၎၊ ၁၂၊ ၂၀၀၈
အချိန် ၂ နှစ် အတွင်း ရေးခဲ့တဲ့ဘလောက်ပို့စ် ၁၄၄ ခု ကို
နိုင်ငံ ၇၆ နိုင်ငံကနေ ၂၂၀၇၂-ကြိမ် ၀င်ကြည့်ခဲ့ကြလေသည်။

ဘာလိုလိုနဲ့ ဘလောက်လေးတောင် ၂-နှစ် ရှိသွားပြီ။

ရေးတစ်ခါ ပျောက်တစ်လှည့်နဲ့ ၂-နှစ်အတွင်း ပို့စ် ၁၄၄ ခုဆိုတော့ တစ်လကို ပျမ်းမျှ ဘလောက်ပို့စ် ၆-ခု နှုန်းတော့ တင်ဖြစ်သား။

လာတဲ့ ဧည့်သည်တွေက (အိုင်ပီအမှန်အကန်တွေသာဆိုရင်) နိုင်ငံ ၇၆ နိုင်ငံက ဖြစ်ပါတယ် လို့ ဂူဂဲလ် အန်နာလစ်တစ်က တိုးတိုးလေး ပြောသွားတယ်။ ဧည့်သည်တွေ အလာများတာကတော့

၂-နှစ်အတွင်း လာလည်တဲ့ အကြိမ်ပေါင်းက ၂၂၀၇၂ ရှိလေတော့ တစ်ရက်ကို ၃၀ နှုန်းလောက် ရှိပါသတဲ့။
မိတ်ဟောင်း မိတ်သစ် အားလုံး ... မင်္ဂလာပါ။

- အမေရိကန်ပြည်ထောင်စု
- စင်္ကာပူ
- ယူကေ
- ထိုင်း
- ဂျပန်
- မြန်မာ
- ၾသစေတးလ်
- မေလးရွား
- ရုရှ နဲ့
- နော်ဝေ ... တို့ ဆိုပဲ။