Friday, April 6, 2007

Brownie Breakfast

၆၊ ၄၊ ၂၀၀၇


နံက်စာ


ဒီပုဂ္ဂိုလ် တစ်ယောက် ဘောလ်တီမိုးမှာ မနက်မနက် ဆို ဘာတွေများ စားနေလဲမသိဘူး လို့တွေးမိမလား။ ဒါက အခြေအနေအရပါပဲ။ မနက်စောစော အတန်းရှိတဲ့ ကာလတွေတုန်းကတော့ တပ်ပျက်နေတာပေါ့။ အခုတော့ ကိုယ်ပိုင် အချိန်နဲနဲ ရပါတယ်လေ။ ဒီနေ့ မနက်တော့ ဖျော်ကျန် (မနေ့က ဖျော်ထားပြီး ကျန်နေသော) ကော်ဖီကို နှပ်အိုးထဲကနေ မတ်ခွက်ထဲကို အသာငှဲ့လို့ ဓါတ်လှိုင်းမီးဖို ထဲ ထည့် အားအပြင်းဆုံးမှာ ထားပြီး ၁ မိနစ် တိတိမွှေ့လိုက်တယ်။ ကိုင်း . . . လာလေရော့ . . . ဓါတ်ကော်ဖီ ပူပူလေး။ ပြီးတော့ ဟိုနေ့က ၀ယ်ထားတဲ့ ခရင် (ဒီမှာတော့ half and half လို့ခေါ်တယ်၊ ဘာလို့ one လို့ မခေါ်လဲ လာမမေးနဲ့ မသိဘူး။ သူတို့ ဂဏန်းသင်္ချာ သိပ်မကျွမ်းလို့ဖြစ်နိုင်တယ်) သင့်ရုံ ထည့်ပြီး ဇွန်းနဲ့မွှေ။ ပြီးရင် ဇွန်းကို ကမန်းကတန်း ရေသွားဆေးပြီး ပုဂံစင်မှာ ထားလိုက်။ အဲလိုမလုပ်ရင် ဆပ်ပြာနဲ့ ဆေးနေရတော့မယ်။ ရေကအေးအေးနဲ့ ဆပ်ပြာ ခဏခဏ ကိုင်နေရရင် တယ်မဟန်ဘူး။ သကြားလား . . မထည့်ဖူး။ ခရင်မရှိရင် နွားနို့ ထည့်သောက်တယ်။ နွားနို့မရှိရင် နို့ဆီ နဲနဲထည့်တယ်။ ဒီနေ့များ ကံကောင်းချင်တော့ တစ်အိမ်ထဲနေမိတ်ဆွေ (ဒါကတော့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ဒေါ်သရဖီရဲ့ လေသံမျိုးပေါ့) ကိုယ်တိုင် လုပ်ထားတဲ့ ဟုမ်းမိတ် ဘရောင်နီ (တကယ်ကတော့ ဘလက်ကီ) မည်သော ချောကလက် ကိတ်မုန့်ကို တစ်စိတ်ဖဲ့လာပြီး ကွန်ပြူတာရှေ့ ရောက်လာပါတော့တယ်။

ခက်ဆစ်။

ဘောလ်တီးမိုး = baltimore အမေရိကန် နိုင်ငံ အရှေ့ခြမ်း ရှိ ဆိပ်ကမ်းမြို့ တစ်မြို့
တပ်ပျက် = ရှုပ်ယှက်ခပ်နေခြင်း (ဘန်းစကား)
ကော်ဖီ = coffee
half and half = နွားနို့တစ်ဝက် မလိုင်တစ်ဝက် ရောထားသော ကော်ဖီ၊ လ္ဘက်ရည် စသည်တို့တွင် ထည့်သောက်သည့် အရည်တစ်မျိုး
ဘရောင်နီ = brownie ကို အသံ ဖလှယ်ထားခြင်း (ချောကလက် ကိတ်)
ချောကလက် = chocolate ကို အသံဖလှယ်ထားခြင်း (ကိုကာသီးမှ ပြုလုပ်သော မည်းနက်ပြီး
အလွန်အင်မတန် ခါးသည့်အမှုန့်)
ကိုကာသီး = cacao ကို အသံဖလှယ်ထားခြင်း
ကိတ် = cake ကို အသံ ဖလှယ်ထားခြင်း
ဘလက်ကီ = ကျွန်ုပ်၏ အိမ်မှ လွန်စွာ ဟောင်သော
ခြေလေးချောင်း သတ္တ၀ါ အမည်
မတ်ခွက် = mug ကို အသံဖလှယ်ထားခြင်း
ဓါတ်လှိုင်းမီးဖို =
microwave oven
ဟုမ်းမိတ် = home-made ကို အသံ ဖလှယ်ထားခြင်း
အသံ ဖလှယ်ထားခြင်း = လူမျိုးခြား ဘာသာစကား ကို အသံထွက် အတိုင်းရေးခြင်း

မှတ်ချက်။
ခက်ဆစ် စာရင်းပြုစု ရင်းနဲ့မှ တစ်ခု သတိထားမိသွားတယ်။ ဗမာစာ သည် ဒို့စာ၊ အသံဖလှယ်တာ ဒို့စာ

3 comments:

Anonymous said...

LOL! Blackie! I'll try to make a real brownie next time. Hehe.

Anonymous said...

good collection of burmese glossaries. funny post. love it. Accidentially read your blog. nice one...keep it up

Ye-Mon said...

hey ppa,
no worry. it tasted great.

hi loimwethu,
thanks for your comment. visit again if u feel like to.