Wednesday, November 14, 2007

Twenty Years Before

၁၄၊ ၁၁၊ ၂၀၀၇

လွန်ခဲ့သော အနှစ် - ၂၀

တိတိကျကျ ဆိုရပါလျှင် လွန်ခဲ့သော ၂၁-နှစ် ဆောင်းတွင်း။ တီတီစီ (ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း) ကျောင်းသားဟောင်းများ အသင်း၏ မိတ်ဆုံ စားပွဲနှင့် အသင်းဝင်များ၏ သားသမီးများ အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင်ဖြစ်သည်။ ကျွန်တော့်မိခင်မှာ တီတီစီ ကျောင်းသူဟောင်း ဖြစ်၍ ထိုနှစ်က ၁၀ တန်း အောင်မြင်ခဲ့သော ကျွန်တော်တစ်ယောက် ဆု သွားယူရပေသည်။ ၁၀ တန်း အတူ အောင်မြင်ခဲ့ကြသော အခြား သူငယ်ချင်းများ (သူတို့၏ မိဘများကလည်း ကျောင်းသားဟောင်း အသင်းဝင်များ ဖြစ်ကြသည်) နှင့် ဓါတ်ပုံ တစ်ပုံ ရိုက်ခဲ့လေသည်။ ဖြစ်ချင်တော့ ကျွန်တော့်တွင် ထိုဓါတ်ပုံ မရှိ။ ဓါတ်ပုံ ရိုက်မိမှန်းပင် အမှတ်မရမိ။ တမြန်နေ့ကမှ ပုံပါ သူငယ်ချင်းတစ်ဦးက ထိုဓါတ်ပုံကို လူကြုံပါးလာသောကြောင့် ပြန်ကြည့်ရင်း ငယ်မူပြန်ကာ ဘလောက်တွင် ဖော်ပြရသော် ကောင်းပေစွဟု ဖာသာ တွေးမိသည်။ ပြသာပြရသည် ရောင်းရင်းတို့ ကျွန်တော့် ငယ်ရုပ်ကို ဖမ်းနိုင်ပါ့မလား ဆိုသည်ကတော့ သိပ်မသေချာ။ ရှုလော့ ...

13 comments:

Anonymous said...

Hi Ye Mon,
You remembered about that photo and who can recognize you ?
KKA

P.Ti said...

အလယ်ကတယောက် မျက်မှန်လေးနဲ့..

စိုးထက် - Soe Htet ! said...

ကိုပီတိ ပြော သလို ထင်တာပဲ ... :P

ရွှေဂျမ်း said...

ဒီပုံလေးကို တွေ့တော့ အမေ့ကို လွမ်းလိုက်တာ။း(
(ဒါနဲ့ မျက်မှန်နဲ့ နောက်တစ်ယောက်ကိုလည်း သိသလိုပဲ။။ ကျန်တာတွေတော့ မသိတော့ဘူး)

လင်း said...

ကျောင်းကိုတောင်လွမ်းသွားပြီ။ ဘီအီးဒီကင်းတင်းသွားထိုင်ရအောင်လေ။
ရွှေဂျမ်းပါခေါ်လိုက်မယ်

Ye-Mon said...

Hi KKA - There are at least two who can correctly guess me in the photo. No wonder there were only two guys with glasses. :) Thanks for the photo.

ပီတိရေ - ဒါဆို မှန်ပါတယ်ကွယ်။ ညီလေး တစ်မှတ်။
ကစိုးထက် - မှန်သွားပြန်ပြီ။
ရွှေဂျမ်း - အဲဒီပုံက ငါးတန်း စာသင်ခန်းတွေရှေ့က ကွင်းပြင်မှာ ရိုက်ထားတာ။ နောက်ခံမှာ ဒါန်းတောင်ပါသေး။ တွေ့လား။
လင်း - လုပ်လိုက်လေ။ ကြာသလားလို့။ မပုလဲဆိုင်မှာ ပုဇွန်ခွက်ကြော်သုတ် သွားစားရအောင်။

pandora said...

ကိုရဲမွံက ကြီးမှ ပိုပိုခန့်လာတာကိုး .. (လာလည်ရင် မုန့်ကောင်းကောင်းကျွေးပါ.. ဟိ)

ရွှေဂျမ်း said...

ဟုတ်တယ်နော်။ ဘီအီးဒီကန်တင်းဆို ပုစွန်ခွက်ကြော်သုတ်ပဲ ပြေးပြေးမြင်တယ်။ ရန်ကုန်ပြန်ရင် သွားစားကြရအောင်။း)

Anonymous said...

မပန်ပြောသလိုပဲ .. ကိုရဲမွန်ကြီးက ခုတော့ ၀လို့ ခန့်လို့ ပေါ့လေ အဟဲ ဟဲ ။ တိုးတက်တဲ့ ခုနှစ်တွေထဲမှာ ၀ိတ် တွေလည်း ပါသကိုးး)

Alvin S. C. Lee said...
This comment has been removed by the author.
Alvin S. C. Lee said...

Ko YeMon,
Let me guess, based on your previously posted photos... you are the bespectacled person in the middle?

You graduated from TTC? This alumni site may interest you :)

Ye-Mon said...

ပန်ဒိုရာ နဲ့ ဂျစ်တူး -
ဒါဆို တူမကြီးတို့ ပြောတာ မှန်ပါတယ်။း)

Ko Alvin -
you are right. what a good eyesight! :)
thanks for TTC website. it is a rendezvous for us.

Anonymous said...

Hey, Ye Mon. Great blog! I did not know that you have a blog. Now, I know with what you are busy with. Oh, you can also cook, too. I'll let you know when we (a bunch of Burmese medic and scientists who want to quit the day job) open a restaurant. AAMon called me 2 wks ago from Africa. I'll pass the news!
Ma Moh