Monday, February 12, 2007

How Big Is Your Fridge

၁၂၊ ၂၊ ၂၀၀၇


ရေခဲ သေတ္တာ ဘယ်လောက်ကြီး


ရောင်းရင်းတို့ရေ

ခင်ဗျားတို့မှာ ရေခဲသေတ္တာ ဘယ်လောက်ကြီးကြီးရှိကြလဲ။ ထင်းရှုးပုံးလောက်လား၊ အ၀တ်ဘီရိုလောက်လား၊ မော်တော်ကားလောက်လား။ အို ဘယ်လောက်ပဲ ဖြစ်ဖြစ် ကျုပ်ရဲ့ ရေခဲသေတ္တာ အရွယ် ကိုတော့ မီနိုင်မယ် မထင်။ ဦးစ (USA) တို့ တိုင်းပြည်မှာ အရာရာ တယ်ကြီးသကိုး။ ရေခဲသေတ္တာများ ဘယ်လောက်ကြီးသလဲ ဆိုရင် ဆင် ၁၀ ကောင်လောက် ၀င်ရင်တောင် ချောင်ချောင်ချိချိပဲ။ ယုံမလားတော့ မသိဖူး။ ကျုပ်မညာတာ တော့ အမှန်ပါ။ ဒါ့အပြင် အလွန့်အလွန် ကောင်းတဲ့ အချက်တစ်ခုက ကျုပ်ရဲ့ ရေခဲသေတ္တာ က လျှပ်စစ်မီး မလိုဖူး။

လင်းရမယ် ဆိုရင်တော့ ဒီလိုပါ။ ရာသီဥတုက အေးလွန်းတော့ အိမ် အပြင် မှာ ရေခဲ အမှတ်အောက် ရောက်နေလေရဲ့။ အိမ်ထဲမှာ တော့ အပူပေးစက်တွေကြောင့် ငရဲ ကျနေသလိုပါပဲ။ ဘိလပ်ရည် ပုလင်းတွေ အအေးခံချင်ရင် ဘာမှ စဉ်းစားမနေနဲ့ အိမ်အပြင်သာ ထုတ်ထားလိုက်။ အေးလွန်းလို့ ခဲတောင် ခဲသွားဦးမယ်။

ဆိုတော့ကာ . . .
အိမ်အပြင်ဖက်က ရှိသမျှနေရာ ကျုပ် ရေခဲသေတ္တာ ဖြစ်နေတော့တာပေါ့။

ကဲ ပြိုင်ကြီးကြဦးမလား။

Read More...

Union of Myanmar/Burma

၁၂၊ ၂၊ ၂၀၀၇


ညီနောင်တစ်စု တည်ထောင်ပြု ငါတို့ ပြည်ထောင်စု


လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က တောင်ပေါ်ဒေသလေး တစ်ခုမှာ သူ့ကို မွေးဖွားခဲ့တယ်။ လာခြင်းကောင်းခဲ့တဲ့ သူ - မွေးခါစ နို့နံ့ မစင်ခင်ကပင် အစည်းပြေနေတဲ့ ၀ါးတွေကို စုချည်ပေးခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံကို သူ့ကျွန် ဘ၀ ကနေ လွတ်မြောက်စေခဲ့တယ်။ ဒါကြောင့်လည်း သူ့မွေးနေ့တွေ ကို နိုင်ငံအနှံ့ ၀ှဲချီး ကျင်းပခဲ့ကြတယ်။ သူ့ အထိမ်းအမှတ် အလံကို တစ်နိုင်ငံလုံး လက်ဆင့်ကမ်းပြီး သယ်ဆောင် ဂုဏ်ပြုခဲ့ကြတယ်။

ကျွန်တော် ငယ်စဉ်က
သူ့ရဲ့ မူလ ရုပ်သွင်ကို အရမ်းတွေ့ဖူးချင်ခဲ့တယ်။ ဒါပေမယ့် မတွေ့ခဲ့ရ။ အထက်တန်းကျောင်းက သမိုင်းစာအုပ်တွေကလည်း သူ့အကြောင်းကို ဖော်ပြပေမယ့် သူ့ရဲ့ မူလရုပ်ကိုတော့ ဘာကြောင့်မှန်း မသိ လုံးဝ မပြခဲ့ပါ။

သူ့အသက် ၄၀ ကျော် နောက်ပိုင်းမှာ တော့ ဘ၀ စ လာတယ်လို့ ဆိုရမလား၊ အသက်ကြီးလာပြီး သူတာဝန် မကြေပွန်သေးတာ ကို လူတွေ သတိထားမိမှာ စိုးလို့လား မသိ၊ မွေးနေ့ကို သိုသိုသိပ်သိပ်ပဲ လုပ်တော့တယ်။ လူတွေလည်း သူ့အကြောင်းသိပ်မပြောကြတော့။ သူ့အကြောင်း ငယ်စဉ်က ဘယ်လောက်စွမ်းကြောင်း ကျယ်ကျယ်လောင်လောင်ပြောတဲ့ သူတွေပင် ခရီးရှည် ကို တစ်ကိုယ်တည်း နှင်နေကြရပြီ။

သူ့ရဲ့ သမိုင်းကြောင်းကိုပြန်ကြည့်တော့ လှတစ်ခါ၊ ဆိုးတလှည့်။ သူနဲ့ပတ်သက်ပြီး အငြင်းပွားခဲ့ရတာတွေ တုတ်တပြက် ဒါးတပြက် ဖြစ်ခဲ့ကြတာ တွေလည်း မနည်းတော့။ သူ့ကို ခုတုံးအလုပ်ခံခဲ့ရတဲ့ အကြိမ်တွေကလည်း များလှပေါ့။ သူ့ရဲ့ မိဘတွေသာ တမလွန် ဘ၀ကနေ လှမ်းကြည့်နိုင်မယ်ဆိုရင် ငါ့သားလေး ဘ၀ဆိုးလိုက်တာလို့ ပြောကြမလား မသိ။

သူကတော့ လောကဓံကို ကြံ့ကြံ့ခံရင်း လူတွေကို မြော်လင့်ချက် တွေပေးနေနိုင်တုန်း။ တစ်ချိန်ကလို ပြေနေတဲ့ဝါးတွေကို ပြန်လည် စုစည်းပေးဖို့ အင်အားမွေး နေတုန်း။ သူ့အသက်ကိုပင် သူမေ့ထားပုံရသည်။ တစ်ကယ်တွက်စစ်ကြည့်ရင် သူ့အသက် က အနှစ် ၆၀ ။ ကျွန်တော်တို့ နိုင်ငံ ရဲ့ အငြိမ်းစား ယူရမည့် အသက်အရွယ်ပင် တိုင်ခဲ့ပြီ။ ဒါနဲ့ပဲ သူ့ကို အငြိမ်းစား ပေးလိုက်ကြတော့မှာလား။

တစ်ချို့ နိုင်ငံတွေမှာ တော့ သူလိုလူမျိုးကို နှစ်ပေါင်း ၂၃၀ လောက် အထိ တာဝန်ပေး ခဲ့ပြီးတဲ့ အပြင် ဆက်ပြီးတောင် တာဝန်ပေးကြဦးမှာပါတဲ့။

သြော် သူ့နာမည်မပြောရသေးဖူး။ . . . ပင်လုံစာချုပ် . . . တဲ့။

နှစ်-၆၀ မြောက် ပြည်ထောင်စုနေ့ ကို ဤစာပိုဒ်ဖြင့် ဂုဏ်ပြုပါ၏။

Read More...

Friday, February 2, 2007

Wanna Read in Burmese?

Do you know that you can read my blogs written in Burmese without having Burmese font in your computer?

What is your internet browser? If the answer is

  • IE (Internet Explorer), then no problem, you should see this without doing anything.
  • Mozilla Firefox, you will need to install Zawgyi-One font in your computer.
  • Don't know, please look at the top most bar of the current window that you are opening and read what it says. You should have a clue from it.
Known Issues:
  • Sometimes, although you are using IE, you would only see squares instead of Burmese. This could be due to two reasons; first, you were using "freedom software" or similar proxy software, second, your computer network does not support "instant interpreting" function that I am using (firewall setting is too much restrictive).
Solutions to known issues:
  • If it was due to the first reason, simply turn off "freedom software", then, you should be ok. (or)
  • If it was due to the second reason, just kick the -ss of your IT person and let him/her fix the problem. (just kidding, don't do this unless you want a new job) (or)
  • For any reason, install Zawgyi-One font in your computer.
Issues that could arise from trying out the solutions:
  • Loose your job because you kicked the -ss of your IT person.
  • You have to challenge the senior management in order to reduce the unnecessary firewalls.
  • Downloading Zawgyi-One font takes a long time.
Solutions to above issues:
  • Easy way, learn how to read Burmese font in squares. :p
  • Surf away from this blog and send an flame email to the blogger. (you will loose the chance to read blogs with different flavors)
If you choose to install Zawgyi-One font
Enjoy reading Burmese.



Disclaimer: these are all suggestions. You may try them with your own risk. This blogger doesn't take any responsibility should you have an unintended direct effect or consequence that may arise from trying out solutions being mentioned herein.


Read More...

Wednesday, January 31, 2007

Vrey Inerretsnig Fcat

"Aoccdrnig to a rscheearch at an Elingsh uinervtisy, it deosn't mttaer in waht oredr the ltteers in a wrod are, the olny iprmoetnt tihng is taht frist and lsat ltteer is at the rghit pclae. The rset can be a toatl mses and you can sitll raed it wouthit porbelm. Tihs is bcuseae we do not raed ervey lteter by itslef but the wrod as a wlohe."

Read More...

Monday, January 29, 2007

iPass

This is nothing related to iPod, iTune, nor iPhone. I just simply wanted to tell you that i passed my car's emission test.

You heard me complaining about fixing my car's exhaust system. Well, today, I went for emission test. A few words from the emission test center justified my spending of 800 bucks to fix the car. Baltimore is the 6th most polluted city in the US. Because of this stringent emission testing system the State of Maryland rights off 70 tons of pollution everyday. Yea, 70 tons. I don't know how did they calculate it. If you want to know check it out at http://www.mde.state.md.us/

I breathed even more deeply to get my share of cleaner air. :)

Read More...