Friday, June 27, 2008

What am I doing these days

၂၇၊ ၆၊ ၂၀၀၈

ရဲမွန် ဘာတွေ လုပ်နေလဲ

ချို ချင် ငံ စပ် ဖန် ခါး ....
တကယ်ကို ရသာ စုံနေပါတယ်။ ဘလောက်ဖက်တောင် မလှည့်နိုင်တာသာကြည့်။
  • တစ်ပတ်ခရီး ဆိုပြီး ခရီး သွားလိုက်တာ ၃ လ ကြာတယ်။
  • ကိုယ်က တပြည်တရွာ ရောက်နေတုန်း ကျောင်းတက်တဲ့ တိုင်းပြည်မှာ ငှားထားတဲ့ အခန်းက ရက်စေ့တော့ ပြောင်းပေးရတယ်။
  • ကိုယ့်တိုင်းပြည်ကို ဆိုင်ကလုန်းမွှေတော့ နိုင်ငံကူးလက်မှတ် ပြန်မရသေးလို့ မပြန်နိုင် ဖြစ်ရတယ်။
  • ပါရဂူသင်တန်းက ကာလကြာရှည် ကင်းကွာဖြစ်နေလို့ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။
  • ရှေ့နှစ်အတွက် ပညာသင်ဆု မပေးတော့ဘူးလို့ သိရတယ်။
  • ကုန်ကျစရိတ်က ပက်ပက်စက်စက် ထောင်းတယ်။

အခုတော့ တိမ်တွေကင်းလို့ နေမင်း သာစ ပြုလာပါပြီ ...
  • မကြာခင် အချိန်မှာ အိမ်ပြန်ရတော့မယ်။
  • နာဂစ်ကယ်ဆယ်ရေးနဲ့ အခြား လုပ်ချင်တဲ့ အလုပ်လေးတွေ လုပ်ခွင့်ရတော့မယ်။
  • ဝေးနေခဲ့တဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ တွေ့ရမယ်။

ဒါပေမယ့် အီးမေး၊ ဘလောက်၊ အင်တာနက်တွေ နဲ့တော့ ... မောင်စိန်ဝင်း (ပုတီးကုန်း) ၀တ္ထု အမည်ထဲကလို ...

ခပ်စိမ်းစိမ်းပဲ နေပါ့မယ် ....

အခြေအနေပေးရင်တော့ မေးတူဘလောက်လေး ဘာလေး လုပ်တာပေါ့လေ။ နောက်ဘလောက်ပို့စ်မှာ ဆုံကြဦးမယ်လေ ... ပျော်ပျော်ပါးပါးပေါ့။

ကျန်းမာရွှင်လန်းကြပါစေ ...

ရဲမွန်

3 comments:

kay said...

ကိုရဲမွန်ရေး..ပြန်တော့မယ်လား..
ဝမ်းသာပါတယ်.. NGO အလုပ်တွေ စိတ်ကြိုက်လုပ် နိုင် တော့မယ်ပေါ့။ ကြုံ ရင်တော့.. ဘလော့ပါအုံး။ ရန်ကုန် ရနံ့သင်းတဲ့ စာလေး တွေ ဖတ်ချင်ပါသေးတယ်။

ခင်မင်လျက်-
း)

စိုးထက် - Soe Htet ! said...

အစ်ကိုကြီးရေ ...
အဆင်ပြေ ပါစေဗျို့ :)

Anonymous said...

ကိုရဲမွန် .. ခပ်စိမ်း၂ကြီးတော့ မနေပါနဲ့ဗျာ ။ မစိမ်းတစိမ်းလောက်ပေါ့ .. အခြေအနေပေးရင် ပေးသလို ရေးစေချင်ပါတယ် ။

ဘာပဲဖြစ်ဖြစ် ကိစ္စတချို့ အဆင်ပြေသွားတာတွက် ၀မ်းသာပါတယ် ။