Tuesday, June 3, 2008

MBEAN needs volunteers

၃၊ ၆၊ ၂၀၀၈

လုပ်အားပေး အလိုရှိသည်

MBEAN ဟု အမည်ရသော စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုက နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး ကိစ္စများတွင် ကူညီရန် လုပ်အားပေးများအလိုရှိကြောင်း သိရှိရသည်။ အသေးစိတ်ကို အောက်တွင် ဖတ်ရှုပါ။


MBEAN
လုပ်အားပေးလျှောက်လွှာခေါ်ယူခြင်း
၃ ဇွန် ၂၀၀၈

MBEAN စေတနာ့ဝန်ထမ်း အဖွဲ့သည် မေလ ၁၀ ရက်နေ့မှ စ၍ ဆိုင်ကလုန်း ဒဏ်ခံ မြန်မာပြည်သူများကို ကူညီလျက်ရှိပါသည်။ ကူညီလုပ်ဆောင်မှုများ အကျဉ်းကို ဤနေရာ တွင် ကြည့်နိုင်ပါသည်။

ထိုကယ်ဆယ်ရေး နှင့် စောလျင်စွာ ပြန်လည်ထူထောင်ရေး ကိစ္စများတွင် ပါဝင်ဆောင်ရွက်လိုသူ လုပ်အားပေးများအား ဖိတ်ခေါ်လိုပါသည်။ သို့ပါ၍ အောက်ပါ အချက်အလက်များ နှင့် ကိုက်ညီသော စေတနာရှင် လုပ်အားပေးများ (ကျား၊ မ၊ လူမျိုး၊ ဘာသာ မရွေး) ပူးတွဲပါ ပုံစံကို ဖြည့်စွက်၍ ဖော်ပြပါ အီးမေးလ် လိပ်စာသို့ ဆက်သွယ်ပါရန်။

လုပ်အားပေးလိုသူများအနေဖြင့် အောက်ပါအချက်အလက်များ နှင့် ကိုက်ညီရန် လိုအပ်ပါသည်။
  • ဇွန်လ မှ သြဂုတ်လအထိ သုံးလ အနည်းဆုံး လုပ်အားပေးနိုင်သူဖြစ်ရန်။
  • ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး နှစ်ရက် လုပ်အားပေးနိုင်သူဖြစ်ရန်။
  • အသက် ၁၈ နှစ် ပြည့်ပြီးသူ ဖြစ်ရန်။
  • အသင်းအဖွဲ့စိတ်ဓါတ် ရှိပြီး အများနှင့် လက်တွဲ လုပ်ဆောင်နိုင်သူဖြစ်ရန်။
  • မုန်တိုင်းဒဏ်ခံ ပြည်သူများ နှင့် ပြေပြစ်စွာ ဆက်ဆံနိုင်သူ ဖြစ်ရန်။
  • ရန်ကုန်နှင့် အနီးတ၀ိုက်တွင် နေထိုင်သူဖြစ်ရန်။
  • ရေလမ်းဖြင့် ခရီးသွားနိုင်သူ ဖြစ်ရန်။
  • ခရီးသည်တင်ယာဉ်ဖြင့် ခရီးသွားနိုင်သူ ဖြစ်ရန်။
  • တရားဥပဒေနှင့်ညိစွန်းသည့် ကိစ္စများ ရှောင်ကြဉ်ရန်။

MBEAN အဖွဲ့မှ လုပ်အားပေးသူများအတွက် အောက်ပါကိစ္စများကို တာဝန်ယူပါမည။်
  • ကယ်ဆယ်ရေးလုပ်ငန်းများအတွက် သွားလာရာတွင် ကုန်ကျသည့် ခရီးစရိတ်၊ စားစရိတ် ပံ့ပိုးပေးခြင်း။
  • ရေလမ်းခရီးသွားလာရာတွင် အသက်ကယ်အင်္ကျီပံ့ပိုးပေးခြင်း။
  • လုပ်ငန်းလုပ်ဆောင်ရန် အတွက် လိုအပ်သော ပစ္စည်း၊ စာရွက်စာတမ်း အစရှိသည်များ ပံ့ပိုးပေးခြင်း။
  • လူမှုကယ်ဆယ်ရေး နှင့် ပတ်သက်သည့် သင်တန်းများကို အခါအားလျော်စွာ စီစဉ်ပေးခြင်း။
  • လုပ်အားပေးခဲ့ကြောင်း အသိအမှတ်ပြု မှတ်တမ်းထုတ်ပေးခြင်း။

သတိပြုပါရန်။
MBEAN အဖွဲ့သည် လုပ်အားပေးများကို လစာ ပေးအပ်နိုင်မည် မဟုတ်ပါ။

ဆက်သွယ်ရန် အီးမေးလ်။
mbean@ngoinmyanmar.org


Application Form (Word)

Application Form (PDF)

2 comments:

weikhine said...

i hope many will reach out to help sis

Anonymous said...

ကျနော် မေးလ်နဲ့ ဆက်ဖြန့်ပြီး သံချောင်းခေါက်ထားပါတယ်

သင်ကာ