Sunday, December 31, 2006

Population Policies around the world (2)

၃၁၊ ၁၂၊ ၂၀၀၆


လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ ပေါ်လစီများ (၂)


ဒီနိုင်ငံ မှာတော့ ဒုတိယနဲ့ တတိယ ကလေးမွေးသူများ ကို အစိုးရ က ဆုငွေ ပေးပါသတဲ့။ ဒုတိယ ကလေး အတွက် စင်္ကာပူဒေါ်လာ ၉၀၀၀ နဲ့ တတိယ ကလေး အတွက် စင်္ကာပူဒေါ်လာ ၁၈၀၀၀ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေး ဖွံ့ဖြိုးမှု စရိတ် အတွက်လည်း ငွေ စုလို့ ရပါသေးတယ်။ မိဘ က စင်္ကာပူဒေါ်လာ တစ်ဒေါ်လာ စုရင် အစိုးရ ကလည်း စင်္ကာပူဒေါ်လာ တစ်ဒေါ်လာ ထပ်ဆောင်းပေးပါတယ်။ ဒုတိယကလေး အတွက် ဆိုရင် စင်္ကာပူဒေါ်လာ ၆၀၀၀ အထိ နဲ့ တတိယကလေးအတွက်ဆိုရင် စင်္ကာပူဒေါ်လာ ၁၂၀၀၀ အထိ ငွေ စုလို့ ရပါတယ်။

စင်္ကာပူ (၂၀၀၁)

စာကိုး။
Theresa Wong & Brenda S.A. Yeoh. Fertility and the Family: An Overview of Pro-natalist Population Policies in Singapore. Asian Meta Centre Research Paper Series. No.12.

Read More...

Saturday, December 30, 2006

Sheer Numbers (1)

၃၀၊ ၁၂၊ ၂၀၀၆


အရည်အချင်း မှသည် အရေအတွက် ဆီသို့ (၁)


ကမ္ဘာ့ လူဦးရေ ဟာ ၂၀၀၆ ခုနှစ် မှာ သန်းပေါင်း ၆၅၀၀ ကျော်သွားခဲ့ ပါပြီ။ လူဦးရေ အများဆုံး ၁၀ နိုင်ငံ ကတော့

နိုင်ငံ (လူဦးရေ သန်းပေါင်း)

၁။ တရုတ် (၁၃၁၁)
၂။ အိန္ဒိယ (၁၁၂၂)
၃။ အမေရိကန်ပြည်ထောင်စု (၂၉၉)
၎။ အင်ဒိုနီးရှား (၂၂၅)
၅။ ဘရာဇီး (၁၈၇)
၆။ ပါကစ္စတန် (၁၆၆)
၇။ ဘင်္ဂလားဒေ့ရှ် (၁၄၇)
၈။ ရုရှား (၁၄၂)
၉။ နိုင်ဂျီးရီးယား (၁၃၅)
၁၀။ ဂျပန် (၁၂၈)

စာကိုး။
Population Reference Bureau. 2006. World Population Data Sheet.

Read More...

Population Policies around the world (1)

၃၀၊ ၁၂၊ ၂၀၀၆


လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ ပေါ်လစီများ (၁)


အစိုးရ၀န်ထမ်း အမျိုးသားတွေ ဟာ အသက် ၂၄နှစ် မပြည့်မချင်း ကလေး မယူရပါဘူးတဲ့။ အမျိုးသမီး ၀န်ထမ်းတွေ အတွက် အသက် ကန့်သတ်ချက်ကတော့ ၂၂နှစ်ပါ။ ကလေး ယူပြန်ရင်လည်း နှစ်ယောက်ထက် မပိုပဲ ကလေး တစ်ယောက်နဲ့ တစ်ယောက် ကိုလည်း အနည်းဆုံး ၃ နှစ်ခြားရပါမယ်တဲ့။ မလိုက်နာခဲ့ ရင် ၀န်ထမ်းလစာ လျှော့ခံရခြင်း နဲ့ အပြစ်ပေး ခံကြရပါတယ်။

ဝန်ထမ်းမဟုတ်သူတွေ ကတော့ အမျိုးသား - ၂၁ နှစ် နဲ့ အမျိုးသမီး ၁၉ နှစ်ဖြစ်ပါတယ်။ မလိုက်နာခဲ့ ရင် စပါးခွဲတမ်းလျော့ ခံရပါတယ်။

ဗီယက်နမ် (၁၉၈၈)

စာကိုး။
Daniel M. Goodkind. 1995. “Vietnam's One-or-Two-Child Policy in Action”. Population and Development Review, Vol. 21, No. 1. (Mar., 1995), pp. 85-111.

Read More...

Saturday, December 23, 2006

Brainstorm

၂၃၊ ၁၂၊ ၂၀၀၆


ဦးနှောက်စားကြမလား


ဘာသာပြန်တာက ဘယ်လိုကြီးလဲဟ လို့ဆိုကြလေမလား။ ဦးနှောက်စားရင် ကျန်းမာရေးနဲ့မညီဖူးလို့ ဝေဖန်လေမလား။ ဦးနှောက် မုန်တိုင်း ဆိုပြန် တော့ လည်း တစ်မျိုးကြီးပါပဲ။ မည်သို့ဆိုစေကာမူ အနှစ်သာရက ပို၍ အရေးကြီးမည်ထင်ပါသည်။ အတတ်နိုင်ဆုံး ဆက်ပြီး ရှင်းလင်း ကြည့်ပါဦးမည်။

Brainstorm (သို့) ဦးနှောက်စားခြင်း ဆိုသည်မှာ ပြဿနာများကို အဖြေရှာတဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဥာဏ်နီ၊ ဥာဏ်နက်၊ ဥာဏ်ဝါ၊ ဥာဏ်ပြာ၊ ဥာဏ်ရောင်စုံ၊ အကြံဥာဏ်တွေ မျိုးစုံထွက်လာအောင် အားလုံး ၀ိုင်းပြီး စဉ်းစားကြတာပါ။ အဲဒီ အကြံဥာဏ်တွေထဲ ကမှ အဖြစ်နိုင်ဆုံးတွေကို လက်တွေ့ထုတ်နှုတ်ပြီး သုံးကြည့်ကြပါတယ်။

ဒီလို အဖြေရှာတဲ့အခါမှာ ပါဝင်သူအားလုံး လိုက်နာရမယ့် လုပ်ထုံးလုပ်နည်း အဆင့် ကတော့ ၇ ခု ရှိပါတယ်။

၁။ ဦးနှောက်စားရတဲ့ ရည်ရွယ်ချက် နဲ့ ဘယ်အချိန်အတွင်းမှာ ဆွေးနွေးပွဲကို ပြီးအောင် လုပ်မယ်ဆိုတာ ကိုသိထားရပါမယ်။

၂။ တကယ်တန်း အကြံဥာဏ် ပေးကြပြီ ဆိုရင် ဘယ်အကြံဥာဏ်ကိုမဆို လက်သင့်ခံ စဉ်းစားဖို့ လိုပါတယ်။ ဆွေးနွေးပွဲကို ဦးဆောင်သူက ပွဲထိန်းနိုင်ရပါမယ်။ ပေးလာတဲ့ အကြံတွေကို အားလုံးမြင်သာတဲ့ နေရာ (ဥပမာ – ကျောက်သင်ပုံး၊ flip-chart ) မှာ ရေးမှတ် ထားဖို့လိုပါမယ်။ ပေးတဲ့အကြံကို မရှင်းလင်းလျှင် ဦးဆောင်သူက အကြံပေးသူကို ပြန်လည်မေးမြန်းနိုင်ပါတယ်။ ဤအဆင့်တွင် သတိပြုရန်မှာ – အခြားဆွေးနွေးသူများကို ၄င်းတို့၏ ဝေဖန်ချက်များကို ခေတ္တအောင့်အည်းထားဖို့ ပြောထားရပါမယ်။ မဟုတ်ရင် တစ်ယောက်ရဲ့ အကြံကို တစ်ယောက် ကဝေဖန်ရင်း၊ ပြန်လည် ချေပရင်း နဲ့ အချိန်ကုန်သွားနိုင်ပါတယ်။ လူအများရှေ့ မှာ စကားပြောဖို့ ၀န်လေးသူတွေ ဆီက အကြံဥာဏ်တွေလည်း ရလာတော့မှာ မဟုတ်ပါဘူး။ ဒီအဆင့်ဟာ အကြံဥာဏ် များနိုင်သမျှ များများရအောင် လုပ်ဆောင်တာဖြစ်ပါတယ်။ ပေးလာတဲ့ အကြံဟာ ဖြစ်နိုင်၊ မဖြစ်နိုင်၊ ဆောင်ရွက်ရန် လွယ်ကူ၊ မလွယ်ကူ စသည်များကို ဝေဖန် ဆန်းစစ်နေခြင်းမဟုတ်ပါ။

၃။ သတ်မှတ်ချိန် စေ့သွားလျှင် သို့မဟုတ် အကြံသစ်ထပ်ထွက်မလာတော့ရင် ရလာတဲ့ အကြံများကှို တူရာတူရာ အုပ်စုလေးများ ခွဲရပြီး အနှစ်ချုပ် ရေးသားရပါမယ်။

၎။ ပြီးလျှင် ဒီအကြံအုပ်စုများ ကို အားလုံးနှင့်အတူ ဝေဖန် သုံးသပ် ရပါမယ်။ သတိပြုရန် မှာ အကြံပေးသူဟာ သူပေးခဲ့တဲ့ အကြံကို အကျောက်အကန် ကာကွယ်တတ်ပါတယ်။ အချင်းချင်းကြားထဲ တွင်လည်း မည်သူ့အကြံဥာဏ်က သာတယ် ကောင်းတယ်ဟု မသိမသာရော၊ သိသိသာသာပါ ပြိုင်ဆိုင်လိုကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုမျိုးဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုပိုစေပါတယ်။ အဖွဲ့ရဲ့စည်းလုံးမှုကိုလည်း ပျက်ပြား စေတတ်ပါတယ်။ သို့ပါ၍ ပွဲမစမီကတည်းက ပေးလာသော အကြံဥာဏ်များသည် မိမိတစ်ဦးတည်း မူပိုင်မဟုတ်ပဲ အုပ်စုပိုင်ဖြစ်ကြောင်း နှင့် မိမိပြောလိုသော အချက်မှာ အခြားသူတစ်ဦးက အလျင် ပြောပြီးသားမျိုး ဖြစ်နေနိုင်ကြောင်း ရှင်းလင်း ထားသင့်ပါသည်။

၅။ ရရှိလာသော အကြံဥာဏ်အုပ်စုများကို ဦးစားပေး အဆင့်ခွဲရန်ဖြစ်သည်။ ဦးစားပေး အဆင့်ခွဲရာတွင် မည်သည့် အချက်အလက်၊ ၀ိသေသ များကို အဓိကထား၍ ခွဲခြားမည်ကို ကနဦးသဘောတူပြီးမှသာ စတင်၍ အဆင့်ခွဲခြားသင့်ပါသည်။ မိမိ စိတ်တွေ့ရာ အကြံကို ဦးစားပေးခြင်းမျိုး၊ မန်နေဂျာကြီးပြောသည့် အကြံဖြစ်၍ ဦးစားပေးခြင်းမျိုးကို လုံးဝရှောင်ကြဉ်သင့်ပါသည်။ အဓိကထားရမည့် အချက်များကို ဥပမာ ပြရလျှင် ကုန်ကျစရိတ်၊ အဖွဲ့ဝင်များ၏ ကျွမ်းကျင်မှု၊ ကြာမြင့်ချိန် စသည်တို့ဖြစ်ပါသည်။ မိမိအဖွဲ့အစည်းနှင့် ပြဿနာ၏ သဘောသဘာဝပေါ်မူတည်၍ ဤအချက်အလက်များကို သင့်သလို အသုံးချရန်ဖြစ်သည်။ လှေနံဓါးထစ် သတ်မှတ်ထားရန်မဟုတ်။ အဓိက ဆိုလိုသည်မှာ ဓမ္မဓိဌာန်ကျကျ အဆင့်ခွဲခြားရန် ဖြစ်ပါသည်။

၆။ ထိပ်ဆုံး ဦးစားပေးအဆင့် တွင် ရှိသည့် အကြံကို အကောင်အထည်ဖော်ရန် အစီအစဉ် ရေးဆွဲရပါမည်။ မည်သူက၊ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်၊ မည်သို့ဆောင်ရွက်မည် နှင့် မည်မျှကုန်ကျမည် စသည်တို့ကို အသေးစိတ် စီစဉ်ရပါမည်။

၇။ စီစဉ်ထားသည့် အတိုင်း အမှန်တကယ်ဆောင်ရွက်နိုင်ခြင်း ရှိမရှိ နှင့် အောင်မြင်မှုရှိမရှိကို စောင့်ကြည့်ရန်။ မည်သူက တာဝန်ရှိ၍ မည်သူ့ကို အစီရင်ခံရမည် စသည်တို့ကိုလည်း ရှင်းရှင်းလင်းလင်းဖော်ပြရန်လိုပါသည်။

စာကိုး။
http://www.businessballs.com/brainstorming.htm

Read More...

Beautiful Morning

၂၃၊ ၁၂၊ ၂၀၀၆


မင်္ဂလာနံနက်ခင်း


မနက်မိုးလင်းလို့ ကော်ဖီဖျော်မယ် အလုပ် အိမ်အပြင် ကို လှမ်းကြည့်လိုက်တော့ မိုးရွာပြီးစ စိမ်းစိုနေတဲ့ မြက်ခင်းပြင်က ဖိတ်ခေါ်နေလေရဲ့။ ဒါနဲ့ပဲ ကော်ဖီဗူးကို အသာချပြီး အိမ်အပြင်ကို ထွက်လာခဲ့မိတော့တယ်။ ကောင်းကင်မှာ တိမ်ဖုံးနေပေမယ့် အရှေ့ဘက်မှာတော့ လင်းနေပြီး ရာသီဥတုကလည်း နေကောင်းရုံလေး အေးနေလေသည်။ သြော် ဟုတ်သားပဲ မိုးလေ၀သ သတင်းထဲမှာ ဒီနေ့ ရာသီဥတုကောင်းမယ်တဲ့။ ၆၀ ဒီဂရီ ဖာရင်ဟိုက် လောက် ရှိမယ်ဆိုလားပဲ။ မိုးနံ့ပါတဲ့လေ ကို တစ်ဝကြီး ရှုရှိုက်လိုက်ရင်း ပတ်ဝန်းကျင်ကို မျက်စိ ကစားမိ လိုက်တယ်။

ဒီအိမ်ကိုပြောင်းလာတာ လေးလနီးပါးရှိနေပေမယ့် အခုမြင်နေရတဲ့ ရှုခင်းမျိုးကို တစ်ခါမှ သတိမထားမိခဲ့။ တိုက်နီနီပုပုတွေ ကြားထဲမှာ မီးခိုးရောင် အဆောက်အဦ လေးတွေက ဟိုနားတစ်ခု ဒီနားတစ်ခု ရှိနေပြီး မြက်ခင်းနဲ့ ပန်းပင်တွေကလည်း အမှန်ပင် စွတ်စို စိမ်းလန်းနေကြသည်။ မေရီလန်းပြည်နယ်ရဲ့ တွေ့နေ မြင်နေကြ ဆောင်းတွင်းမဟုတ်တာတော့ အမှန်ပင်။

အခုမှ မီးခိုးရောင် အဆောက်အဦ လေးတွေကိုသေချာကြည့်မိသည်။ ရှမ်းပြည်နဲ့ ကယားပြည်နယ်မှာ ကျောက်မှုန့်အုတ် (မြေပြန့်က မြေအုတ်နှင့် မတူပါ) နဲ့ဆောက်ထားတဲ့ တိုက်အိမ်တွေနဲ့ အတော့်ကိုတူတယ်။ ရာသီဥတုကလည်း ရှမ်းပြည် ရာသီဥတုလို ဆိုတော့ ကိုယ့်ကိုယ်ကို ရှမ်းပြည်ပဲ ပြန်ရောက်သွားသလိုလို၊ လွိုင်ကော်အိမ်ပဲ ပြန်ရောက်သွားသလိုလို ခံစားမိတယ်။ အဲဒါနဲ့ပဲ ကော်ဖီခါးခါးဖျော်ပြီး ရှုခင်းနဲ့ မြည်းလိုက်ပါတော့တယ်။

ကိုကျော့် စကားနဲ့ဆိုရရင်တော့ “မင်္ဂလာပါ အသင်လောက” ။ ။

Read More...

Friday, December 22, 2006

What is a doctoral dissertation?

It is much like a take-home exam that won't due in 1-2 years. The only difference is you have to make your own questions.

Read More...

Haircut

"Hey yo... Haircut is something not to blog"

"Well ... I don't know what to write ... so ... "

One afternoon in December I called my Barber and made an appointment. (fyi. No appointment no haircut.) I should have gone earlier since my last haircut was more than 3 months ago. Almost all the friends from school winked at my long and bulky hair. Some close ones were telling me straight that I should go to Barber shop.

Oh. I should tell you about one of my many nick names. "Karly Kauk" given by my naughty highschool friends. Yea, when my hair get longer, it becomes like ar-tar-pu-se. That's how I got a peculiar nickname in highschool.

Ok, let's get back to my recent haircuts. My last one was in Singapore at a Burmese salon. You may ask why didn't I cut my hair when I was in Yangon. I was too busy hanging out with friends and totally forgot to cut my hair. Why am I making a big deal out of haircut? Well, it is expensive here in the US. So, I should have budgeted wisely by cutting hair when I was in Yangon. Anyway, it was nice in Singapore. The salon was like the usual ones in Yangon.

I have a tendency to go to the same Barber as much as I could. In Myanmar, I had only changed four barbers in my life time. They were all linked to my family moving from one place to the next.


This habit hasn't changed much, and I go to Tenpachi every time I need a haircut since I first came to Baltimore in 2002. A cheap (to the US standard), but, nice one that targets poor university students. The price used to be $ 10 in 2002, however, it is $ 13 now. Inflation! It is everywhere. This small cozy salon is in a place called Hopkins square - a place Hopkins student like to hang out. There is a cafe, a post-office, photocopy, a stationary shop, a restaurant, and a sandwich shop. It is much like Hle-dan of Yangon except the fact that it doesn't have wet-thar-dote-htoe. There even are outdoor chairs & tables set up during summer. No. You definitely don't want to sit outside at this time of the year.

Tenpachi has only 3-4 chairs for haircut and one reclining chair for shampoo. Strangely enough, they shampoo hair before cutting it. Anyway, they are the fastest of all my barbers. It took less than 15 minutes to finish my hair. This time my hair got cut pretty short. So, I won't need to go there for another 3 months.

I am counting my time in Baltimore and the unit I use is "Barber visit". Thus, I told myself that I will be home after next 4-5 visits to Tenpachi.

Read More...

Sunday, December 17, 2006

America Runs on Dunkins

Posted by Picasa

Read More...

Wednesday, December 13, 2006

Male Circumcision and HIV

၁၃၊ ၁၂၊ ၂၀၀၆


ဖြတ်ကြမလား အရေပြား


လူတွေမှာ တစ်ချို့ တစ်ချို့သော အင်္ဂါတွေဟာ အပိုဆောင်းပြီး ဒုက္ခပေးဖို့ ပါလာလေရဲ့။ (ဥပမာ၊ အူအတက်) ဒါပေမယ့် အခုပြောမှာ အူအတက် အကြောင်းမဟုတ်ပါ။ တစ်လက်မ သာသာလောက် သာရှိ တဲ့ အရေပြားလေး အကြောင်းပါ။ အရွယ်ကသာ တစ်လက်မ၊ သယ်ဆောင်ထားတာ က အနန္တ၊ လို့ပြောရမလောက် သူခိုးဓါးရိုးကမ်း တဲ့ ဆဲလ်တွေ အများအပြားရှိနေလေရဲ့။ ဒီဆဲလ်တွေက အိပ်ခ်ျအိုင်ဗွီပိုးတွေ သည်းချေကြိုက်ပေါ့။ မှန်ပါတယ်၊ အိပ်ခ်ျအိုင်ဗွီပိုးတွေဟာ ဒီဆဲလ်တွေကနေတဆင့် လူကိုယ်ထဲကို ၀င်လာ ကြပါတယ်။ ညစ်ညစ်ပတ်ပတ်နေ တတ်သူတွေ ရဲ့ အရေပြားကတော့ အိပ်ခ်ျအိုင်ဗွီပိုးတွေ အတွက် အိုအေစစ်လေးပါပဲ။ လိင်အင်္ဂါကထွက်တဲ့ အရည်မှာ ပါလာတဲ့ သူတို့တတွေ အဲဒီအရေပြား ကြားမှာကြာကြာ အသက်ရှင်နေနိုင်တာကိုး။

ကဲဒီလောက်ဆို ဘယ်နားက အရေပြားလည်း မှန်းလို့ရလောက်ပါပြီနော်။ ဟုတ်ပါတယ် အမျိုးသား လိင်တံမှာ ရှိတဲ့ အရေပြားပိုကို ပြောနေတာပါ။ အစ်စလာမ်ဘာသာဝင်တွေ နဲ့ ဂျူးဘာသာဝင်တွေ ကတော့ ငယ်ငယ်လေးကတည်း က အဲဒီအရေပြားကို ဖြတ်ထားလို့ တစ်တော ရှင်းလေတာပေါ့။ ကျန်တဲ့သူတွေ အတွက်ကျတော့ ဘယ်လိုလုပ်ကြမလဲ။

အရင့်အရင် သုတေသနပြုချက်တွေက အဲဒီအရေပြားကို ဖြတ်ထားတဲ့သူတွေဟာ အရေပြားကို မဖြတ်ထားတဲ့ သူတွေနဲ့စာရင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း နိမ့်တယ်လို့တွေ့ရှိခဲ့ ကြပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေက တစ်ခြားနိုင်ငံမှာ ဖြစ်ချင်မှဖြစ်မှာ၊ ဘာသာရေး နဲ့လူမှုရေး အယူအဆတွေ ကွာခြားလို့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်နှုန်းကွာခြားတာ ဖြစ် နိုင်တယ် စသည်ဖြင့် ပြောကြလေတော့ သုတေသန ပညာရှင်တွေ ထပ်ကြိုးစားရပြန်တယ်။ ဒီတစ်ခါမှာတော့ နိုင်ငံ နှစ်နိုင်ငံမှာ သုတေသန အဖွဲ့ နှစ်ဖွဲ့က အကောင်းဆုံး နည်းလမ်းတွေနဲ့ စမ်းသပ်ကြလေရဲ့။

အရွယ်ရောက်ပြီးတဲ့ အမျိုးသားတွေ ကို အုပ်စု နှစ်စုခွဲပြီး တစ်စုကို အရေပြားဖြတ်၊ ကျန်တစ်စု ကို ဒီအတိုင်းထားပြီး စောင့်ကြည့်ပါတယ်။ အားလုံးကိုတော့ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပုံ ကူးစက်နည်းတွေ နဲ့ ကာကွယ်နည်း တွေကို ပညာပေးပါတယ်။ ဒီလိုနဲ့ အချိန်တန်လာလို့ ကွန်ပျူတာခေါက်ပြီး ကိန်းဂဏန်းတွေကို တွက်ကြည့်လိုက်တော့၊ အရေပြားဖြတ်ထားတဲ့ အုပ်စုမှာ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း တစ်ဝက်လောက် နည်းနေတာ တွေ့ရပါတော့တယ်။ ဒါနဲ့ပဲ သုတေသနပြုချက်တွေကို ရပ်လို့ အရေပြား မဖြတ်ရသေးတဲ့ အုပ်စုက ပုဂိုလ်တွေကို အရေပြား ဖြတ်ပေးရပါတော့တယ်။ စာရှုသူ အမျိုးကောင်းသားတို့လည်း မဖြတ်ရသေးရင် စဉ်းစားစရာအချက်လေးပေါ့။

အမျိုးသားလိင်အင်္ဂါ အရေပြားဖြတ်မယ်ဆိုရင် ကောင်းကွက်တွေနဲ့ အတူ သတိထားစရာလေးတွေလည်း တစ်ပါတည်း ပါလာတတ်ပါတယ်။ ပထမ အချက်အနေနဲ့ အရေပြားဖြတ်ထားတာနဲ့ လွတ်ပြီ ကျွတ်ပြီ ဆိုပြီး သွားကဲနေလို့မရပါ။ အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရနှုန်း လျော့နည်းစေပေမယ့် ရာနှုန်းပြည့် ကာကွယ်နိုင်တာမဟုတ်လို့ပါ။ ဒုတိယအချက် အနေနဲ့ ကျွမ်းကျင်သူ ဆရာဝန်က အရေပြား ဖြတ်ပေးတာ ဖြစ်ဖို့လိုပါတယ်။ မဟုတ်ရင် အနာ မကျက်၊ ပိုးဝင်နဲ့ အချေအနေပိုဆိုး သွားနိုင်ပါတယ်။ တတိယ သတိထားရမှာ က အမျိုးသား အမျိုးသမီး သမားရိုးကျ လိင်ဆက်ဆံ တဲ့နေရာမှာ အထိုက်လျောက် ကာကွယ်နိုင်တယ် လို့သာဆိုပါတယ်။ အမျိုးသား အမျိုးသားချင်း စအိုမှတဆင့် လိင်ဆက်ဆံရာမှာတော့ ကာကွယ်မယ်လို့သေချာပေါက် ပြောလို့မရပါ။ စတုတ္ထ အချက်ကတော့ အမျိုးသမီး များအတွက်ပါ။ လိင်အင်္ဂါ အရေပြားဖြတ်တာဟာ အမျိုးသမီးကနေ အမျိုးသားကို အိပ်ခ်ျအိုင်ဗွီပိုး မကူးစက်အောင် အထိုက်အလျောက် ကာကွယ်ပေးတာ သာဖြစ်ပြီး အမျိုးသားဆီကနေ အမျိုးသမီးကို မကူးစက်အောင်ကာကွယ်တာ မဟုတ်ပါ။ နောက်ပြီး လိင်အင်္ဂါ အရေပြား ဖြတ်ထားတယ်ဆို တိုင်း အဲဒီအမျိုးသား ဟာ စိတ်ချရတယ်လို့မပြောနိုင်ပါ။ အရေပြား မဖြတ်ခင် ကတည်းက သူ့မှာ အိပ်ခ်ျအိုင်ဗွီပိုး ရှိနေနိုင်ပါတယ်။

ဆိုတော့ကာ ဥာဏ်နှင့်ယှဉ်၍ စဉ်းစားကြပါကုန်။

စာကိုး။
Johns Hopkins Bloomberg School of Public Health, Studies Show Adult Male Circumcision Reduces Transmission of HIV, retrieved on December 13, 2006 from http://www.jhsph.edu/publichealthnews/articles/2006/gray_circumcision.html
NIAID, Adult Male Circumcision Significantly Reduces Risk of Acquiring HIV, retrieved on December 13, 2006 from http://www3.niaid.nih.gov/news/newsreleases/2006/AMC12_06.htm
NIAID, Questions and Answers on NIAID-sponsored Adult Male Circumcision Trials in Kenya and Uganda, retrieved on December 13, 2006 from http://www3.niaid.nih.gov/news/QA/AMC12_QA.htm
WHO, Statement on Kenyan and Ugandan trials finding regarding male circumcision and HIV, retrieved on December 13, 2006 from http://www.who.int/mediacentre/news/statements/2006/s18/en/index.html

Read More...

Tuesday, December 12, 2006

What should I do?

I have been reviewing past scientific literature related to my thesis topic. Suddenly, I can't believe my eyes that I was reading abstracts of articles published in 1970 - the year I was born. Should I go further than that? These days, technology is amazing. You can review really old articles. Well, I should get back to study.

Read More...

Myanmar Sar The Doat Sar

၁၂၊ ၁၂၊ ၂၀၀၆


မြန်မာစာသည် တို့စာ


မင်္ဂလာပါ။ ဘာ ဘလောက်လုပ်ရမှန်း မသိလို့ မြန်မာလို စမ်းကြည့်လိုက်ပါတယ်။ ကြိုက်ရင်ပြောကြပါ။ မကြိုက်ရင် လည်းပြောပါ။ ဖတ်ပြီး မှတ်ချက်ပေးသူများကို အထူး ကျေးဇူးတင်ပါသည်။ သိချင်တာများရှိရင်လည်း တောင်းဆိုလို့ ရပါတယ်။ ရ၊ မရ တော့ မသေချာပါ။ နောက် တစ်ပတ်မှ ဆုံကြဦးမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။

Read More...

Wednesday, December 6, 2006

Cherry Picking

I am playing with Picasa 2.0 to collage pictures and thought that you might like to see this. These pictures were taken during the summer of 2005. Some of my friends from the school of public health organized this cherry picking trip. We drove about 15 miles north of Baltimore to reach that farm.

It was exciting and fun. There were two different kinds of cherries; sweet & sour. Darkish red were sweet and bright red were sour, if I remember correctly. Can you guess how sweet were the cherries that I picked? Yea, they were as sweet as my smiles. :p

We were given a bucket each to collect cherries and had to pay by weight. One good thing was they did not weigh us when we got into the farm. So, they had no idea how much cherries we ate while we were picking them. A good hint for you guys/gals to consider if you ever go to cherry picking.

On our way back, the driver of our car made a sudden left turn (the cars drive on the same side of the road as in Yangon) and we were almost hit by a car from incoming traffic. Luckily, nothing serious happened except the lady driver from the other car almost got a heart attack.

That's all for cherry picking. Next time I will probably talk about wine tasting.
Posted by Picasa

Read More...

Monday, December 4, 2006

i started blogging on a cold winter day

I am such a late adopter since I am thinking of blogging six years after the blogging revolution begins. Anyway, I will try my best to blog.

I woke up early today and the first thing I remembered was I had to move my car from left side of the road to the right side of the road. There is a long story behind this ritual. The Baltimore City cleans the street in front of my house (ie. Calvert Street) on Mondays & Tuesdays. Thus, cars are not allowed to park on left side of the street on Mondays and right side of the street on Tuesdays. What would happen if you forgot and parked on the wrong side of the road on a particular day of the week? Simple. Fine of $ 42. Now, you may guess did I ever pay any fine. Yea, you are right. I had to pay fine some months ago. From then on, I add moving my car in my to do list.

Actually, what I really wanted to tell you today was it was a terribly cold day in Baltimore. Temperature is 32 degree Fahrenheit - yea , freezing point. I was too lazy to wear a shoe so I went out with a pair of flipflop (that's what Americans call our slippers) to move my car. It was freezing cold and I had to run back into my house. Hopefully we will see snow soon.

This weather reminds me of Min-Dat and Aye-Sa-Khan during our trips to Mt. Victoria. Wouldn't it be nice if we have snow in Aye-Sa-Khan? I wish.

Read More...