၂၁၊ ၄၊ ၂၀၀၈
ရိုင်းတဲ့ ရာဇ၀င်
ဆန်ဈေးကြီးမြင့်
ဆီဈေးဝင့်၍
သားငါးပါးရှား
ဤခေတ်တွင်ကား
မတတ်သာလို
ကျန်းမာပြိုသည်
ဆီမီးဘဝ
ငြိမ်းလေရကား
မကျေသော်တိ ဖြေသာ၏။
အိုဘယ့်ပေါသည့်
လှိုင်လှိုင်ရသည့်
လေမရှိမူ
သေရဟူက
ရာဇ၀င်ညစ်
စာတင်ရစ်ပြီ
ဖြေမဆည်ဘိ သေလွယ်၏။
ညီနောင်နွယ်ဖွား
ဗမာများတို့
လေမရ၍
နောက်ထပ်ကွယ်သူ
မရှိမူကြောင်း
ဆုမွန်တောင်းသည်
ရင်းစစ် ပြဿနာ ပြေလို၏။
တက္ကသိုလ်လှမွန်
ဆီဈေးဝင့်၍
သားငါးပါးရှား
ဤခေတ်တွင်ကား
မတတ်သာလို
ကျန်းမာပြိုသည်
ဆီမီးဘဝ
ငြိမ်းလေရကား
မကျေသော်တိ ဖြေသာ၏။
အိုဘယ့်ပေါသည့်

လှိုင်လှိုင်ရသည့်
လေမရှိမူ
သေရဟူက
ရာဇ၀င်ညစ်
စာတင်ရစ်ပြီ
ဖြေမဆည်ဘိ သေလွယ်၏။
ညီနောင်နွယ်ဖွား
ဗမာများတို့
လေမရ၍
နောက်ထပ်ကွယ်သူ
မရှိမူကြောင်း
ဆုမွန်တောင်းသည်
ရင်းစစ် ပြဿနာ ပြေလို၏။
တက္ကသိုလ်လှမွန်