၂၇၊ ၆၊ ၂၀၀၈
ရဲမွန် ဘာတွေ လုပ်နေလဲ
ချို ချင် ငံ စပ် ဖန် ခါး ....
တကယ်ကို ရသာ စုံနေပါတယ်။ ဘလောက်ဖက်တောင် မလှည့်နိုင်တာသာကြည့်။
အခုတော့ တိမ်တွေကင်းလို့ နေမင်း သာစ ပြုလာပါပြီ ...
ဒါပေမယ့် အီးမေး၊ ဘလောက်၊ အင်တာနက်တွေ နဲ့တော့ ... မောင်စိန်ဝင်း (ပုတီးကုန်း) ၀တ္ထု အမည်ထဲကလို ...
အခြေအနေပေးရင်တော့ မေးတူဘလောက်လေး ဘာလေး လုပ်တာပေါ့လေ။ နောက်ဘလောက်ပို့စ်မှာ ဆုံကြဦးမယ်လေ ... ပျော်ပျော်ပါးပါးပေါ့။
ကျန်းမာရွှင်လန်းကြပါစေ ...
ရဲမွန်
တကယ်ကို ရသာ စုံနေပါတယ်။ ဘလောက်ဖက်တောင် မလှည့်နိုင်တာသာကြည့်။
- တစ်ပတ်ခရီး ဆိုပြီး ခရီး သွားလိုက်တာ ၃ လ ကြာတယ်။
- ကိုယ်က တပြည်တရွာ ရောက်နေတုန်း ကျောင်းတက်တဲ့ တိုင်းပြည်မှာ ငှားထားတဲ့ အခန်းက ရက်စေ့တော့ ပြောင်းပေးရတယ်။
- ကိုယ့်တိုင်းပြည်ကို ဆိုင်ကလုန်းမွှေတော့ နိုင်ငံကူးလက်မှတ် ပြန်မရသေးလို့ မပြန်နိုင် ဖြစ်ရတယ်။
- ပါရဂူသင်တန်းက ကာလကြာရှည် ကင်းကွာဖြစ်နေလို့ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။
- ရှေ့နှစ်အတွက် ပညာသင်ဆု မပေးတော့ဘူးလို့ သိရတယ်။
- ကုန်ကျစရိတ်က ပက်ပက်စက်စက် ထောင်းတယ်။
အခုတော့ တိမ်တွေကင်းလို့ နေမင်း သာစ ပြုလာပါပြီ ...
- မကြာခင် အချိန်မှာ အိမ်ပြန်ရတော့မယ်။
- နာဂစ်ကယ်ဆယ်ရေးနဲ့ အခြား လုပ်ချင်တဲ့ အလုပ်လေးတွေ လုပ်ခွင့်ရတော့မယ်။
- ဝေးနေခဲ့တဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ တွေ့ရမယ်။
ဒါပေမယ့် အီးမေး၊ ဘလောက်၊ အင်တာနက်တွေ နဲ့တော့ ... မောင်စိန်ဝင်း (ပုတီးကုန်း) ၀တ္ထု အမည်ထဲကလို ...
ခပ်စိမ်းစိမ်းပဲ နေပါ့မယ် ....
အခြေအနေပေးရင်တော့ မေးတူဘလောက်လေး ဘာလေး လုပ်တာပေါ့လေ။ နောက်ဘလောက်ပို့စ်မှာ ဆုံကြဦးမယ်လေ ... ပျော်ပျော်ပါးပါးပေါ့။
ကျန်းမာရွှင်လန်းကြပါစေ ...
ရဲမွန်
3 comments:
ကိုရဲမွန်ရေး..ပြန်တော့မယ်လား..
ဝမ်းသာပါတယ်.. NGO အလုပ်တွေ စိတ်ကြိုက်လုပ် နိုင် တော့မယ်ပေါ့။ ကြုံ ရင်တော့.. ဘလော့ပါအုံး။ ရန်ကုန် ရနံ့သင်းတဲ့ စာလေး တွေ ဖတ်ချင်ပါသေးတယ်။
ခင်မင်လျက်-
း)
အစ်ကိုကြီးရေ ...
အဆင်ပြေ ပါစေဗျို့ :)
ကိုရဲမွန် .. ခပ်စိမ်း၂ကြီးတော့ မနေပါနဲ့ဗျာ ။ မစိမ်းတစိမ်းလောက်ပေါ့ .. အခြေအနေပေးရင် ပေးသလို ရေးစေချင်ပါတယ် ။
ဘာပဲဖြစ်ဖြစ် ကိစ္စတချို့ အဆင်ပြေသွားတာတွက် ၀မ်းသာပါတယ် ။
Post a Comment