Friday, January 30, 2009

Pro-Choice vs. Pro-Life

မက္ကဆီကိုစီးတီး ပေါ်လစီပို့စ် ကို မရေးခင် ဒီပို့စ်ကို ရေးသင့်ပါတယ်။ ဒါပေမယ့် အချိန်ကာလ အခြေအနေ အရ အခုမှ အကြွေးဆပ်လိုက်ပါတယ်။ ဟိုဟာ မဖတ်ခင် ဒီဟာကိုဖတ်ပါ ပေါ့ဗျာ။ ဘလောက်က ပြောင်းပြန်စီတာနဲ့တော့ ဟန်ကျနေတာပေါ့။

Pro-Choice



အမျိုးသမီးတစ်ဦးသည် မိမိ ကိုယ်ခန္ဓာကို မိမိပိုင်သည်။ ထို့ကြောင့် မိမိ ကိုယ်ခန္ဓာအတွင်း ဖြစ်တည်လာသော ကိုယ်ဝန်ကို ၄င်းအမျိုးသမီး၏ သဘော ဆန္ဒအရ (ဖျက်ချလိုက) ဖျက်ချပိုင်ခွင့်ရှိသည် ဟု ယုံကြည်ယူဆချက်။

စကားချပ်။ ။ ယခင်က Anti-life ဟုလည်း ခေါ်သည်။ သို့ရာတွင် Anti ဆိုသည်မှာ အနုတ်သဘောလက္ခဏာ ဆောင်သဖြင့် နောက်ပိုင်းအသုံးနည်းလာသည်။




Pro-Life



သန္ဓေသား ဆိုသည်မှာ လူသားတစ်ဦးပင်ဖြစ်သည်။ ထို့ကြောင့် လူသားတစ်ဦး၏ ရပိုင်ခွင့်ဖြစ်သော အသက်ရှင်သန်ခွင့်ကို သန္ဓေသားတိုင်း ရပိုင်ခွင့် ရှိသည် ဟု ယုံကြည်ယူဆချက်။

ဆင့်ပွားယူဆချက်မှာ ကိုယ့်ကိုယ်ကို သတ်သေခြင်း၊ သေဒဏ်ပေးခြင်း၊ သေလုမျောပါး ဝေဒနာ ခံစားနေရသူ လူနာအား အဆုံးစီရင်ပေးခြင်း (Euthanasia)၊ လူကိုတုပပြုလုပ်ခြင်း (cloning)၊ သန္ဓေသား ဆဲလ်များကို အသုံးချ သုတေသနပြုခြင်း (Human embryonic stem cell research) စသည်တို့ကိုလည်း ဆန့်ကျင်သည်။

စကားချပ်။ ။ ဤယုံကြည်ချက် ရှိသူသည် ကိုယ်ဝန်ဖျက်ချခြင်းကို မည်သည့်အကြောင်းပြချက်နှင့်မျှ လက်မခံပါ။

ဒီလိုဆိုရင် Pro-Choice နဲ့ Pro-Life တို့ဟာ ခေါင်းနဲ့ပန်း၊ မီးနဲ့ရေ၊ အဖြူနဲ့အမည်း လို့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသလား။ Are they dichotomous?




တကယ့် လက်တွေ့ လောကတွင်မူ Pro-Choice နှင့် Pro-Life အယူအဆတို့သည် သက်တံတစ်ခု၏ အစွန်းနှစ်ဖက်ကဲ့သို့ ဆက်စပ်လျက်ရှိနေသည်။ လူတို့သည် ဤယုံကြည်ချက် နှစ်ခု၏ကြား တစ်နေရာရာတွင် ရှိနေတတ်သည်။ ပုဂ္ဂိုလ်တစ်ဦး၏ အယူအဆကို Pro-Choice လား Pro-Life လား ဟု အတိအကျ သတ်မှတ်ရန်ခက်ခဲပြီး ထိုပုဂ္ဂိုလ်သည် မည်သည့်ဘက်နှင့် ပို၍ နီးသည်ဟုသာ ဆိုနိုင်ပေမည်။ “အခြေအနေ” တစ်ခုခုပေါ်တွင် မူတည်ပြီး ရပ်တည်ချက် ပြောင်းလဲနိုင်သည်ဟု ပြောလျင်ရနိုင်မည် ထင်သည်။


သာဓကများနှင့် ရှင်းပြလျှင် ပိုမို သင့်လျော်မည်။

ဥပမာ (၁)

အမျိုးသမီးတစ်ဦးသည် သားဆက်ခြားနည်းများကို သုံးစွဲရကောင်းမှန်း သိသည်၊ တတ်လည်းတတ်နိုင်သည်၊ ၀ယ်ယူရန်လည်း လွယ်ကူသည့် အနေအထားမှာရှိသည်၊ ဆေးမတည့်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများလည်း မရှိပါလျှက် သားဆက်ခြားခြင်းနည်းလမ်းများကို မသုံးစွဲ။ ကိုယ်ဝန်ရလာမှသာ သွားရောက်ဖျက်ချလေသည်။

ထိုကိစ္စမျိုး တစ်ကြိမ်မက ဖြစ်လာသောအခါ … မိမိကိုယ်ကို Pro-Choice ဟု သတ်မှတ်ထားသူကပင်လျှင် ထိုသို့ မဖြစ်သင့်ကြောင်း၊ သားဆက်ခြားနည်း မှန်မှန်သုံးပြီး ကိုယ်ဝန်ဖျက်ခြင်းကို ရှောင်သင့်ကြောင်း ၀င်ရောက် ပြောဆိုသည်။

ထိုအခါ Pro-Choice ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

ဥပမာ (၂)

အမျိုးသမီး တစ်ဦးတွင် နှလုံးရောဂါ ကြီးကြီးမားမားရှိသဖြင့် ဆရာဝန်များက ကလေးမယူရန် တားမြစ်ထားသည်။ ပဋိသန္ဓေတားနည်းလည်း သုံးနေပါလျက် မတော်တဆ ကိုယ်ဝန်ရရှိသွားလေသည်။ ထိုအမျိုးသမီး၏ နှလုံးအခြေအနေသည် မိခင် နှင့် ၀မ်းတွင်းက သန္ဓေသား နှစ်ဦးလုံးအတွက် လုံလောက်အောင် အလုပ် မလုပ်ပေးနိုင်ချေ။ ထိုအခါ အမျိုးသမီးမှာ အသက် အန္ဓရာယ် ရှိလာလေသည်။ အမျိုးသမီး အသက် သေဆုံးသွားပါက ၀မ်းတွင်းမှ သန္ဓေသားမှာလည်း အသက်သေဆုံးပေမည်။

ထိုအချိန်တွင် Pro-Life ဟု မိမိကိုယ်ကို သတ်မှတ်ထားသူကပင်လျှင် ထိုကိုယ်ဝန်ကို ဖျက်ချပေးသင့်ပါကြောင်း ပြောလာလေသည်။ မိခင်သေလျှင် သန္ဓေသားလည်း သေမည်။ အသက် နှစ်သက် နှင့် တစ်သက်လဲရန်ဟု အကြောင်းပြလေသည်။

ထိုအခါ Pro-Life ကို ယုံကြည်သူသည် အမှန်တကယ် ယုံကြည်သူ ဖြစ်ပါသေးသလော။

တစ်ဦးချင်း အယူအဆမှ အဖွဲ့လိုက် အယူအဆသို့

ဤအယူအဆတို့သည် လူတစ်ဦးချင်းစီတွင် ရှိနေနိုင်သလို အသင်းအဖွဲ့တစ်ခု နိုင်ငံတစ်နိုင်ငံတွင်လည်း ရှိနေနိုင်သည်။ အသင်းအဖွဲ့တစ်ခု၏ ဖွဲ့စည်းပုံ၊ ပေါ်လစီ၊ ခေါင်းဆောင်များ၏ ပြောဆိုချက်များပေါ် မူတည်၍ ထိုအဖွဲ့သည် Pro-Choice နှင့် နီးသလား Pro-Life နှင့် နီးသလား ဆိုသည်ကို ခန့်မှန်းနိုင်သည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ Pro-Choice/Pro-Life အယူအဆကို ထိုနိုင်ငံတွင်ရှိ အမျိုးသမီးကျန်းမာရေး၊ မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို လေ့လာခြင်းဖြင့် သိရှိနိုင်သည်။

စာရှုသူများ တွေး၍ မှတ်ချက်ရေးပေးပါရန်

  • အထက်ပါ ဥပမာ (၁) နှင့် (၂) ကဲ့သို့ အလားတူ သာဓက တစ်ခုစီလောက် စဉ်းစားကြည့်ပါ။
  • မြန်မာနိုင်ငံတွင် လူအများစုသည် မည်သည့် နေရာတွင် ရှိနေမည် ထင်ပါသနည်း။
  • စာရှုသူ ကိုယ်တိုင်ကရော မည်သည့် နေရာတွင် ရှိပါသနည်။ (ဖြေလိုမှ ဖြေပါရန်။)

စာကိုး

http://en.wikipedia.org/wiki/Pro-choice
http://en.wikipedia.org/wiki/Pro-life

7 comments:

Alvin S. C. Lee said...

As a buddhist, I would tend to be a Pro-Life person. Not at the extreme of the continuum. I believe in the quality of life too and if I am a doctor, I'll try to provide my patients as much relief as possible within my knowledge and ability.

In cases of extreme suffering, then I may leave it to the patient to exercise his/her will. It's their choice, or 'kamma' (kamma as in mental volition as opposed to retribution). Perhaps, nature has the best answer in such difficult moments of decision-making.

May we get more wisdom on this as society progress and technology advances. The decision can be very difficult even for the sufferers themselves.

Anonymous said...

As a strong Buddhist , I stand on Pro-life side.We are doctors who obey ethics and also Buddhism . We have to manage our patients as much as we can. Our aim is to cure , or if it cannot , to give palliative one, or to prevent the diseases .
In this era , most people know how to use contraception . If they get pregnant , they should not do any type of induced abortion .Why? The foetus is a human being (according to A Bi Dhamma ) and he or she has human rights although he or she is in the tomb .
The responsible persons are those two people . They must take responsiblility of their coming offsprings . So Human rights should start since in the uterine life .The foetus is sufferer . The foetus cannot complain anythings . If he or she can complain as we do , he or she will definitely admit his or her rights .
Regarding my little kowledge ,my opinion may be arguable . However , no matter what the situation is , I have been standing on Pro-life .

Ye-Mon said...

>> Ko Alvin

Thanks for visiting and taking time to discuss about this.

>> Anonymous

Thanks for sharing your stand and thoughts. People do have different opinions on this. E.g. the US is equally divided on this issue.

Anonymous said...

No undue respect to the anonymous Dr,I found your post quite amusing!(Fetus in the tomb asking for human rights!)
If fetus has the rights from the beginning,can he/she choose the parents whom he/she will be born into?
Blanket approch of using the religious beliefs in justifying social dilemma cannot be the solution.
It is another area where Dr's belief and professional issues collide.
However decision is up to the beholder.We as professionals have to cater for what our patients need without prejudice.
May all fetuses lie in wombs.

Ye-Mon said...

>> Anonymous II

I think, Anonymous I had a typing error in saying "fetus in the tomb".

Thanks for your comment, though. I like your phrase "It is another area where Dr's belief and professional issues collide".

I may write about Euthanasia next time.

Anonymous said...

Hi, anonymous II , sorrry for my typing errors , tomb -- , that is womb .Next time , i will check my typing errors . I do not mind what you have said .
Ye-Mon , I do apologize you about my comment . Thanks for your understanding .Welcome your Euthanasia .

Anonymous said...

Dear Anonymous I,
Thanks for your understanding and forgiveness upon my banter.You have just shown how good Buddhist you are..Infact,I regret about my guilty pleasure(pulling other people's leg)!My apologies.
Anonymous II