Saturday, November 29, 2008

They can because ...

၂၉၊ ၁၁၊ ၂၀၀၉

သူတို့ အောင်မြင်ကြပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ...

ကြာတော့ ကြာခဲ့ပြီ .. ဒါပေမယ့် စိတ်ထဲမှာ အမှတ်ထင်ထင် ရှိနေခဲ့တဲ့ ပန်းချီကား နဲ့ စာသားလေး တစ်စုံပါ။ ပန်းချီကားက ငှက်ကလေး နှစ်ကောင် တိမ်ဖြူတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေတဲ့ ကောင်းကင်ပြာမှာ ပျံနေပုံ ကို သရုပ်ဖော်ထားတယ်။ အင်မတန် ရိုးစင်းလွန်းတဲ့ ပန်းချီလေးပါ။ ပန်းချီကား အောက်က စာသားလေးက
"They can because ... they think they can"

အနီးစပ်ဆုံး ပုံကို ပြပါဆိုရင် အင်တာနက်က ရှာဖွေတွေ့ရှိတဲ့ အောက်က ပုံလေးကို ပြရလိမ့်မယ်။


Photo credit: http://www.hep.man.ac.uk/u/christina/Elba.html

ဒီပန်းချီကားလေးကနေ အတွေး နယ်ချဲ့မိသွားပုံက ဒီလို ...
ဒီငှက်ကလေး နှစ်ကောင် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကို ဖြတ်ပျံနေတယ် လို့ မြင်ယောင်ကြည့်မိတယ်။ သူတို့ နောက်ဆုံးမြင်ခဲ့တဲ့ ကမ်းခြေကို ဖြတ်ကျော်ခဲ့တုန်းက တို့တတွေ နောက်ကမ်းခြေအထိ ပျံမှ ပျံနိုင်ပါ့မလား ... လို့ သူတို့ စိတ်ထဲမှာ သံသယတောင် ရှိခဲ့ပုံမပေါ်ဘူး။ အဆုံးမှာလည်း သူတို့ ရောက်ချင်တဲ့ နေရာကို ရောက်သွားတယ်လို့ ခံစားကြည့်မိတယ်။

ဒါနဲ့ တဆက်တည်း တက္ကသိုလ် ပထမနှစ်မှာ သင်ခဲ့ရတဲ့ “ဆန္ဒစွမ်းရည်” ဆိုတဲ့ စကားပြေ တစ်ပုဒ်ကို သတိရမိသွားပြန်တယ်။ စကားပြေ ရဲ့ ဆိုလိုရင်းက
လူတိုင်း လူတိုင်းမှာ လိုချင်တာတွေ ဖြစ်ချင်တာတွေ ရှိတယ်။ ဒါပေမယ့်လည်း လိုချင်တယ် ဆိုရုံ မည်ကာမတ္တနဲ့တော့ လိုချင်တဲ့ အရာတွေ အလိုလို ရောက်မလာဘူး ဖြစ်မလာဘူး။ တကယ် ပြင်းပျတဲ့ ဆန္ဒ စွမ်းရည်သာ ရှိပါစေ ဖြစ်ချင်တာတွေ တကယ်ဖြစ်လာပါမယ် .. တဲ့။

ဒါနဲ့ ဆက်စပ်ပြီး ခိုင်ထူး သီချင်းထဲက စာသား တစ်ပိုဒ်ကို သွားတွေးမိပြန်ရော ..
“... လိုချင်တဲ့ .. အရာ များစွာ .. မိုးပေါ်က .. ကျ .. ဖူးလို့လား ...”

ပန်းချီကားတစ်ချပ်၊ စာသားတစ်စုံ၊ စကားပြေတစ်ပုဒ် နဲ့ သီချင်းတစ်ပိုဒ် .. က ပြောချင်တာတွေက အတော့်ကို တူပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဒီအတိုင်း မဖြစ်တာတွေ ကြုံရပြန်တယ်။
လူငယ်တစ်ဦးက နိုင်ငံခြားမှာ ဘွဲ့လွန်တက်ချင်တယ်၊ ပညာသင်ဆုလည်း ရချင်တယ် .. လို့ ဆိုတယ်။ အဲဒီအတွက် လိုအပ်တဲ့ အချက်အလက်ကို အင်တာနက်မှာ ရှာကြည့်ပါလို့ ဆိုတော့ အိမ်မှာ အင်တာနက် မရှိဘူး .. တဲ့။ အင်တာနက်ဆိုင်မှာ သွားသုံးရင် ရတာပဲ လို့ ဆိုတော့ .. ရုံးဆင်းချိန်ဆို အင်တာနက် ဆိုင်တွေက လူပြည့်နေပြီတဲ့။ ပြီးတော့ ညမိုးချုပ်ရင် ဘတ်စ်တွေက ကျပ်ပြီ .. တဲ့။ တက္ကစီ ငှားရင်လည်း မနည်းကုန်မှာတဲ့။ အင်္ဂလိပ်စာ အမှတ် ကောင်းဖို့လိုတယ် လို့ ပြောတော့ .. ကျူရှင်တွေက ဈေးကြီးတယ်တဲ့။ စာမေးပွဲကြေးကလည်း ဒေါ်လာနဲ့ သွင်းရမှာတဲ့။

... စတဲ့ စတဲ့ အကြောင်းပြချက်တွေ အများကြီး ကြားရပါတော့တယ်။

အဲဒီမှာပဲ ခေါင်းထဲ ရောက်လာတဲ့ အတွေးက ...
ဒီလူ တကယ်ပဲ ပညာတော်သင် သွားချင်တာလား .. ဒါမှမဟုတ် ပညာတော်သင် ရွေးချယ်ကြောင်း အကြောင်းကြားလွှာ မိုးပေါ်ကနေ အလိုအလျောက်ကျလာမှာကို စောင့်နေတာလား ဆိုတာပါပဲ။

စာရှုသူတို့ရော ... ဘယ်လိုထင်ပါသလဲ။ ကံမကောင်း အကြောင်းမလှရှာဖူးလို့ ဖြေတွေး တွေးပေးမလား။ ဒါမှ မဟုတ် ...

ဝန်ခံချက်။ ။

ကျွန်း ရေးထားတဲ့ ခွန်အားဖြစ်စေသော စာသားများ ကို ဖတ်မိပြီး ဤဘလောက်ပို့စ်ကို ရေးရန် အကြံဖြစ်မိပါသည်။ ကျွန်းပြောထားချက်အရ They can because they think they ဆိုသည်ကို Virgil က ပြောခဲ့သည်ဟု သိရပါသည်။

Read More...

Wednesday, November 26, 2008

Thanksgiving

၂၆၊ ၁၁၊ ၂၀၀၈


အသံဖလှယ်ရရင်တော့ “သင့်ခ်စ်ဂစ်ဗင်း”၊ ဘာသာပြန်ရရင်တော့ “ကျေးဇူးတော် ချီးမွမ်းပွဲ” ဖြစ်မလားပဲ။ ကိုယ့်မိဘက ကိုယ့်ကို ကော်ဖီ ဖျော်ပေးရင် ဖြစ်ဖြစ်၊ ထမင်းပန်းကန်လေး ချပေးရင် ဖြစ်ဖြစ် “ကျေးဇူးတင်ပါတယ် မေမေ”၊ “ကျေးဇူးတင်ပါတယ် ဖေဖေ” စသဖြင့် ပြောလေ့ ရှိတတ်တဲ့ လူမျိုးက မျက်စိတဆုံး ကျယ်ပြောပြီး အလားအလာကောင်းတဲ့မြေမှာ အခြေချခွင့်ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်တဲ့ အနေနဲ့ ပြုလုပ်တဲ့ပွဲပါတဲ့။ နိုဝင်ဘာလရဲ့ စတုတ္ထ ကြာသပတေး နေ့မှာ ပြုလုပ်လေ့ ရှိပါတယ်။

အရင်တုန်းကတော့ ဘာသာရေး သီးသန့်ပွဲဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လူမှုရေး နဲ့ မိသားစုလိုက် ဆင်နွှဲတဲ့ ပွဲဖြစ်လာပါတယ်။ အမေရိကားမှာ ရှိတဲ့ ပွဲတွေထဲမှာ အတော့်ကို ကြီးကျယ်ပြီး အိမ်တိုင်း မိသားစုတိုင်းလိုလို ကျင်းပကြပါတယ်။ အဝေးရောက်နေသူတွေလည်း မဖြစ်မနေအိမ်ပြန်လာကြပါတယ်။ လေဆိပ်တွေမှာ ခရီးသည်တွေက ဒင်းကြမ်းပေါ့။ သမ္မတ ကတောင် ခရီးသည်တင် လေယာဉ်တွေကို သူ့ခေါင်းပေါ်ကနေ ဖြတ်ပျံခွင့် ပေးရသတဲ့။ ခရစ်စမတ်တောင် ဒီလောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်တာ မတွေ့ရပါ။

စာရေးသူ ဒီကိုလာခါနီးတုန်းက ကျောင်းကနေ စာတစ်စောင်ပို့ပါတယ်။ “သင့်ခ်စ်ဂစ်ဗင်း” ကို ဘယ်မှာ ကျင်းပမှာပါလဲတဲ့။ သွားစရာ အိမ်မရှိရင် သူတို့ စီစဉ်ပေးမလို့ပါ။ အဲဒီတုန်းကတော့ ဒါကြီးဟာ ဘာကြီးလဲပေါ့။ နောက်ပိုင်းနှစ်တွေကျမှ သူတို့တတွေ ဘာကြောင့် တရေးတယူ လုပ်နေကြလဲဆိုတာ ရေးတေးတေး သဘောပေါက်လာပါတယ်။

ဒီပွဲရဲ့ ထူးခြားချက်ကတော့ ကြက်ဆင်သားကို အဓိကထားစားကြတာပါပဲ။ ထမင်းစား စားပွဲမှာ ကြက်ဆင်သားကင်ကို အလည်ကထားလို့ ပေါင်မုန့်၊ အာလူး စတာတွေကို ခမ်းခမ်းနားနား ပြင်ပြီးတော့ ...

ပြီးတော့ ...

စားကြတာပေါ့ဗျာ။ ဒါပါပဲ။

ဒီတစ်ရက်ထဲမှာ စားလိုက်ကြတာ ကြက်ဆင် အကောင်ရေ ၄၅ သန်း လောက် ကုန်ပါသတဲ့။ တစ်ဖက်ကလည်း ကြက်ဆင်တွေကို သနား ညှာတာသော အားဖြင့် ဘေးမဲ့ လွှတ်ကြသေးသတဲ့။ စားတာကိုတော့ မရပ်ဘူးနော်။ ပြီးခဲ့တဲ့ အပတ်က သတင်းစာထဲ ဖတ်ရတာ အိုဘားမား နဲ့ ပေလင်းတို့တောင် ကြက်ဆင် ဘေးမဲ့လွှတ်ကြတယ်တဲ့။ မစားပဲတော့ နေကြမယ် မထင်။

နောက်ထပ် စိတ်ဝင်စားစရာ တစ်ခုကတော့ လူသုံးကုန်ပစ္စည်းတွေကို ဈေးလျှော့ ရောင်းပေးတာပါပဲ။ ပွဲတော်ပြီး နောက်တစ်နေ့ဖြစ်တဲ့ Black Friday သောကြာနေ့မှာ စတိုးဆိုင်ကြီးတွေက မနက် ၅ နာရီလောက်က စဖွင့်ပြီးရောင်းပေးပါတယ်။ ၀ါသနာရှင်တွေကတော့ ဆိုင်ရှေ့မှာ တဲထိုးပြီး ညလုံးပေါက် တန်းစီကြသတဲ့။ တနည်းလည်း ပျော်စရာ ကောင်းတာပေါ့လေ။ ဒီနှစ် စီးပွားရေး အခြေအနေနဲ့တော့ ဘယ်လို ရှိမယ် မသိပါ။

စာရေးသူကတော့ ဈေးဝယ်ဖို့ စိတ်မ၀င်စား ... ကြက်ဆင်စားပြီးသာ ငိုက်မြည်းပါတော့မယ်။

စာရှုသူတို့ရော ... စားကြမှာလား၊ ဘေးမဲ့ လွှတ်မှာလား၊ ၀ယ်ကြမှာလား အားလုံး လုပ်မှာလား။ ဘာမှ မဆိုင်သလို နေမှာလား။

Source:

http://en.wikipedia.org/wiki/Thanksgiving_(United_States)

Read More...

Tuesday, November 18, 2008

A Shoulder To Cry On

Tommy Page



Lyrics



Life is full of lots of up and downs,
And the distance feels further when you're headed for the ground,
And there is nothing more painful than to let you're feelings take
you down,
It's so hard to know the way you feel inside,
When there's many thoughts and feelings that you hide,
But you might feel better if you let me walk with you
by your side,

And when you need a shoulder to cry on,
When you need a friend to rely on,
When the whole world is gone,
You won't be alone, cause I'll be there,
I'll be your shoulder to cry on,
I'll be there,
I'll be a friend to rely on,
When the whole world is gone,
you won't be alone, cause I'll be there.

All of the times when everything is wrong
And you're feeling like
There's no use going on
You can't give it up
I hope you work it out and carry on
Side by side,
With you till the end
I'll always be the one to firmly hold your hand
no matter what is said or done
our love will always continue on

Everyone needs a shoulder to cry on
everyone needs a friend to rely on
When the whole world is gone
you won't be alone cause I'll be there
I'll be your shoulder to cry on
I'll be there
I'll be the one you rely on
when the whole world's gone
you won't be alone
cause I'll be there!

And when the whole world is gone
You'll always have my shoulder to cry on....

Read More...

I am on Chrome

၁၈ နိုဝင်ဘာ ၂၀၀၈
ဂူဂဲလ် ခရုမ်း

ဘာရယ်တော့ မဟုတ်ပါဘူး။ အသစ်အဆန်းလေးဆိုတော့ စမ်းကြည့်တာပါ။ မြန်တော့ မြန်သား၊ အကင်းလည်းပါးတယ်။

Read More...

Thursday, September 18, 2008

Similar Yet Different ... Why?

Both countries were hit by tropical cyclones of similar strength in the same year. Yet, outcomes were quite different. Why?

Sr.CharacteristicNargisIke
(1)TypeCycloneHurricane
(2)CountryMyanmarUSA
(3)Wind Speed at Landfall135 mph110 mph
(4)Size (widest diameter)90 miles500 miles (about the size of Myanmar)
(5)Category at Landfall32
(6)Formation Date27 April 20081 September 2008
(7)Landfall Date2 May 200813 September 2008
(8)Population Affected7.4 million47.8 million
(9)Damage & Loss$ 4 billion$ 29.5 billion
(10)Damage & Loss (% of GDP)6%0.2%
(11)Death140,00049
(12)Fatality Rate (per million)18,9181


References

PONJA
Wikipedia
US Census Bureau
US Bureau of Economic Analysis

Foot note:
Hurricane Ike hit many other countries before it reached the US, however, this comparison looked at the Hurricane's strength and impact on the US only.

Estimate of population affected was based on population in the county and state that declared state of emergency and reported damage due to hurricane.

Read More...