Sunday, April 8, 2007

WHO and UNAIDS recommend Male Circumcision

From VOA Burmese Program http://www.voanews.com/burmese/2007-04-05-voa4.cfm

Health Experts Recommend Male Circumcision for HIV Prevention


05 April 2007

Thar Nyunt Oo's Report in Burmese (Realplayer) - download 1.04M audio clip
Listen to Thar Nyunt Oo's Report in Burmese (Realplayer) audio clip

Kim Dickson, left, next to WHO's Jos Perriens, right, answers journalist's question about WHO and UNAIDS recommendations, 28 Mar 2007
Kim Dickson, left, next to WHO's Jos Perriens, right, answers journalist's question about WHO and UNAIDS recommendations, 28 Mar 2007
For the first time, the World Health Organization and UNAIDS are recommending that male circumcision be used as part of a comprehensive package of prevention of HIV, the virus that causes AIDS. Both agencies say strong evidence from trials in Kenya, Uganda and South Africa provide compelling evidence that male circumcision reduces the risk of heterosexually acquired HIV infection in men by about 60 %.

Dr. Ye Mon Myint, DrPH student of Dept. of Population, Family & Reproductive Health, Johns Hopkins University, discussed about how the male circumcision can prevent the HIV infection and whether it would be useful for Burmese society or not.

Read More...

Friday, April 6, 2007

Brownie Breakfast

၆၊ ၄၊ ၂၀၀၇


နံက်စာ


ဒီပုဂ္ဂိုလ် တစ်ယောက် ဘောလ်တီမိုးမှာ မနက်မနက် ဆို ဘာတွေများ စားနေလဲမသိဘူး လို့တွေးမိမလား။ ဒါက အခြေအနေအရပါပဲ။ မနက်စောစော အတန်းရှိတဲ့ ကာလတွေတုန်းကတော့ တပ်ပျက်နေတာပေါ့။ အခုတော့ ကိုယ်ပိုင် အချိန်နဲနဲ ရပါတယ်လေ။ ဒီနေ့ မနက်တော့ ဖျော်ကျန် (မနေ့က ဖျော်ထားပြီး ကျန်နေသော) ကော်ဖီကို နှပ်အိုးထဲကနေ မတ်ခွက်ထဲကို အသာငှဲ့လို့ ဓါတ်လှိုင်းမီးဖို ထဲ ထည့် အားအပြင်းဆုံးမှာ ထားပြီး ၁ မိနစ် တိတိမွှေ့လိုက်တယ်။ ကိုင်း . . . လာလေရော့ . . . ဓါတ်ကော်ဖီ ပူပူလေး။ ပြီးတော့ ဟိုနေ့က ၀ယ်ထားတဲ့ ခရင် (ဒီမှာတော့ half and half လို့ခေါ်တယ်၊ ဘာလို့ one လို့ မခေါ်လဲ လာမမေးနဲ့ မသိဘူး။ သူတို့ ဂဏန်းသင်္ချာ သိပ်မကျွမ်းလို့ဖြစ်နိုင်တယ်) သင့်ရုံ ထည့်ပြီး ဇွန်းနဲ့မွှေ။ ပြီးရင် ဇွန်းကို ကမန်းကတန်း ရေသွားဆေးပြီး ပုဂံစင်မှာ ထားလိုက်။ အဲလိုမလုပ်ရင် ဆပ်ပြာနဲ့ ဆေးနေရတော့မယ်။ ရေကအေးအေးနဲ့ ဆပ်ပြာ ခဏခဏ ကိုင်နေရရင် တယ်မဟန်ဘူး။ သကြားလား . . မထည့်ဖူး။ ခရင်မရှိရင် နွားနို့ ထည့်သောက်တယ်။ နွားနို့မရှိရင် နို့ဆီ နဲနဲထည့်တယ်။ ဒီနေ့များ ကံကောင်းချင်တော့ တစ်အိမ်ထဲနေမိတ်ဆွေ (ဒါကတော့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ဒေါ်သရဖီရဲ့ လေသံမျိုးပေါ့) ကိုယ်တိုင် လုပ်ထားတဲ့ ဟုမ်းမိတ် ဘရောင်နီ (တကယ်ကတော့ ဘလက်ကီ) မည်သော ချောကလက် ကိတ်မုန့်ကို တစ်စိတ်ဖဲ့လာပြီး ကွန်ပြူတာရှေ့ ရောက်လာပါတော့တယ်။

ခက်ဆစ်။

ဘောလ်တီးမိုး = baltimore အမေရိကန် နိုင်ငံ အရှေ့ခြမ်း ရှိ ဆိပ်ကမ်းမြို့ တစ်မြို့
တပ်ပျက် = ရှုပ်ယှက်ခပ်နေခြင်း (ဘန်းစကား)
ကော်ဖီ = coffee
half and half = နွားနို့တစ်ဝက် မလိုင်တစ်ဝက် ရောထားသော ကော်ဖီ၊ လ္ဘက်ရည် စသည်တို့တွင် ထည့်သောက်သည့် အရည်တစ်မျိုး
ဘရောင်နီ = brownie ကို အသံ ဖလှယ်ထားခြင်း (ချောကလက် ကိတ်)
ချောကလက် = chocolate ကို အသံဖလှယ်ထားခြင်း (ကိုကာသီးမှ ပြုလုပ်သော မည်းနက်ပြီး
အလွန်အင်မတန် ခါးသည့်အမှုန့်)
ကိုကာသီး = cacao ကို အသံဖလှယ်ထားခြင်း
ကိတ် = cake ကို အသံ ဖလှယ်ထားခြင်း
ဘလက်ကီ = ကျွန်ုပ်၏ အိမ်မှ လွန်စွာ ဟောင်သော
ခြေလေးချောင်း သတ္တ၀ါ အမည်
မတ်ခွက် = mug ကို အသံဖလှယ်ထားခြင်း
ဓါတ်လှိုင်းမီးဖို =
microwave oven
ဟုမ်းမိတ် = home-made ကို အသံ ဖလှယ်ထားခြင်း
အသံ ဖလှယ်ထားခြင်း = လူမျိုးခြား ဘာသာစကား ကို အသံထွက် အတိုင်းရေးခြင်း

မှတ်ချက်။
ခက်ဆစ် စာရင်းပြုစု ရင်းနဲ့မှ တစ်ခု သတိထားမိသွားတယ်။ ဗမာစာ သည် ဒို့စာ၊ အသံဖလှယ်တာ ဒို့စာ

Read More...

Monday, April 2, 2007

Grocery Shopping

၂၊ ၄၊ ၂၀၀၇


ဈေးစာရင်း

(ဈေးစာရင်း ရေးနည်းလေး မေ့သွားမှာ စိုးလို့ လေ့ကျင့်ကြည့်တာ)


စဉ်

အမျိုးအမည်

ကျသင့်ငွေ (ဒေါ်လာ)

၁။

ပေါင်မုန့် တစ်လုံး

.၉၉

၂။

ကြက်ဥ - ၁ ဒါဇင်ခွဲ

.၆၉

၃။

ကော်ဖီ နှင့် သောက်ရန် ခရင် (half & half)

.၃၉

၎။

နွားနို့ - တစ်ပုလင်း

.၁၉

၅။

ပဲနို့ ပုလင်းကြီး - တစ်ပုလင်း

.၉၉

၆။

အသင့်စား ညစာဗူး (ကြီး) တစ်ဗူး

.၇၉

၇။

အသင့်စား ညစာဗူး (သေး) နှစ်ဗူး

.၂၈

၈။

ငါးသေတ္တာ ၃ ဗူး

.၀၀

၉။

ပဲဆီ တစ်ပုလင်း

.၁၉

၁၀။

အမဲသား စဉ်းကော (အဆီ ၈%)

.၆၀

၁၁။

အသားညှပ် ဘီစကစ် ၆ ခုပါ တစ်ထုပ်

.၉၉

၁၂။

စားအုံးဆီ (တစ်ဂါလံ)

.၉၉

၁၃။

ကြက်ရင်ပုံသား (အရိုးထုတ်ပြီး) လေးစိတ်

.၀၈

၁၄။

ဟင်းရွက်စုံ တစ်ထုတ်

.၉၉

၁၅။

နာနတ်သီး တစ်စိတ် (အခွံသင်ပြီး)

.၉၉

၁၆။

ဆန် တစ်အိတ် (၂၅ ပေါင်)

၁၃.၀၀

၁၇။

ဂျင်း - ၃ တက်

.၂၈

၁၈။

အမဲသားလုံး တစ်ထုပ်

.၅၀

၁၉။

အမဲသား

၂.၅၃


စုစုပေါင်း

၇၀.၉၆

Read More...

Favorite Quotes 1

၂၊ ၄၊ ၂၀၀၇


မှတ်သားမိသော ပညာရှိ စကားများ (၁)


ဆုံးဖြတ်ရဲသူ ကို ဇွတ်တရွတ်ဆန်တယ်၊ ချင့်ချိန်တတ်သူ ကို သူရဲဘောကြောင်တယ်၊ ရက်ရောသူ ကို လက်ဖွာတယ်၊ စည်းကမ်းနဲ့ပေးသူ ကို ကပ်စေးနဲတယ်၊ ဦးဆောင်နိုင်သူ ကို နေရာယူတယ်၊ ကျွမ်းကျင်သူ ကို လည်လွန်းတယ်လို့ အထင်မလွဲပါနဲ့။ ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ် တစ်ခုပါ။

ဓမ္မဒူတ အရှင်ဆေကိန္ဒ

Read More...

Friday, March 23, 2007

Three Seasons in Baltimore

၂၃၊ ၃၊ ၂၀၀၇


ဘော်လ်တီးမိုး မှ သုံးရာသီ်


ပြီးခဲ့တဲ့ တစ်ပတ် တုန်းက ဘော်လ်တီးမိုး ရာသီဥတု ခပ်ကြောင်ကြောင် ဖြစ်နေလေရဲ့။ အင်္ဂါနေ့မှာ နေခြစ်ခြစ်တောက်ပူနေလို့ စွပ်ကျယ် နဲ့တောင် နေလို့ရနေတယ်။ နောက်တစ်ရက်လည်း ကျရော ရေခဲ မိုးတွေရွာ ပြီး နှင်းကျလာပါလေရော။ ဒီနေ့တော့ မိုးအုံ့နေလေရဲ့။ တစ်ပတ် အတွင်းမှာ ရာသီဥတု သုံးမျိုးတွေ့နေ ရတယ်။

Read More...