Monday, December 17, 2007

Online Family Tree

၁၇၊ ၁၂၊ ၂၀၀၇

အင်တာနက်ပေါ်က ဆွေစဉ်မျိုးဆက် ဇယား

စာရေးသူ မိခင်ထံမှ အမွေရသော အကျင့်များထဲမှာ မိမိရဲ့ ဘိုးဘေးဘီဘင်တွေ၊ အမျိုးအဆွေတွေက ဘယ်သူတွေ ဆိုတာကို စိတ်ဝင်စားတာလဲ တစ်ခုအပါအ၀င်ပါ။ ငယ်စဉ်က စာအုပ်တစ်အုပ်နဲ့ ရေးမှတ်ဖူးပါတယ်။

ဒေတာဘေ့စ် ပရိုဂရမ်တွေ (database softwares) ကို လေ့လာဖြစ်တဲ့ အခါမှာတော့ ကွန်ပျူတာမှာ ဆွေစဉ်မျိုးဆက်ဇယား လုပ်နိုင်တယ်ဆိုတာ သတိထားမိပေမယ့် ကိုယ်တိုင် ပရိုဂရမ် မရေးတတ်တာက တစ်ကြောင်း အင်တာနက်မှာ အခမဲ့ သုံးလို့ရမယ့် ပရိုဂရမ်မရှိတာက တစ်ကြောင်းကြောင့် မလုပ်ဖြစ်ပါ။ ဒီအတိုင်း မေ့မေ့လျော့လျော့နဲ့ နေရင်းက လွန်ခဲ့တဲ့ နှစ်ပတ်လောက်မှာ မျက်နှာစာအုပ် (facebook) ထဲက ကြော်ငြာလေးတစ်ခုကို သွားပြီး သတိထားမိပါတယ်။ အွန်လိုင်း ဆွေစဉ်မျိုးဆက်ဇယား ဆိုပဲ။ အတော် စိတ်ဝင်စားသွားပြီး လက်တွေ့ စမ်းသပ်ကြည့်ပါတယ်။


စာရေးသူက အစပျိုးပြီး အင်တာနက်နဲ့ အထိအတွေ့ရှိတဲ့ ဦးလေး၊ အဒေါ်တွေရဲ့ ဖြည့်စွက်မှုနဲ့ ၁၂ ရက်အတွင်းမှာ ဆွေမျိုးညာတက ၃၀၀ ကျော်လောက်ကို စာရင်းပြုစုပြီး ဖြစ်သွားပါတယ်။ အသေးစိတ် အချက်အလက်တွေ လိုနေသေးပေမယ့် ဆွေစဉ်မျိုးဆက် ဇယားက တော်တော် ရုပ်လုံးပေါ်လာပါပြီ။ အသုံးပြုရတာလည်း လွယ်ကူပါတယ်။

နိုင်ငံတကာမှာ ရောက်နေတဲ့ ဗမာတွေ မိမိတို့ အမျိုးအဆွေ အချင်းချင်း ဆက်သွယ်ဖို့၊ မျိုးဆက်သစ် ကလေးများ ၄င်းတို့ရဲ့ ဗမာ့အဆက်အနွယ်ကို လေ့လာနိုင်ဖို့ မှတ်တမ်းမှတ်ရာ ထားနိုင်သည့် ၀က်ဆိုဒ်ကောင်းတစ်ခု ဖြစ်ကြောင်း လက်တို့လိုက်ပါရစေ။ သွားကြည့်မယ်ဆိုရင်တော့ ...



3 comments:

KhunMoung said...

အကိုကြီးက အစုအဆောင်း အမှတ်အသား တော်တော်ကောင်းတာပဲ။ ဆွေမျိုး ၂၀၀ကျော် ၃၀၀လောက် မှတ်မိဖို့ ကျွန်တော်တော့ မရဘူး။ :( လူကြီးတွေ ပြန်မေးကြည့်ရဦးမယ်။ :D

အကိုကြီးညွှန်းတာနဲ့ သွားကြည့်လိုက်တယ်။ Everyone's related.တဲ့ :D

Ye-Mon said...

ဦးလေး၊ အဒေါ်တွေက သိတာတွေနဲ့ ပေါင်းလိုက်တော့ များသွားတာပေါ့။
ကိုခွန်မောင့် ဆွေစဉ်မျိုးဆက် ဇယား ဆွဲပြီးရင် ပြောလေ .. အမျိုးစပ် ရတာပေါ့။ :p

Mhaw Sayar said...

ကျေးဇူးဗျို့. ကိုရဲမွန်.ဒီဆိုဒ်လေး အတွက်။ :)

အောင်မြင်ပါစေ.