Thursday, January 21, 2010

The world is flat for LEAD

၂၁၊ ၁၊ ၂၀၁၀

LEAD အတွက်တော့ ကမ္ဘာကြီး ပြားလေပြီ

ရန်ကုန်


ရန်ကုန်က LEAD အဖွဲ့တွေက ရုံးချိန်မှာ လုပ်စရာရှိတဲ့ စာရွက်စာတမ်းတွေကို ပြင်ဆင်ပြီး ရုံးဆင်းခါနီး ဒါမှမဟုတ် ရုံးဆင်းအပြီး ရန်ကုန် ညနေပိုင်းလောက်မှာ လန်ဒန်က လူတွေဆီကို အီးမေးလ်နဲ့ ပို့ထားတယ်။ အချိန်က လန်ဒန်မှာ နေ့လယ်လောက် ဖြစ်နေပြီး အမေရိကား အရှေ့ဖက်ကမ်းမှာတော့ မနက် မိုးမလင်းသေးဘူး။

လန်ဒန်


လန်ဒန်က လူတွေက သူတို့ ရုံးချိန်အတွင်းမှာ LEAD အီးမေးလ်ကို ကမန်းကတန်းဖတ်၊ ချက်ချင်း အကြောင်းပြန်စရာရှိ ပြန်ပြီး သူတို့ ရုံးဆင်းချိန် (လန်ဒန်ရဲ့ ညနေခင်း) ရောက်တာနဲ့ LEAD အဖွဲ့ရဲ့ အလုပ်ကို စကိုင်ပါတယ်။ ဒီအချိန်မှာ အမေရိကား အရှေ့ဖက်ကမ်း (ဘော်လ်တီးမိုး၊ နယူးယောက်) မှာတော့ နေ့လယ် ဖြစ်နေပြီး ရန်ကုန်မှာတော့ သန်းခေါင်ကျော် တစ်ချက်တီး ရှိရောပေါ့။ အရှေ့ဖက်ကမ်းက လူတွေက ရန်ကုန်က ပို့ထားတဲ့ အီးမေးလ်နဲ့ လန်ဒန်က အကြောင်းပြန်ထားတာတွေကို ဖတ်ပြီး ဘာဆက်လုပ်ရမယ်ဆိုတဲ့ အခြေအနေကို ကြိုသိနေပါတယ်။

အရှေ့ဖက်ကမ်း (ဘော်လ်တီးမိုး၊ နယူးယောက်)


အဲ အမေရိကား အရှေ့ဖက်ကမ်းက လူတွေ ရုံးဆင်းချိန်လောက်ကျတော့ လန်ဒန်မှာလည်း ညဥ့်နက်နေပြီ။ လန်ဒန်က အဖွဲ့က လုပ်စရာရှိတဲ့ အပိုင်းလဲ ပြီးသလောက် ရှိနေပြီ။ အဆင်ပြေတဲ့အခါ လန်ဒန်နဲ့ အမေရိကား အရှေ့ဖက်ကမ်း အင်တာနက်ချက် ဖြစ်ဖြစ် ဖုံးဖြစ်ဖြစ်ပြော ဒါမှမဟုတ်လဲ အီးမေးလ်နဲ့ပဲ လန်ဒန်က လူတွေက အရှေ့ဖက်ကမ်းက လူတွေဆီ အလုပ်ကို ဆက်လွှဲပါတယ်။ အရှေ့ဖက်ကမ်းက လူတွေက ရုံးဆင်းချိန် ညနေပိုင်းလောက်မှာ သူတို့ဆက်လုပ်ရမယ့် အပိုင်းကိုလုပ် လက်စသတ်စရာရှိတာ လက်စသတ်ပြီး ည ၁၀ နာရီလောက်ကျတော့ ရန်ကုန်ကို အီးမေးလ်နဲ့ ပြန်ပို့ပါတယ်။ ဒီအချိန်ဆိုရင် ရန်ကုန်မှာ မနက် ၉ နာရီ ရုံးတက်ချိန် ရောက်ပြီပေါ့။ မနေ့က ရန်ကုန်က LEAD အဖွဲ့တွေ ရုံးဆင်းချိန်မှာ လန်ဒန်ကို ပို့ထားတဲ့ ကိစ္စက ဒီကနေ့ ရုံးတက်တော့ အီးမေး အင်ဘောက်စ်ထဲမှာ အဆင်သင့် ရောက်နေပါပြီ။

ကမ္ဘာကြီးကသာ တစ်ခြမ်းမှောင် တစ်ခြမ်းလင်း ဖြစ်နေတာ LEAD ကတော့ ၂၄ နာရီ လှုပ်ရှားနေတယ်လို့ ပြောရင် မမှားပါဘူး။ The world is flat for LEAD လို့လဲ ပြောလို့ ရနေပါပြီ။


ရဲမွန်

(စကားချပ်။ ။ LEAD ဆိုတာက Link Emergency Aid & Development လို့ ခေါ်တဲ့ နာဂစ်အပြီးမှာ ဖွဲ့ဖြစ်ခဲ့တဲ့ မြန်မာပြည်က လူမှုကူညီရေး အဖွဲ့တစ်ခုပါ။ စာရင်းစစ်တွေအတွက် လိုအပ်တဲ့ စာရင်းတစ်ခု လုပ်နေရင်း Thomas Friedman ရဲ့ The world is flat စာအုပ်ပါ အကြောင်းအရာနဲ့ တိုက်ဆိုင်နေလို့ စာစီထားလိုက်ပါတယ်။)


ဒီဖြစ်စဉ် တစ်ခုလုံးမှာ အသုံးပြုခဲ့တဲ့ ဆက်သွယ်ရေး နည်းတွေကတော့ …
  • ကွန်ပျူတာ
  • Windows & Microsoft Office
  • အင်တာနက်
  • အီးမေးလ်
  • Skype
  • Yahoo voice
  • Google voice, chat, talk, document
  • တယ်လီဖုန်း
  • စကင်နာ
  • ပရင်တာ
  • ဒါတွေကို ဘယ်လို သုံးရမယ် သိတဲ့ လူတွေ

No comments: