Thursday, May 17, 2007

Tag

၁၇၊ ၅၊ ၂၀၀၇


တက်ဆို တက်ပါ့မယ်ဗျ

ဣစာသယအိတ် ခေါ် ပန်ဒိုရာဘောက်စ် ၏ ကောင်းမှုကြောင့် အောက်ပါအချက်များကို ရှာဖွေတွေ့ရှိပါသည်။
  • လက်ထဲတွင် ကိုင်ထားသော ပစ္စည်း တစ်ခုခုကို တွေ့ရာနေရာတွင် ချထားလေ့ရှိခြင်း။
  • ပစ္စည်းပျောက်ရှာလျင် ရေခဲသေတ္တာကို ဖွင့်ကြည့်တတ်ခြင်း။
  • အီးမေးလ် ကို မီးလျှံမြေခွေး ဖြင့် စစ်ပြီးလျှင် သေချာအောင် အိုင်အီး ဖြင့် ထပ်စစ်တတ်ခြင်း။
  • ဧည့်ခံပွဲတွင် မိတ်ဆက်ပြီးပြီးခြင်း တစ်ဖက်လူ၏ အမည်ကို မေ့သွားတတ်ခြင်း။
  • တယ်လီဖုန်းကို ဘယ်ဖက်နားဖြင့်သား နားထောင်၍ ရခြင်း။
  • အိပ်နေရင်းမှ ကိုယ့်ဟောက်သံကြောင့်ကိုယ် ပြန်နိုးလာတတ်ခြင်း။
  • မနက်အိပ်ရာထစဉ် အင်တာနက်မတက်ရမခြင်း လက်တုန်နေတတ်ခြင်း။
  • ညာဖက်လက် တစ်ခုခု ဖြစ်သွားလျင် . . . ဟု တွေးကြောက်ပြီး ဘယ်ဖက်လက်ဖြင့် mouse သုံးတတ်အောင် လေ့ကျင့်ခြင်း။
  • ကားပေါ်ပြန်တက်လိုက်လျင် ကားကက်ဆက်မှ နားထောင်လက်စ သီချင်းအလိုက် နှင့် နောက်ဆုံးရပ်သွားသော သီချင်းအပိုဒ် ကို အလိုအလျောက်မှတ်မိနေတတ်ခြင်း။
  • Deja-Vu အတွေ့အကြုံ ရတတ်သည်ဟု အထင်ရှိခြင်း။
  • ယနေ့ပြီးနိုင်သောကိစ္စ ကို မနက်ဖြန်မှ လုပ်တတ်ခြင်း။ (ဒါကြောင့် တက်ခြင်းစာရင်းကို နောက်ကျမှရေးဖြစ်ပါသည်)
  • အဆစ်ပေးတတ်ခြင်း (ထို့ကြောင့် ၁၀ ချက်အစား ၁၂ ချက်ရေးလိုက်ပါသည်)
ဆက်လက်ပြီး ကိုဝေ့ ကို လက်ဆင့်ကမ်း တက်လိုက်ပါသည်။ ကိုဝေရေ ရေးပေတော့။

3 comments:

pandora said...

Ha ha ha ha....... Very funny! That's my bro..!

Anonymous said...

ကိုရဲမွန်... Ye-Mon ဆိုတဲ့ အိုင်ဒီတွေ့ တော့ ၊ ရည်မွန်ဆိုတဲ့ ညီမနဲ့ လွဲနေလို့ အဟား ။

အင်တာနက် မတက်ရရင် လက်တုန်တာ တကယ်လား ။ အတော်ထူးဆန်းတာပဲ ။ အဘိုးကြီးမဖြစ်ခင် တုန်နေပြီပေါ့ ။

Ye-Mon said...

ဟုတ်ပ။ တကယ်တုန်တာ။