၁၅၊ ၄။ ၂၀၀၈
ရင်တွင်းဖြစ် သံချပ်များ
လွန်လေပြီးသောအခါက သင်္ကြန် ဟာ အမျှော်လင့်ရဆုံး၊ ရင်အခုန်ရဆုံး နဲ့ အပျော်ရဆုံး ရာသီပွဲ ဖြစ်ခဲ့ပါတယ်။ သင်္ကြန် မရောက်ခင် တစ်လအလိုလောက်ကတည်းက သူငယ်ချင်းတွေနဲ့ တိုင်ပင်၊ ပိုက်ဆံစု၊ ဓါတ်ဆီစု၊ ရေပက်ခံကားရှိသူ သူငယ်ချင်းများကို မျက်နှာချိုသွေး၊ ကားပြင် .. စတာတွေနဲ့ အလုပ်ရှုပ်မြဲပါ။ အခုတော့လည်း တစ်ယောက် တစ်နေရာစီ ... ပြန်မတွေ့နိုင်ကြတော့။ ရန်ကုန်တစ်မြို့ထဲ ရှိနေရင်တောင် သင်္ကြန်တွင်း မဆုံနိုင်ကြပေ။ ကိုယ်တိုင်ပင် မြန်မာသင်္ကြန် မကျဖြစ်တာ ၅ နှစ် မကတော့ပြီ။
ထိုစဉ်က လူငယ်တို့ ဘာသာဘာဝ ပျော်ပျော်ရွှင်ရွင် နောက်ပြောင်ခဲ့ကြသော (အနည်းငယ် စူးရှသော စကားလုံးများပါသည့်) နောင်တော့် နောင်တော်ကြီးများ လက်ဆင့်ကမ်းခဲ့သော သံချပ်များနှင့် ကိုယ်တိုင်လုပ် သံချပ်များကို မှတ်တမ်းတင်ထားလိုပါသည်။
ပျော်ရွင်ကြစေလိုသော သဘောဖြင့် နောက်ပြောင် ပြောဆိုကြသည်များဖြစ်၍ သင်္ကြန်တွင် မပျော်တတ်သူများ၊ စကား အကျအန ကောက်တတ်သူများ၊ အဝေဖန်သန်သူများ၊ ကျေးဇူးပြု၍ ဆက်မဖတ်ပါရန် အကြံပြုပါသည်။
ဒါကတော့ ရိုးရိုးကြီးဇေယျ လက်ဆင့်ကမ်း သံချပ်များပါ။
ဒါကတော့ ရေပက်ခံထွက်စဉ် ရိုမန်ကြွေပြားကုမ္ပဏီ၏ ရေပက်ခံကားနှင့် ဘေးချင်းယှဉ်ရင်း အသံကုန် အော်ခဲ့သော သံချပ်ကလေး.။
ဒါကတော့ ကရင်တိုင်းရင်းသားများ အများစု ပါဝင်သော ရေပက်ခံကားနှင့် ဆုံတွေ့စဉ်၊ သင်တိုင်း အင်္ကျီဝတ် အမျိုးသား တစ်ဦးက လမ်းပေါ်တွင် က နေရာ စာရေးသူတို့ သူငယ်ချင်း တသိုက်က ပါးစပ်ဆိုင်းတီးပေးခဲ့တာပါ။ (သီချင်း အလိုက်ကတော့ ကြားနေကျ ကရင်သီချင်း တစ်ပုဒ်အတိုင်းပါ)
(ဒီအထိကတော့ က နေတဲ့ မောင်က သဘောကျပါတယ် ... ဆက်ပြီး သင်တိုင်းက ကနေတာပေါ့၊ ဒီမှာပဲ ကျွန်တော်တို့ အထဲက တစ်ယောက်က သီချင်းအလိုက်အတိုင်း အရွှမ်းဖောက်လိုက်ပါတယ်)
(အဲဒီလို ဆိုတဲ့အခါမှာတော့ ကနေတဲ့ သကောင့်သား တန့်ကနဲ ရပ်သွားပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားပါတယ်၊ နောက်မှ)
ဆိုပြီး သူ့သင်္ကြန်ကားပေါ် ပြန်တက်ပြေးသွားပါတော့တယ်။
နောက်ဆုံး စမြုံ့ပြန်ချင်တဲ့သံချပ်ကတော့ နဲနဲ ကြမ်းပါတယ်။ ဖရဲသီး သံချပ်ရဲ့ နောက်ဆက်တွဲ - စကားထာဖွက်ပုံဖြင့် စာရေးသူတို့ သူငယ်ချင်းတတွေ တီထွင်ခဲ့တာပါ။ တီထွင်တယ်လို့ သေချာပေါက်ပြောလို့ရပါတယ်။ အဲဒီနှစ် သင်္ကြန်လည်တုန်းက အကျနေ့မှာ စာရေးသူတို့ အော်ခဲ့တာတွေ အကြပ်နေ့ကျတော့ အခြား ရေပက်ခံကားက မောင်တွေရဲ့ ပါးစပ်ထဲ ရောက်နေလောက်အောင် အောင်မြင်ခဲ့ပါတယ်။
“ရယ်သောသူ အာပြဲ၏”။ ရယ်နိုင်ကြပါစေ ...
သံချပ်တိုင်ဖက် သူငယ်ချင်းများ နှင့် ချစ်လူမိုက် အတွက် .. အမှတ်တရ
အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပြည့် ရှိကြပါစေကြောင်း ... ဘလောက်ပေါ်မှ ဆုတောင်းလိုက်ပါတယ်။

အပျိုပိန်ပိန် ရေမစိမ်နဲ့ ...
... (သံပြိုင်ဆို) အီကြာကွေး ... အီကြာကွေး
အပျို၀၀ ရေမချနဲ့ ...
... (သံပြိုင်ဆို) မုန့်ဖက်ထုပ် ... မုန့်ဖက်ထုပ်
အမေ့ချွေးမ ပျောက်လို့ရှာ ...
... (သံပြိုင်ဆို) တွေ့ပြီ .. တွေ့ပြီ .. သူပဲ .. သူပဲ
နီနီရဲရဲ ပြဲပြဲကြီး ...
... (သံပြိုင်ဆို) ဖရဲသီး ... ဖရဲသီး
ဒါကတော့ ရေပက်ခံထွက်စဉ် ရိုမန်ကြွေပြားကုမ္ပဏီ၏ ရေပက်ခံကားနှင့် ဘေးချင်းယှဉ်ရင်း အသံကုန် အော်ခဲ့သော သံချပ်ကလေး.။
ရိုမန်ကြွေပြား ကပ်ကြပါလား ...
... (သံပြိုင်ဆို) အိမ်သာထဲ ... အိမ်သာထဲ
ဒါကတော့ ကရင်တိုင်းရင်းသားများ အများစု ပါဝင်သော ရေပက်ခံကားနှင့် ဆုံတွေ့စဉ်၊ သင်တိုင်း အင်္ကျီဝတ် အမျိုးသား တစ်ဦးက လမ်းပေါ်တွင် က နေရာ စာရေးသူတို့ သူငယ်ချင်း တသိုက်က ပါးစပ်ဆိုင်းတီးပေးခဲ့တာပါ။ (သီချင်း အလိုက်ကတော့ ကြားနေကျ ကရင်သီချင်း တစ်ပုဒ်အတိုင်းပါ)
၁၀ ပြား နဲ့ ၅ ပြား ပေါင်းတော့ ... ၁၅ ပြားဟေ့ ...
ထီးပေါင် ... ဖိနပ်ပေါင် ... ထီးပေါင်လားဟေ့ ...
မင်းအမေလင်ဟာ ... မင်းအဖေပဲဟေ့ ...
(ဒီအထိကတော့ က နေတဲ့ မောင်က သဘောကျပါတယ် ... ဆက်ပြီး သင်တိုင်းက ကနေတာပေါ့၊ ဒီမှာပဲ ကျွန်တော်တို့ အထဲက တစ်ယောက်က သီချင်းအလိုက်အတိုင်း အရွှမ်းဖောက်လိုက်ပါတယ်)
မင်းညီမကို ငါ့ကိုပေးဟေ့ ...
(အဲဒီလို ဆိုတဲ့အခါမှာတော့ ကနေတဲ့ သကောင့်သား တန့်ကနဲ ရပ်သွားပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်သွားပါတယ်၊ နောက်မှ)
... မပေးဘူးဟေ့ ... မပေးဘူးဟေ့ ...
ဆိုပြီး သူ့သင်္ကြန်ကားပေါ် ပြန်တက်ပြေးသွားပါတော့တယ်။
နောက်ဆုံး စမြုံ့ပြန်ချင်တဲ့သံချပ်ကတော့ နဲနဲ ကြမ်းပါတယ်။ ဖရဲသီး သံချပ်ရဲ့ နောက်ဆက်တွဲ - စကားထာဖွက်ပုံဖြင့် စာရေးသူတို့ သူငယ်ချင်းတတွေ တီထွင်ခဲ့တာပါ။ တီထွင်တယ်လို့ သေချာပေါက်ပြောလို့ရပါတယ်။ အဲဒီနှစ် သင်္ကြန်လည်တုန်းက အကျနေ့မှာ စာရေးသူတို့ အော်ခဲ့တာတွေ အကြပ်နေ့ကျတော့ အခြား ရေပက်ခံကားက မောင်တွေရဲ့ ပါးစပ်ထဲ ရောက်နေလောက်အောင် အောင်မြင်ခဲ့ပါတယ်။
နီနီရဲရဲ ပြဲပြဲကြီး ...
... (သံပြိုင်ဆို) ဖရဲသီး ... ဖရဲသီး
အမွှေးဖွားနဲ့ အရိုးရှည် ...
... (သံပြိုင်ဆို) စားလိုက်စမ်းပါ ... ပြောင်းဖူး .. ပြောင်းဖူး
မည်းမည်းကြီးနဲ့ အပေါက်ပါ ...
... (သံပြိုင်ဆို) ကြံကြံဖန်ဖန် ... ဘုန်းကြီး သပိတ်
မည်းမည်းကြီးနဲ့ အရိုးရှည် ...
... (သံပြိုင်ဆို) ဆောင်းလိုက်စမ်းပါ ... ထီးကောက် .. ထီးကောက်
“ရယ်သောသူ အာပြဲ၏”။ ရယ်နိုင်ကြပါစေ ...
သံချပ်တိုင်ဖက် သူငယ်ချင်းများ နှင့် ချစ်လူမိုက် အတွက် .. အမှတ်တရ
အားလုံးပဲ နှစ်သစ်မှာ မင်္ဂလာအပြည့် ရှိကြပါစေကြောင်း ... ဘလောက်ပေါ်မှ ဆုတောင်းလိုက်ပါတယ်။
7 comments:
ရီရတာ ပါးစပ် နားရွက် ချိတ် တော့မယ် ...
မပေးဘူးဟေ့ မပေးဘူး ... :P
yes i also miss my old times with friends. Thanks for your post. I miss you all.
ဟားဟား.. ကောင်းလိုက်တဲ့သံချပ်….
သင်္ကြန်မှာ ကျွန်တော်လည်း ပေါက်ကရဆိုခဲ့ဖူးတယ်ဗျ…
မဏ္ဍပ်တခုမှာ ကောင်မလေးတွေ ပက်မယ့်လူမရှိတော့ ပိုက်တွေ ပူးကိုင်ထားတော့ အော်လိုက်တာလေ…
ဟိုကောင်မလေးချောလိုက်တာ… ကိုင်ထားတာလည်း နှစ်လုံးပြူးဗျ….
အဲဒါလည်းကြားရော.. ကိုင်ထားတဲ့ ပိုက်နှစ်လုံးပြစ်ချပြီး အထဲဝင်သွားပါလေရော။
နောက်ပိုင်းတွေမှာ ပိုက်ပူးကိုင်ထားရင် အဲဒါအော်တော့တာပဲ။ လွမ်းတော့လည်းလွမ်းသားပဲ…
ဒီပို့စ်ကို ဖတ်တော့ တစ်ခါက အော်ဖူးတာ သတိရတယ်။ ရာဇာနေ၀င်းပါတဲ့ သင်္ကြန်ကားက မဏ္ဍပ်ရှေ့မှာရပ်တုန်း ရာဇာ့ဖင် လောက်စာလုံးဝင် ကယ်ကြပါဦးရှင်။ ရာဇာ့ဖင် တုတ်နဲ့ထိုး အားရိုးရိုး အားရိုးရိုး ဆိုပြီး
ဝိုင်းအော်ကြတာ။ နောက်တော့ မဏ္ဍပ်ဖက် လှည့်တောင် မကြည့်တော့ဘူး သိလား။ :P
ဟင်းဟင်းဟင်းဟင်း
အဲဒီသံချပ်တွေ တယောက်ယောက်က ပြောပြထားလို့ ကြားဖူးနေဒယ်.. တဖွဲ့တည်းနေမှာ... ဟတ်လား..
အဟား နောက်ဆုံးသံချပ်ကိုဖတ်ပြီး ရယ်လိုက်ရတာ ။ ကိုရဲမွန်ကြီးက ရုပ်တည်ကြီးနဲ့ အဲလိုလည်း ရတာပဲကိုး အဟား ။
Post a Comment