ်ချင်း ဓါတ်ပုံကို သိမ်းယူကာ ဆိုဆဲခဲ့သောကြောင့် နောက်တွန့်သွားခဲ့ခြင်းပင်။ သို့နှင့် ပထမနှစ် ဆေးကျောင်းသားသာ ဖြစ်လာသည် စာစီစာကုံး နှင့် အကျွန်ုပ်ကား ဆားနှင့်တီ ပမာ ရှိနေသေးသည်။ ပထမနှစ်လွန်မြောက်၍ မြန်မာစာ ကို သင်ကြားရန်မလိုတော့သောအခါ ၀မ်းမြောက်သည်မှာ ဆိုဖွယ်ရာမရှိ။

ကံကြမ္မာဘီးရဟတ် တပတ်ပြန်လည်လာတတ်သည်ကို ထိုအချိန်က သတိမထားမိ။ ငယ်သေးသည် မဟုတ်တုံလော။ ဘ၀ရထားကြီးကို စီးနင်းပြီးသကာလ တဘူတာပြီးတဘူတာ ကျော်ဖြတ်ကာ မဟာဘွဲ့ တက်ရန် အကြောင်းဖန်လာ၏။ ဤတွင် သံတူကြောင်းကွဲ ပြဿနာ ပြန်စတော့သည်။ ဘိုလို စာစီကုံးရခြင်းပင်။ နဂိုကပင် မရှိလေတော့ နဂိုင်းကလည်း မပြောင်ရောင်။ စာလုံးရေ ၅၀၀ ရှိသော စာစီစာကုံးရေးခိုင်းလျင် အမေရိကန်ကျောင်းသားများက စာလုံးရေ ၅၀၀ နဲ့ ဘာသွားရေးရမည်နည်းဟု စိတ်တိုနေချိန်တွင် ကျွန်ုပ်ကား စာလုံးရေ ၄၅၀ လောက်ကို ဖြစ်ဖြစ်မည်အောင် ရေးတင်ခဲ့ရသည်။ ရှေးဘ၀ကုသိုလ် လက်ကျန်လေးကြောင့် မဟာဘွဲ့လေးတော့ ရသွားခဲ့သည်။ စာအရေးရ လွတ်ပြီလားဆို မလွတ်သေးပါ။ ပညာလောဘကြောင့် ပါရဂူဘွဲ့တက်ဖို့ ဆုံးဖြတ်က ပြည်ပကို ရောက်ခဲ့ရပြန်သည်။

အခုမှ ဒုက္ခလှလှ တွေ့တော့သည်။ စာတွေပိုဖတ်ရသည်။ ပိုရေးရသည်။ စာလုံးပေါင်း သဒ္ဒါလည်း အမှားမခံတော့။ သြော် … အရင်ဘ၀က အမှတ်ခြစ်ကြမ်းသော ဆရာ ဖြစ်ခဲ့လေသလား။ ဘာသာတွေးမိသည်။ လောက် ဖြစ်မှတော့ မစင် ကြောက်နေလို့ မဖြစ်တော့ပြီ။ ဓါတ်ကြမ်းတိုက်မှ ရတော့မည်ဟု စိတ်အချဉ်ပေါက်လာသည်။

ထိုအချိန်မှာပင် မီးလောင်ရာလေပင့် ဆိုသကဲ့သို့ ပြောချင်လာသော အကြောင်းများကလည်း စုပုံလာသည်။ သူများပြောတာချည်း နားထောင်ခဲ့ရတာ ဆယ်စုနှစ်ပေါင်း အတော် (အတိအကျတော့ မပြောလိုတော့) ကြာခဲ့ပြီ။ ပြည်သူ့ကျန်းမာရေး ဘာသာရပ်အကြောင်း ပြောလိုသည်။ လူငယ်များ ၀ိုင်းဝန်းကျိုးစားကြပါမည့် အကြောင်း ပြောလိုသည်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်းများ ဆွေးနွေးလိုသည်။ အတင်းတုတ်လိုသည်။ ဟာသများ ဝေမျှလိုသည်။
ရောက်တတ်ရာရာ ရေးလိုသည်။

ပြန်၍ အနှစ်ချုပ်ရလျင် ဆွေမျိုး၊ မိတ်သင်္ဂဟများကို အဆက်အသွယ်လုပ်လိုခြင်း၊ စာစီစာကုံးအရေး လေ့ကျင့်လိုခြင်း၊ ရင်ထဲမှ စကားများကို ဖွင့်အန်ထုတ်လိုခြင်း စသည့် အကြောင်း သုံးပါးကြောင့် ဘလောက်ရေးဖြစ်လာရပါသည်။

အချပ်ပို

ဘာကြောင့် ဆက်ရေးဖြစ်နေသလဲ။ ကိုဝေကတော့ မမေးပါ။ ဒါပေမယ့် ကျွန်ုပ်ကား ရေးစရှိလျင် ရပ်၍ မရတော့ပြီ။ ပြောရပေဦးမည်။ ပြောခွင့်ပြုပါ။

ကနဦးတွင် ကျွန်ုပ်ဘလောက်က ပေါက္ခ၀ဿ ဘလောက် ဖြစ်၏။ မြင်စေချင်သူများကိုသာ မြင်စေပြီး၊ မမြင်စေချင်သူများကို မမြင်စေအောင် စီမံထားရှိခဲ့သည်။ သို့ရာတွင် မြင်စေချင်သူများက တော်တော်နှင့် လာရောက် မကြည့်ကြပြီ။ သူတို့ကိုလည်း အဆိုးမဆိုသာ။ စာစီစာကုံးရေးရန် တဆွေလုံးတမျိုးလုံး ၀ိုင်းတွန်းခဲ့ရသူတစ်ယောက်၏ ဘလောက်ကို မည်သည့် အကြောင်းသိသူက မော်နီတာ အပွန်းခံ၊ ဇက်ကြောအတက်ခံ၍ လာဖတ်မည်နည်း။ ဓမ္မတာပင်။

သို့နှင့် နည်းဗျူဟာပြောင်းရပြန်သည်။ လူတိုင်းဖတ်ရှုရနိုင်အောင် ပြုလုပ်သည်။ ဆီပုံးတွင် ကြော်ငြာဝင်သည်။ ဓါတ်စာ စာရင်း (Email list) (ဓါတ်မီး၊ ဓါတ်ရထား၊ ဓါတ်တိုင်၊ ဓါတ်မှန် … စသည်တို့ကဲ့သို့ ဓါတ်ဖြင့် ပြုလုပ်ထားသော စာ ဖြစ်သဖြင့် ဓါတ်စာ ဟု ခေါ်သင့်သည်။) ထဲတွင် ပါသမျှ မိတ်ဆွေများထံ ဓါတ်စာပို့ အကြောင်းကြားသည်။ မိမိဓါတ်စာ၏ အောက်ပိုင်းကျကျလောက်တွင် ခေတ်မီသူတိုင်း ဤဘလောက်ကိုကြည့်ကြသည် ဟု ရေးသည်။

ရလာဒ်ကား မဆိုးတော့ပြီ။ အကြောင်းမသိသူတို့၊ မျက်စိလည် လမ်းမှားကာ ရောက်လာသူတို့၊ မောက်စ် ကလစ်အလုပ်မြန်သူတို့ ၀င်ရောက်ဖတ်ရှုကြသည်။ ဖတ်ရှုသူအချို့ကား အားလုံးကောင်းပါသည်၊ နောက်မဆုတ်နဲ့ ကိုကံချွန်၊ ဆက်လုပ် ကိုယ့်လူ စသည်ဖြင့် အဆင်းဘီးတတ် မှတ်ချက်များ ပေးသွားသည်။ မနုဿဗေဒ ပညာရှင်တို့က ထိုမှတ်ချက်မျိုးသည် လူအချင်းချင်း ပလဲနံပ သင့်ရန် ပြောခြင်းမျိုးဖြစ်ကြောင်း၊ အတည်ယူ၍မရနိုင်ကြောင်း ဆို၏။ ပညာရှင်တို့ မည်သို့ဆိုစေကာမူ ကျွန်ုပ်ကား ဘလောက်ဂါများကို များစွာ ယုံကြည်လေးစားခြင်း ဖြစ်မိပြီး ရှိရကား ထိုမှတ်ချက်များကို အထူးဂရုပြုလေ၏။

ထို့ပြင်တ၀ အကောင်အထည်မပေါ်သော မိတ်ဆွေ များစွာ တိုးလာသည်။ ရှည်သည်၊ တိုသည်၊ ပိန်သည်၊ ၀သည်၊ ညိုသည်၊ ဖြူသည်၊ ဘာမျှ မသိမူလည်း စိတ်ဝင်စားမှုခြင်းတူသူ၊ မိမိရေးသားသည်ကို မှတ်ချက်ပေးသူ၊ အပြန်အလှန်ဆွေးနွေးသူ စသည်ဖြင့် ခင်မင်နှစ်လိုဖွယ် လူများစွာနှင့် သိကျွမ်းလာသည်။ ကျွန်ုပ် ငယ်စဉ်ကပင် မြန်မာပြည်ရှိ မြို့တိုင်း၊ နယ်တိုင်းတွင် ခင်မင်ရင်းနှီးသော မိတ်ဆွေ သူငယ်ချင်း ရှိလိုသည်။ ရှိရန်လည်း ကျိုးစားခဲ့သည်။ အတော်လည်း ရှိလာသည်။ ယခုမူကား တကမ္ဘာလုံးရှိ တိုင်းပြည်တိုင်းတွင် ခင်မင်သော မိတ်ဆွေ ရှိချင်လာသည်။ ဤ ဘလောက်သည်ကား ထိုရည်ရွယ်ချက်ကို ဆောင်ကျဉ်းပေးနိုင်ပေတော့မည်။ ကောင်းပေစွ။

ကျွန်ုပ်၏ မိဘနှစ်ပါး၊ ကြီးဒေါ်များ နှင့် မြန်မာစာ ဆရာ ဆရာမ အပေါင်းတို့အား ဤစာဖြင့် ကန်တော့အပ်ပါ၏။

Read More...