၁၇၊ ၅၊ ၂၀၀၇
တက်ဆို တက်ပါ့မယ်ဗျ
ဣစာသယအိတ် ခေါ် ပန်ဒိုရာဘောက်စ် ၏ ကောင်းမှုကြောင့် အောက်ပါအချက်များကို ရှာဖွေတွေ့ရှိပါသည်။
- လက်ထဲတွင် ကိုင်ထားသော ပစ္စည်း တစ်ခုခုကို တွေ့ရာနေရာတွင် ချထားလေ့ရှိခြင်း။
- ပစ္စည်းပျောက်ရှာလျင် ရေခဲသေတ္တာကို ဖွင့်ကြည့်တတ်ခြင်း။
- အီးမေးလ် ကို မီးလျှံမြေခွေး ဖြင့် စစ်ပြီးလျှင် သေချာအောင် အိုင်အီး ဖြင့် ထပ်စစ်တတ်ခြင်း။
- ဧည့်ခံပွဲတွင် မိတ်ဆက်ပြီးပြီးခြင်း တစ်ဖက်လူ၏ အမည်ကို မေ့သွားတတ်ခြင်း။
- တယ်လီဖုန်းကို ဘယ်ဖက်နားဖြင့်သား နားထောင်၍ ရခြင်း။
- အိပ်နေရင်းမှ ကိုယ့်ဟောက်သံကြောင့်ကိုယ် ပြန်နိုးလာတတ်ခြင်း။
- မနက်အိပ်ရာထစဉ် အင်တာနက်မတက်ရမခြင်း လက်တုန်နေတတ်ခြင်း။
- ညာဖက်လက် တစ်ခုခု ဖြစ်သွားလျင် . . . ဟု တွေးကြောက်ပြီး ဘယ်ဖက်လက်ဖြင့် mouse သုံးတတ်အောင် လေ့ကျင့်ခြင်း။
- ကားပေါ်ပြန်တက်လိုက်လျင် ကားကက်ဆက်မှ နားထောင်လက်စ သီချင်းအလိုက် နှင့် နောက်ဆုံးရပ်သွားသော သီချင်းအပိုဒ် ကို အလိုအလျောက်မှတ်မိနေတတ်ခြင်း။
- Deja-Vu အတွေ့အကြုံ ရတတ်သည်ဟု အထင်ရှိခြင်း။
- ယနေ့ပြီးနိုင်သောကိစ္စ ကို မနက်ဖြန်မှ လုပ်တတ်ခြင်း။ (ဒါကြောင့် တက်ခြင်းစာရင်းကို နောက်ကျမှရေးဖြစ်ပါသည်)
- အဆစ်ပေးတတ်ခြင်း (ထို့ကြောင့် ၁၀ ချက်အစား ၁၂ ချက်ရေးလိုက်ပါသည်)
3 comments:
Ha ha ha ha....... Very funny! That's my bro..!
ကိုရဲမွန်... Ye-Mon ဆိုတဲ့ အိုင်ဒီတွေ့ တော့ ၊ ရည်မွန်ဆိုတဲ့ ညီမနဲ့ လွဲနေလို့ အဟား ။
အင်တာနက် မတက်ရရင် လက်တုန်တာ တကယ်လား ။ အတော်ထူးဆန်းတာပဲ ။ အဘိုးကြီးမဖြစ်ခင် တုန်နေပြီပေါ့ ။
ဟုတ်ပ။ တကယ်တုန်တာ။
Post a Comment