Showing posts with label nargis. Show all posts
Showing posts with label nargis. Show all posts

Thursday, January 21, 2010

The world is flat for LEAD

၂၁၊ ၁၊ ၂၀၁၀

LEAD အတွက်တော့ ကမ္ဘာကြီး ပြားလေပြီ

ရန်ကုန်


ရန်ကုန်က LEAD အဖွဲ့တွေက ရုံးချိန်မှာ လုပ်စရာရှိတဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ရုံးဆင်းခါနီး ဒါမှမဟုတ် ရုံးဆင်းအပြီး ရန်ကုန် ညနေပိုင်းလောက်မှာ လန်ဒန်က လူတွေဆီကို အီးမေးလ်နဲ့ ပို့ထားတယ်။ အချိန်က လန်ဒန်မှာ နေ့လယ်လောက် ဖြစ်နေပြီး အမေရိကား အရှေ့ဖက်ကမ်းမှာတော့ မနက် မိုးမလင်းသေးဘူး။

လန်ဒန်


လန်ဒန်က လူတွေက သူတို့ ရုံးချိန်အတွင်းမှာ LEAD အီးမေးလ်ကို ကမန်းကတန်းဖတ်၊ ချက်ချင်း အကြောင်းပြန်စရာရှိ ပြန်ပြီး သူတို့ ရုံးဆင်းချိန် (လန်ဒန်ရဲ့ ညနေခင်း) ရောက်တာနဲ့ LEAD အဖွဲ့ရဲ့ အလုပ်ကို စကိုင်ပါတယ်။ ဒီအချိန်မှာ အမေရိကား အရှေ့ဖက်ကမ်း (ဘော်လ်တီးမိုး၊ နယူးယောက်) မှာတော့ နေ့လယ် ဖြစ်နေပြီး ရန်ကုန်မှာတော့ သန်းခေါင်ကျော် တစ်ချက်တီး ရှိရောပေါ့။ အရှေ့ဖက်ကမ်းက လူတွေက ရန်ကုန်က ပို့ထားတဲ့ အီးမေးလ်နဲ့ လန်ဒန်က အကြောင်းပြန်ထားတာတွေကို ဖတ်ပြီး ဘာဆက်လုပ်ရမယ်ဆိုတဲ့ အခြေအနေကို ကြိုသိနေပါတယ်။

အရှေ့ဖက်ကမ်း (ဘော်လ်တီးမိုး၊ နယူးယောက်)


အဲ အမေရိကား အရှေ့ဖက်ကမ်းက လူတွေ ရုံးဆင်းချိန်လောက်ကျတော့ လန်ဒန်မှာလည်း ညဥ့်နက်နေပြီ။ လန်ဒန်က အဖွဲ့က လုပ်စရာရှိတဲ့ အပိုင်းလဲ ပြီးသလောက် ရှိနေပြီ။ အဆင်ပြေတဲ့အခါ လန်ဒန်နဲ့ အမေရိကား အရှေ့ဖက်ကမ်း အင်တာနက်ချက် ဖြစ်ဖြစ် ဖုံးဖြစ်ဖြစ်ပြော ဒါမှမဟုတ်လဲ အီးမေးလ်နဲ့ပဲ လန်ဒန်က လူတွေက အရှေ့ဖက်ကမ်းက လူတွေဆီ အလုပ်ကို ဆက်လွှဲပါတယ်။ အရှေ့ဖက်ကမ်းက လူတွေက ရုံးဆင်းချိန် ညနေပိုင်းလောက်မှာ သူတို့ဆက်လုပ်ရမယ့် အပိုင်းကိုလုပ် လက်စသတ်စရာရှိတာ လက်စသတ်ပြီး ည ၁၀ နာရီလောက်ကျတော့ ရန်ကုန်ကို အီးမေးလ်နဲ့ ပြန်ပို့ပါတယ်။ ဒီအချိန်ဆိုရင် ရန်ကုန်မှာ မနက် ၉ နာရီ ရုံးတက်ချိန် ရောက်ပြီပေါ့။ မနေ့က ရန်ကုန်က LEAD အဖွဲ့တွေ ရုံးဆင်းချိန်မှာ လန်ဒန်ကို ပို့ထားတဲ့ ကိစ္စက ဒီကနေ့ ရုံးတက်တော့ အီးမေး အင်ဘောက်စ်ထဲမှာ အဆင်သင့် ရောက်နေပါပြီ။

ကမ္ဘာကြီးကသာ တစ်ခြမ်းမှောင် တစ်ခြမ်းလင်း ဖြစ်နေတာ LEAD ကတော့ ၂၄ နာရီ လှုပ်ရှားနေတယ်လို့ ပြောရင် မမှားပါဘူး။ The world is flat for LEAD လို့လဲ ပြောလို့ ရနေပါပြီ။


ရဲမွန်

(စကားချပ်။ ။ LEAD ဆိုတာက Link Emergency Aid & Development လို့ ခေါ်တဲ့ နာဂစ်အပြီးမှာ ဖွဲ့ဖြစ်ခဲ့တဲ့ မြန်မာပြည်က လူမှုကူညီရေး အဖွဲ့တစ်ခုပါ။ စာရင်းစစ်တွေအတွက် လိုအပ်တဲ့ စာရင်းတစ်ခု လုပ်နေရင်း Thomas Friedman ရဲ့ The world is flat စာအုပ်ပါ အကြောင်းအရာနဲ့ တိုက်ဆိုင်နေလို့ စာစီထားလိုက်ပါတယ်။)


ဒီဖြစ်စဉ် တစ်ခုလုံးမှာ အသုံးပြုခဲ့တဲ့ ဆက်သွယ်ရေး နည်းတွေကတော့ …
  • ကွန်ပျူတာ
  • Windows & Microsoft Office
  • အင်တာနက်
  • အီးမေးလ်
  • Skype
  • Yahoo voice
  • Google voice, chat, talk, document
  • တယ်လီဖုန်း
  • စကင်နာ
  • ပရင်တာ
  • ဒါတွေကို ဘယ်လို သုံးရမယ် သိတဲ့ လူတွေ

Read More...

Thursday, July 16, 2009

MBEAN is now LEAD

၁၆၊ ၇၊ ၂၀၀၉

MBEAN အမည်ပြောင်းခြင်း

နာဂစ်အလွန် မြန်မာနိုင်ငံတွင် မွေးဖွားလာသော လူမှုကူညီရေး အဖွဲ့များထဲက တစ်ခုဖြစ်သည့် Myanmar/Burma Emergency Aid Network (MBEAN) သည် အမည်သစ်ဖြစ်သော Link Emergency Aid & Development (LEAD) ကို ပြောင်းလဲ သုံးစွဲနေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဝက်ဆိုဒ်လိပ်စာ အသစ် - http://www.lead-ngo.org

လိုဂိုမှာ



Read More...

Sunday, May 3, 2009

365 days and beyond

၃၊ ၅၊ ၂၀၀၉

၃၆၅ ရက် အလွန်

လူပေါင်း တစ်သိန်းကျော်ကို တစ်ညတည်းမှာ အသက်ဆုံးပါး စေခဲ့တဲ့ နာဂစ် ဖြစ်ခဲ့တာ ၃၆၅ ရက် ရှိပြီ။ အချိန်တစ်နှစ် ကြာသွားပြီဆိုတော့ အားလုံးမေ့မေ့ ပျောက်ပျောက်ပဲလား။

မဟုတ်ပါ။

မြန်မာနိုင်ငံတွင်းကရော နိုင်ငံ ပြင်ပကပါ စေတနာရှင်များက ဆက်လက် ထောက်ပံ့ကူညီ နေတဲ့အတွက် ကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ရှင်သန်နေဆဲပါလေ။

အောက်က ဗွီဒီယိုလေးကတော့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့များစွာထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး ကွန်ရက်အဖွဲ့ ရဲ့ မူလတန်းကျောင်း (တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း) ဆောက်လုပ် လှူဒါန်းမှု မှတ်တမ်းလေးပါ။ နတ်လူ သာဓုခေါ်နိုင်ကြပါစေ။





Read More...

Thursday, April 16, 2009

All people are equal ...

George Owell wrote in "Animal Farm" as follows:

"All animals are equal, some animals are more equal than others"

Harnlay -a cartoonist from the Irrawaddy magazine - illustruated vividly as follows:

Read More...

Friday, January 2, 2009

Htan Taw Primary School


၃၊ ၁၊ ၂၀၀၉


ထန်းတော မူလတန်းကျောင်း ဖွင့်ပွဲ


နာဂစ် မုန်တိုင်း ဒဏ်ကြောင့် ပျက်ဆီးသွားခဲ့သော ထန်းတော မူလတန်း ကျောင်း (ဒေးဒရဲ မြို့နယ်၊ ဧရာဝတီတိုင်း) ကို မြန်မာနိုင်ငံ အရေးပေါ် ကယ်ဆယ်ရေး ကွန်ယက်အဖွဲ့က အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ပြန်လည် တည်ဆောက်ခဲ့ပါသည်။


မူလတန်းကျောင်းဖွင့်ပွဲဖြစ်သော ယနေ့ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

Read More...

Thursday, September 18, 2008

Similar Yet Different ... Why?

Both countries were hit by tropical cyclones of similar strength in the same year. Yet, outcomes were quite different. Why?

Sr.CharacteristicNargisIke
(1)TypeCycloneHurricane
(2)CountryMyanmarUSA
(3)Wind Speed at Landfall135 mph110 mph
(4)Size (widest diameter)90 miles500 miles (about the size of Myanmar)
(5)Category at Landfall32
(6)Formation Date27 April 20081 September 2008
(7)Landfall Date2 May 200813 September 2008
(8)Population Affected7.4 million47.8 million
(9)Damage & Loss$ 4 billion$ 29.5 billion
(10)Damage & Loss (% of GDP)6%0.2%
(11)Death140,00049
(12)Fatality Rate (per million)18,9181


References

PONJA
Wikipedia
US Census Bureau
US Bureau of Economic Analysis

Foot note:
Hurricane Ike hit many other countries before it reached the US, however, this comparison looked at the Hurricane's strength and impact on the US only.

Estimate of population affected was based on population in the county and state that declared state of emergency and reported damage due to hurricane.

Read More...

Monday, June 9, 2008

Rice Bag Drive


တာပေါင်ပြင်ရန် ဆာလာအိတ် အလှူခံခြင်း

မိမိ၏ မီးဖိုချောင်မှ သိပ်အသုံးမ၀င်လှသော အိတ်ခွံ တစ်ခုသည် မုန်တိုင်းဒဏ်ကြောင့် ကျိုးပျက်သွားသော တာပေါင်ကို ပြင်ဆင်ရာတွင် အလွန်အသုံးတဲ့ကြောင်း သင်သိပါသလား။ အောက်တွင် ဆက်လက်ဖတ်ရှုပါ။



ရက်စွဲ။ ။ ၈-၆-၂၀၀၈

MBEAN (Myanmar/Burma Emergency Aid Network) အဖွဲ့သည် ဒေးဒရဲမြို့နယ်တွင် မုန်တိုင်းလွန်ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး ကိစ္စများ၌ တပိုင်တနိုင် အကူအညီပေးလျှက်ရှိပါသည်။ ဒေးဒရဲမြို့နယ် အရှေ့ခြမ်းရှိ နှာခေါင်းချောင်း၊ က၀က်ချောင်းကြီး၊ က၀က်ရေကံချောင်၊ ကြပ်စဉ်ပျို့၊ တမာတကော၊ တိုး၊ ကျုံကနိ၊ ဦးတို၊ ဆူးကလပ်၊ ရှမ်းကန်၊ တော်ချိုက်၊ ကျုံဒက်၊ မရမ်းအနောက် ကျေးရွာအုပ်စုများသည် တောင်ဘက်တွင် ပင်လယ်၊ အရှေ့ နှင့် မြောက်ဖက်တွင် တိုးမြစ်၊ အနောက်ဖက်တွင် သံဒိမြစ်တို့ဖြင့် ၀န်းရံထားခြင်း ခံရသည့် ကျွန်းပေါ်တွင် တည်ရှိသည်။ ဒီရေတက်ချိန်တွင် လယ်မြေများအတွင်း ပင်လယ်ရေ ၀င်လာတတ်သောကြောင့် ကျွန်းပတ်ပတ်လည် တွင် အမြင့် ၈ ပေ၊ အကျယ် ၁၆ပေ ရှိ တာရိုး ၉ မိုင်ကျော်ခန့်ဖြင့် ပတ်ကာ တားထားရသည်။

နာဂစ်မုန်တိုင်းကြောင့် တာရိုးအရှည် ၉ မိုင်ကျော် တလျောက် ၁၇ နေရာခန့်ကျိုးပေါက်သွားခဲ့သည်။ ထို့ကြောင့် ပင်လယ်ရေများ ဒလဟော ၀င်ကာ လယ်မြေဧက သောင်းချီ၍ ဆားငန်ရေ ဖုံးလွှမ်းခဲ့သည်။ မုန်တိုင်းအပြီးတွင် ရေအထိုက်အလျောက် ကျသွားသော်လည်း တာကျိုးပေါက်နေသော နေရာများမှ ပင်လယ်ရေ တက်မြဲ တက်လျက် ရှိနေသည်။ ထို့ကြောင့် ဤကျေးရွာများရှိ လယ်သမားများမှာ လယ်ပြန်လည် ထွန်ယက်လိုသော်လည်း ၀ါဆိုလပြည့်အမှီ ပျိုးကြဲနိုင်ရန် တာကို အမြန်ဆုံးဖို့ရန် လိုအပ်လာပေသည်။ ထိုသို့ဖို့ရန် ရေကျချိန်များဖြစ်သော ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း နှင့် ဇွန်လ ၂၅ ရက်မှ ၂၉ ရက်အတွင်းသာ လုပ်ဆောင်နိုင်ပေသည်။

ကျေးရွာအုပ်စုများမှ ရပ်မိရပ်ဖများ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ တိုင်ပင်ဆွေးနွေးကာ တာရိုးပြန်လည်ဖို့ရေးကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်ရန် ဆုံးဖြတ်ကြသည်။ MBEAN အဖွဲ့မှလည်း မိမိတို့ တတ်နိုင်သလောက် လှူဒါန်းရန်ရှိပါသည်။ သို့ရာတွင် အောက်ပါပစ္စည်းများ ထပ်မံ လိုအပ်နေပါသေးသည်။
  • ဆာလာအိတ်ခွံ ၁၀၀၀၀၀ (၃၀၀၀၀ အတွက် ငွေသားအလှူခံ ရရှိပြီးဖြစ်သည်။)
  • ၀ါး
  • ၀ါးကပ်
  • သံ

စာရှုသူများအနေဖြင့် မိမိတို့အိမ်ရှိ အသုံးမလိုတော့သော ဆာလာအိတ်ခွံ (အဟောင်း၊ အသစ်) များကို အောက်ပါလိပ်စာတွင် နေ့လယ် ၁ နာရီမှ ညနေ ၇ နာရီအတွင်း လာရောက် လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။



လိပ်စာ။ ။ ၂၄၈ ဆိပ်ကမ်းသာလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
အီးမေးလ်။ ။ mbean@ngoinmyanmar.org


Read More...

Sunday, May 25, 2008

New Roof?

၂၅၊ ၅၊ ၂၀၀၈

ရှေ့ကဖြင့်လုံပါရဲ့ ...

နိုင်ငံ့ ကိုယ်စားပြု သတင်းစာကြီးက အောက်ပါ ဓါတ်ပုံကို ဖော်ပြလေသည်။ ရှေ့ပိုင်း သွပ်မိုး အသစ်မိုးထားပေမယ့် နောက်မှာတော့ ဟောင်းလောင်းဖြစ်နေတာ မြင်သူကလည်း မြင်တတ်သည်။ စာရေးသူကတော့ လက်ဆင့်ကမ်းရုံမျှသာ။ စိတ်ထဲကတော့ “သြော် ... တတ်လည်း တတ်နိုင်ကြပါပေ့” လို့သာ ...


Read More...

Wednesday, May 21, 2008

Burma Viral

I am so touched by this MTV clip.


Find more videos like this on AdGabber

"To the peace loving people of Burma, we support you in this time of crisis. From your friends around the world."

Read More...

Thursday, May 15, 2008

Humanitarian Information Center

လူမှုကူညီရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဖြူးရာ နေရာများ

ပထမဆုံး ဖော်ပြထားသည့်လင့်မှာ မြန်မာနိုင်ငံ၏ လက်ရှိတွေ့ကြုံနေရသော မုန်တိုင်းဒဏ် ကယ်ဆယ်ရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ဆောင်ရွက်နေသည့် ကိစ္စများ၊ လေ့လာရန် စာအုပ်စာတမ်းများ စသည်တို့ကို ပြည့်စုံစွာ စုစည်းပေးထားသော ၀က်ဆိုဒ်ကောင်းတစ်ခု ဖြစ်ပါသည်။ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ၊ အဖွဲ့အစည်းများအတွက် အလွန် အသုံးကျမည့် သတင်းအချက်အလက်များ ရရှိနိုင်ကြောင်း လက်တို့လိုက်ပါသည်။

ဆက်လက်ဖော်ပြထားသော လင့်များမှာ မြန်မာပြည်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း သတင်း အချက်အလက် ရရှိနိုင်သော နေရာများဖြစ်ပါသည်။

  1. http://myanmar.humanitarianinfo.org/
  2. http://yangon.unic.org
  3. http://www.humanitarianreform.org/
  4. http://www.reliefweb.int

လင့်ဝေမျှပေးသော ရွှေဂျမ်းကို ကျေးဇူးတင်ပါသည်။

Read More...

Wednesday, May 14, 2008

How we survived

၁၄၊ ၅၊ ၂၀၀၈

ဘယ်လိုလွတ်လာသလဲ

ယူကျုမှ ဗီဒီယိုတစ်ခုကို ကြည့်မိပါသည်။ လပွတ္တာ အနီးရှိ ရွာတစ်ရွာမှ လူငယ်တစ်ဦး၏ ကိုယ်တွေ့ ပြောပြချက်များ ဖြစ်ပါသည်။ အပေါ်အင်္ကျီ မပါ၊ ပုဆိုး ခါးတောင်းကျိုက်ဖြင့် လူငယ်က လက်ဖက်ရည်ဆိုင် ခွေးခြေပုလေးတွင် ထိုင်နေသည်။ ဗီဒီယို ရိုက်နေသူက မေးမြန်းနေပုံရသည်။
မေးမြန်းသူ။ ။ အကို ဒီဒဏ်ရာတွေက ဘာဖြစ်တာလဲ။
ဘေးမှ လူတစ်ဦး။ ။ ပွန်းတာပေါ့ သစ်ပင်ပွန်းတာပေါ့ သစ်ပင် ဖက်ထားတာ။ သူလည်း မယား နဲ့ သား ပါသွားတာပေါ့။
လူငယ်။ ။ ကလေးလေး တစ်ယောက်ကတော့ ပါးစပ်ကိုက်ထားတာ။
မေးမြန်းသူ။ ။ သြော် .. ကလေးတစ်ယောက် ပြန်ရတယ်။
လူငယ်။ ။ (ခေါင်းငြိမ့်လျက်) ရတယ်။ ပါးစပ်ကိုက်ထားတာ။
မေးမြန်းသူ။ ။ အကို မိသားစု ဘယ်နှစ်ယောက် ရှိလဲ။
လူငယ်။ ။ လေးယောက်။
မေးမြန်းသူ။ ။ အခု ဘယ်နှစ်ယောက်ပဲ ပါလာလဲ။
လူငယ်။ ။ နှစ်ယောက်ပဲ ပါလာတာပေါ့။
မေးမြန်းသူ။ ။ နှစ်ယောက်က သေတယ်ပေါ့။
လူငယ်။ ။ နှစ်ယောက်က သေတယ်။

ထိုလူငယ်တွင် မိသားစု လေးဦး ရှိသည့် အနက် ဇနီး နှင့် အခြား ကလေး တစ်ဦး ဆုံးပါးခဲ့သည်။ ၄င်းကိုယ်တိုင်ပင် သစ်ပင်ကို တွယ်ဖက်ထားရင်း ကလေးငယ်ကို ပါးစပ်ဖြင့် ချီထားနိုင်၍ နှစ်ဦးသား အသက်ရှင်လာကြခြင်းပင်။

မိမိ ထူးထူးခြားခြား သတိထားမိသည်မှာ ဤမျှ ကြမ်းတမ်းလှသည့် လောကဓံအဖြစ်အပျက် ကို တည်တည်ငြိမ်ငြိမ် ဖြေကြားသွားနိုင်သည့် လူငယ်၏ အမူအယာကိုပင်။ သူ့ကို ကြည့်ရသည်မှာ မုသားပြောနေသည့် လူတစ်ဦးနှင့် မတူ။ ဖြစ်ရပ်မှန် သတင်းပို့နေသည့် သတင်းထောက်နှင့်သာ ပို၍ တူနေသည်။ လူပုံကမူ သတင်းထောက် တစ်ယောက်နှင့်လည်း မတူပြန်။ တကယ့် တောသူတောင်သား တစ်ယောက်ဟန်ပန်။ ထို့ကြောင့် ဟန်ဆောင် ပြောကြားနေခြင်း မဟုတ်မှန်း သိသာလှသည်။ ဒါဆို .. သူဘာကြောင့် တည်ငြိမ်နေသနည်း။ စာရှုသူ မည်သို့ ထင်ပါသနည်း။ ဗီဒီယိုကို ကြည့်ချင်ပါက ဤလင့်ကို နှိပ်ပါ။

Read More...

Saturday, May 10, 2008

Township Relief Committee

၁၀၊ ၅၊ ၂၀၀၈

မြို့နယ်ကယ်ဆယ်ရေးကော်မတီ

လေဘေးဒဏ်သင့် မြို့နယ်များတွင် မြို့နယ်ကယ်ဆယ်ရေးကော်မတီများ ဖွဲ့စည်းထားရှိသည်ဟု သိရပါသည်။ မိမိတို့ လှူဒါန်းမည့် ပစ္စည်း၊ အစားအစာ၊ ရေတို့ကို ထို ကော်မတီများမှ တဆင့် လှူဒါန်းနိုင်သည်ဟု လည်း သိရှိရပါသည်။ သို့ရာတွင် ကော်မတီနှင့် ကြိုတင် ညှိနှိုင်းထားခြင်း မပြုပဲ အလှူပစ္စည်းများ ယူဆောင်ပြီး သွားရောက်ပါက ကိုယ်ထိလက်ရောက် လှူရန် အခက်အခဲ အနည်းငယ် ရှိတတ်ပါသည်။

ထို့ကြောင့် ကယ်ဆယ်ရေး ကော်မတီများ နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ပါရန် အကြံပြုပါသည်။

Read More...