Monday, April 21, 2008

Tragedy That Needs Not Repeat

၂၁၊ ၄၊ ၂၀၀၈

ရိုင်းတဲ့ ရာဇ၀င်

ဆန်ဈေးကြီးမြင့်
ဆီဈေးဝင့်၍
သားငါးပါးရှား
ဤခေတ်တွင်ကား
မတတ်သာလို
ကျန်းမာပြိုသည်
ဆီမီးဘဝ
ငြိမ်းလေရကား
မကျေသော်တိ ဖြေသာ၏။

အိုဘယ့်ပေါသည့်
လှိုင်လှိုင်ရသည့်
လေမရှိမူ
သေရဟူက
ရာဇ၀င်ညစ်
စာတင်ရစ်ပြီ
ဖြေမဆည်ဘိ သေလွယ်၏။

ညီနောင်နွယ်ဖွား
ဗမာများတို့
လေမရ၍
နောက်ထပ်ကွယ်သူ
မရှိမူကြောင်း
ဆုမွန်တောင်းသည်
ရင်းစစ် ပြဿနာ ပြေလို၏။

တက္ကသိုလ်လှမွန်

5 comments:

mmhan said...

Wow.. Great poem!

pandora said...

လွယ်တာကိုခက်စေ၍ ခက်တာကို အစပါရှာမရအောင် စီမံခန့်ခွဲတတ်သူများ၏ ရင်းမြစ်ပြဿနာများကြားတွင် အလကားရသော လေကိုပင် မ၀၍ သေရသည် ဆိုသည်မှာ...

myatnoe said...

ပေါသာပေါလည်း
ခုချိန်ခါမှာ
လေဆိုးလေညစ်
လေမစစ်မို့
ရောဂါပိုးမွှား
များသည့်အတွက်..
ငါလေ..တခါ သေရပြန်သည်..။

စိုးထက် - Soe Htet ! said...

းးးးးးး((((((((

Yi Yi Win said...

လေမရှိသော
ခရောင်းတောဝယ်
အသက်အောင့်ကာ
ဖြတ်လျှောက်ရှာသော
ဘ၀အမောသည်
ပန်းတိုင်ဘယ်ဆီ
မသိမီ၌…
ခံနိုင်ရည်ဆုံး
ဘ၀တုံးပေါ့……
သေသော်မှတည့်..သြော်ကောင်း၏။