Tuesday, May 22, 2007

AIDS Candlelight Memorial 2007

၂၂၊ ၅၊ ၂၀၀၇


ငြိမ်းလေသည့်မီး


၂၀၀၇ မေလ၏ တတိယ တနင်္ဂနွေနေ့။ အင်းလျားကန်စောင်းတွင် လူတစ်စု စုရုံးရောက်ရှိနေကြသည်။ စည်ကားနေကျ အင်းလျားကန်စောင်းမှာ လူတစ်စု ရောက်နေသည်ကို ထူးဆန်းသည်ဟုမဆိုသာ။ ထူးဆန်းသည်က မြန်မာနိုင်ငံရှိ ပြည်သူအများ ကိုးကွယ်ကြသော ဘာသာကြီးလေးခုကို ကိုယ်စားပြုသည့် သာသနာ့ ၀န်ဆောင်များ၊ ကလေးများ၊ အမျိုးသမီးများ၊ အမျိုးသားများ၊ တိုင်းရင်းသားများ၊ အိန္ဒိယနွယ်ဖွားများ၊ တရုတ်နွယ်ဖွားများ၊ နိုင်ငံခြားသားများ အရွယ်စုံ ပါဝင်နေခြင်းပင်။ မတူညီသူများတွင် အတူညီဆုံး အချက်ကတော့ ဖဲကြိုးနီလေးများကို ရင်ဘတ်တွင် ကိုယ်စီ ချိတ်ဆွဲထားကြခြင်း နှင့် တည်ငြိမ်လေးနက်သည့်အသွင်များကို ဆောင်နေကြခြင်းပင်။

ထိုနေ့ စုရုံးပွဲကား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အေ့ဒ်စ်) ကြောင့် တိမ်းပါးသွားခဲ့သူများ နှင့် ၄င်းတို့၏ မိသားစုများ အတွက် ဆုတောင်းပွဲပင်ဖြစ်သည်။ ဒီဇင်ဘာတစ်ရက်နေ့သည် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ ဟု လူသိများကြသော်လည်း မေလ၏ တတိယ တနင်္ဂနွေနေ့တိုင်း ကမ္ဘာအနှံ့ ကျင်းပလေ့ရှိသည့် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲ ကိုကား လူသိနည်းလှသေးသည်။ အေ့ဒ်စ်ကြောင့် ကွယ်လွန်ခဲ့လျင် များသောအားဖြင့် ရပ်သိရွာကျော် မဖြစ်လိုကြ။ မိတ်ဆွေ သူငယ်ချင်းများကလည်း မိသားစုဝင်များကို နှစ်သိမ့်ဖို့ နေနေသာသာ ဘာကြောင့် ဆုံးသွားသည်ဟု မေးရန်ပင် အားနာနေတတ်ကြသည်။ ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်းတွင် မြင်နေကျ အားပေးနှစ်သိမ့်မှုတွေကိုမမြင်သာသော တံတိုင်းတစ်ခုက တားဆီးနေခဲ့သည်။ ယနေ့တွင်ကား ထိုတံတိုင်းပြိုလဲလေပြီ။ မေလ၏ မိုးဦးသည်ပင် သည်လူစုကို တားဆီးရန် မစွမ်းသာတော့။

အခမ်းအနား အစတွင် ဆုတောင်းပွဲဖြစ်ပေါ်လာပုံကို စီစဉ်သူများကပြောပြကြသည်။ ထို့နောက် အစ်စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာ သာသနာ့ဝန်ဆောင်များက မိမိတို့ ဘာသာအလိုက် ဆုတောင်းပေးကြသည်။ ဆုတောင်းပြီးနောက် အသည်းပုံ အနီရောင် ဖယောင်းခွက်လေးများကို မီးထွန်းညှိကာ ပိန်းကြာရွက်များပေါ်တွင် တင်လျက် အင်းလျားကန်ရေပြင်တွင် မြောပါစေကြသည်။ အချို့သော ဖယောင်းခွက်လေးများက မိုးကြောင့် စောစောစီးစီး ငြိမ်းသွားကြသည်။ ဆက်လက်တောက်လောင်နေသော ဖယောင်းခွက်လေးများသည်လည်း တစ်ချိန်ချိန် မီးစာကုန် ဖယောင်းခမ်းလျင် ငြိမ်းသွားကြဦးမည်ပင်။

အရွယ်မတိုင်ခင် ငြိမ်းခဲ့ရသော ဘ၀များအတွက် ဤဖယောင်းခွက်လေးများက ကိုယ်စားပြုနေကြပုံရသည်။ ကန်ရေပြင်တွင် ဖက်ရွက်စိမ်းများကို စီးနင်းလိုက်ပါလာသော ဖယောင်းခွက်နီ တစ်ခု တစ်ခုစီသည် အေ့ဒ်စ် ကြောင့် ကွယ်လွန်သူ မည်မျှကို ကိုယ်စားပြုသည်ကိုကား မည်သူမျှ အတိအကျ မပြောနိုင်ပေ။

( ကိုဝင်းနိုင်၏ဓါတ်ပုံများ ကို ကြည့်ရှုခံစား ရေးသားပါသည် )


Read More...

Thursday, May 17, 2007

Tag

၁၇၊ ၅၊ ၂၀၀၇


တက်ဆို တက်ပါ့မယ်ဗျ

ဣစာသယအိတ် ခေါ် ပန်ဒိုရာဘောက်စ် ၏ ကောင်းမှုကြောင့် အောက်ပါအချက်များကို ရှာဖွေတွေ့ရှိပါသည်။
  • လက်ထဲတွင် ကိုင်ထားသော ပစ္စည်း တစ်ခုခုကို တွေ့ရာနေရာတွင် ချထားလေ့ရှိခြင်း။
  • ပစ္စည်းပျောက်ရှာလျင် ရေခဲသေတ္တာကို ဖွင့်ကြည့်တတ်ခြင်း။
  • အီးမေးလ် ကို မီးလျှံမြေခွေး ဖြင့် စစ်ပြီးလျှင် သေချာအောင် အိုင်အီး ဖြင့် ထပ်စစ်တတ်ခြင်း။
  • ဧည့်ခံပွဲတွင် မိတ်ဆက်ပြီးပြီးခြင်း တစ်ဖက်လူ၏ အမည်ကို မေ့သွားတတ်ခြင်း။
  • တယ်လီဖုန်းကို ဘယ်ဖက်နားဖြင့်သား နားထောင်၍ ရခြင်း။
  • အိပ်နေရင်းမှ ကိုယ့်ဟောက်သံကြောင့်ကိုယ် ပြန်နိုးလာတတ်ခြင်း။
  • မနက်အိပ်ရာထစဉ် အင်တာနက်မတက်ရမခြင်း လက်တုန်နေတတ်ခြင်း။
  • ညာဖက်လက် တစ်ခုခု ဖြစ်သွားလျင် . . . ဟု တွေးကြောက်ပြီး ဘယ်ဖက်လက်ဖြင့် mouse သုံးတတ်အောင် လေ့ကျင့်ခြင်း။
  • ကားပေါ်ပြန်တက်လိုက်လျင် ကားကက်ဆက်မှ နားထောင်လက်စ သီချင်းအလိုက် နှင့် နောက်ဆုံးရပ်သွားသော သီချင်းအပိုဒ် ကို အလိုအလျောက်မှတ်မိနေတတ်ခြင်း။
  • Deja-Vu အတွေ့အကြုံ ရတတ်သည်ဟု အထင်ရှိခြင်း။
  • ယနေ့ပြီးနိုင်သောကိစ္စ ကို မနက်ဖြန်မှ လုပ်တတ်ခြင်း။ (ဒါကြောင့် တက်ခြင်းစာရင်းကို နောက်ကျမှရေးဖြစ်ပါသည်)
  • အဆစ်ပေးတတ်ခြင်း (ထို့ကြောင့် ၁၀ ချက်အစား ၁၂ ချက်ရေးလိုက်ပါသည်)
ဆက်လက်ပြီး ကိုဝေ့ ကို လက်ဆင့်ကမ်း တက်လိုက်ပါသည်။ ကိုဝေရေ ရေးပေတော့။

Read More...

Monday, May 7, 2007

Chain Letter (1)

I do not normally forward chain letters to people in my mailing list. However, from time to time, I receive a few chain letters that are inspiring and would like to share with you all. This is the first one of its kind to be posted on my blog. Since this is a chain letter it is hard to provide credit for the original contributor.



We are not poor because we lack natural resources or because nature was cruel to us.

What is the difference then?

The difference is the attitude of the people, framed along the years by the education & the culture.

On analyzing the behavior of the people in rich & developed countries, we find that the great majority follow the following principles in their lives:
  1. Ethics, as a basic principle.
  2. Integrity.
  3. Responsibility.
  4. Respect to the laws & rules.
  5. Respect to the rights of other citizens.
  6. Work loving.
  7. Strive for saving & investment.
  8. Will of super action.
  9. Punctuality.
In poor countries, only a minority follow these basic principles in their daily life.

We are poor because we lack attitude.

We lack the will to comply with and teach these functional principles of rich & developed societies.

If you do not forward this message, nothing will happen to you. Your pet will not die, you will not be fired, you will not have bad luck for seven years and also you will not get sick.

If you love your country, let this message circulate for a major quantity of people could reflect about this & CHANGE, ACT!!!

Read More...

Saturday, May 5, 2007

Red Light Camera

၅၊ ၅၊ ၂၀၀၇


ဆိတ်ကွယ်ရာမရှိ


သားသားနားနား စာအိတ်လေး တစ်လုံး ရောက်လာလို့ ကြည့်လိုက်ပါတယ်။ ဘာတဲ့ မောင်ဂိုမာရီ မြို့နယ် ရုံးစာ ဆိုပါလား။ ကျောင်းတောင် မပြီးသေးဖူး အလုပ်ခန့်မယ့်သူက ပေါ်လာပြီထင်တယ်။ မှန်းစမ်း ဖွင့်ကြည့်စမ်းမယ်။ သြော် မောင်ဂိုမာရီ မြို့နယ်ရုံးမှာ လုပ်တဲ့ အချိန်ပိုင်း ကားဝယ်ရောင်းကိုး။ ကျုပ်ကားကို လိုချင်လွန်းလို့ ဓါတ်ပုံရိုက်ပြီး လိုက်ဝယ်တယ်ထင်ပ။ ဓါတ်ပုံကလည်း တစ်ပုံမဟုတ်ဖူး။


ဝေးဝေးကတစ်ပုံ နီးနီးကတစ်ပုံ အနီးကပ်ကတစ်ပုံ နဲ့ ၃ ပုံတောင်။ ကာလာနဲ့ဗျား။ ဒီလူ ဈေးကောင်းပေးတော့မယ် နဲ့တူတယ်။ စာဖတ်ကြည့်ဦးမှ။ ကိုရဲမွန်ခင်ဗျား . . . တဲ့။ ကြည့်စမ်းကြည့်စမ်း နာမည်တောင်သိနေသေးသကိုး။ ဒီ ဦးစ (USA) တို့ နိုင်ငံကလည်း မလွယ်ပါလား။ တယ်လီဖုန်း ခိုးနားထောင်လို နားထောင်၊ အီးမေးလ် ဖောက်ဖတ်လို ဖောက်ဖတ်နဲ့ အခု ကျုပ်ကားကို ဓါတ်ပုံ ရိုက်ရုံတင်မကဖူး နာမည်ရော လိပ်စာပါ သိကုန်ပြီ။ ဘာဆင်ခြေပေးမလဲ မသိဘူး ဆက်ဖတ်ကြည့်ဦးမှ။

"လူကြီးမင်း၏ ကားသည် မောင်ဂိုမာရီ မြို့နယ်ရှိ ၂၉လမ်း နှင့် တက္ကသိုလ် ရိပ်သာလမ်းထောင့် ရှိ မီးပွိုင့်တွင် မီးနီ ဖြတ်မောင်းသွားပါသဖြင့် ဒါဏ်ငွေ လာဆောင်ပါရန်" တဲ့။ သေဟဲ့ နန်ဒိယ။ လက်စသတ်တော့ မီးနီဖြတ်လို့ကိုး။

အမှတ်တမဲ့နဲ့ ဖြတ်မိ မီးပွိုင့်လေးပေါ်ကို x x x
( ကင်မရာက ) မမြင်ပါရင် အကောင်းသား x x x အဟောင်းများ အသစ်ဖြစ်မလာ
မြင်လာပြန်တော့ x x x တစ်မျိုးပဲ x x x ( ဒါဏ်ငွေ ) ဆောင်လိုက်ရပါပြီ။

မောင်ညီမလေးတို့လည်း လူလစ်ပြီ ဆိုပြီး မီးနီ ဖြတ်မမောင်းကြနဲ့နော်။ ယာဉ်တိုက်မှုတွေ အများဆုံးဟာ မီးနီဖြတ်မောင်းလို့ ဖြစ်ရတာတဲ့။ အခုဆို မောင်ညီမလေးတို့ရဲ့ ငွေမြို့တော် ရန်ကုန်မှာ ( ရန်ကုန် ဟာ အရင်ကတော့ ရွှေမြို့တော်ပါ အခုတော့ ကမ်းနားသစ်ပင် ဆိုသလို ရာထူးလျောပြီး ငွေမြို့တော် ဖြစ်နေပြီ ) မီးနီကင်မရာတွေ တပ်ဆင်ထားပြီ ဆိုတော့ မောင်ညီမလေးတို့ ရဲ့ ကား ဓါတ်ပုံလေးတွေ စာတိုက်ကနေ ရောက်လာနိုင်တယ်ကွဲ့။

Read More...

Thursday, May 3, 2007

Sense of responsibility

၃၊ ၅၊ ၂၀၀၇


တာဝန်


ကျွန်တော်တို့ ကျောင်းမှာ ဆရာ၊ ကျောင်းသား၊ ၀န်ထမ်း အာလုံး မိမိဓါတ်ပုံပါ ကဒ်ပြားကိုယ်စီ လည်ပင်းမှာ ဆွဲကြရပါတယ်။ ကျောင်းလုံခြုံရေးအတွက် ဆိုပါတော့။ ကဒ်ပြားမပါတဲ့နေ့ဆိုရင် စာရင်းဖြည့်ပြီး ဧည့်ကဒ်ပြားလုပ်ပြီးမှ ကျောင်းထဲဝင်ရပါတယ်။ တစ်နေ့မှာ တော့ နေ့လည်စာ စားမလို့ ကျောင်းဝင်ပေါက်ကနေ အပြင်ထွက်တုန်း အသက်ကြီးကြီး ပုဂ္ဂိုလ်ကြီးတစ်ယောက် ကျောပိုးအိတ်လေး တစ်လုံး လွယ်ပြီး ၀င်လာတာတွေ့လိုက်ရတယ်။ ပုဂ္ဂိုလ်ကြီးက ကဒ်ပြားချိတ်မထား ပဲ အစောင့်တွေရှေ့ က ခပ်တည်တည် ဖြတ်သွားပြီး လှေခါးနား ရောက်သွားမှ လုံခြုံရေး အစောင့်လေး တစ်ယောက်က အပြေးလိုက်ပြီး ကဒ်ပြား ပြခိုင်းနေတာတွေ့လိုက်ရတယ်။ ပုဂ္ဂိုလ်ကြီးက သူမေ့သွားလို့ ဆိုပြီးပြောကာ ကျောပိုးအိတ်လေးကို ကြမ်းပေါ်အသာချ ကဒ်ပြားရှာပြီး ထုတ်ပြလိုက်တော့ လုံခြုံရေး အစောင့်လေး အေးအေးဆေးဆေး ပြန်လာတာ တွေ့လိုက်ရတယ်။

ဒါနဲ့ပဲ နေ့လည်စာ သွားဝယ်မယ့် ဆိုင်ဖက် လျှောက်လာရင်း အတွေးနယ်ချဲ့နေမိတယ်။ အဲဒီပုဂ္ဂိုလ်ကြီးဆိုတာ တစ်ခြားလူမှ မဟုတ်တာ ကျွန်တော်တို့ ကျောင်းမှာ International Health ဌာနကို စတင်ထူထောင်ခဲ့တဲ့ Dr. Carl Taylor ဖြစ်နေလို့ပါ။ လက်ရှိလည်း ကျောင်းမှာ ဂုဏ်ထူးဆောင် ပါမောက္ခ လုပ်ရင်း စာသင်နေတုန်းပါ။ Primary Health Care နဲ့ ပတ်သက်တဲ့ Alma Ata Declaration ရေးဖို့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကနေ တိုင်ပင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလိုမျိုး ကမ္ဘာသိ ပါမောက္ခ ဆရာကြီးကို ၀န်ထမ်းကဒ် ချိတ်မထားလို့ လုံခြုံရေး အစောင့်လေးက လိုက်ပြီးတောင်းတယ်။ ဆရာကြီးကလည်း အသာတကြည်ပဲ အိတ်ထဲက ကဒ်ပြားရှာပြီး ထုတ်ပြလိုက်တယ်။ ဘာမှ ဟောက်လား ဟိန်းလား မင်းငါ့ကို မသိဘူးလား မလုပ်ဘူး။ လုံခြုံရေး အစောင့်ကလည်း ဒီပုဂ္ဂိုလ်ကြီးက လူကြီးများ ဖြစ်နေမလား ငါကဒ်ပြားတောင်းကြည့်ဖို့ ကောင်းပါ့မလား တွေဝေမနေဘူး သူလုပ်စရာရှိတာကို လုပ်သွားတယ်။

သြော် တာဝန်ရှိသူ နဲ့ တာဝန်သိကြ သူတွေ ကိုတွေ့ရတာ စိတ်ချမ်းသာဖို့ ကောင်းပေစွ။ ကျွန်တော်တို့ တိုင်းဌာနီ ရွှေပြည်ကြီး မှာတော့ဖြင့် ဟောက်စားများ နှင့် ပြည့်နှက်နေသေးကြောင်း တွေးမိ ရင်လေးမိပေသည်။

Read More...