Tuesday, January 9, 2007

Population Policies around the world (3)

၉၊ ၁၊ ၂၀၀၇

လူဦးရေ ထိန်းချုပ်မှု ဆိုင်ရာ ပေါ်လစီများ (၃)

ဒီနိုင်ငံ မှာတော့ မြို့ပေါ်နေ လင်မယားတွေ အနေနဲ့ ကလေး တစ်ယောက်ပဲ ယူခွင့် ရှိပါတယ်။ ကျေးလက်နေ လင်မယားတွေ ကတော့ ပထမ ကလေးက မိန်းကလေး ဖြစ်နေခဲ့ရင် (သို့) မစွမ်းမသန် ဖြစ်နေခဲ့ရင် ဒုတိယ ကလေးတစ်ယောက် ယူခွင့်ရှိပါတယ်။

ကလေး တစ်ယောက်ပဲ ယူပါမယ်လို့ ကတိပြု လက်မှတ်ထိုးထားတဲ့ မြို့နေ လင်မယားတွေ အနေနဲ့ အစိုးရထံက စီးပွားရေး၊ ကလေးပညာရေး နဲ့ ပတ်သက်ပြီး အကူအညီများရပါတယ်။ သတ်မှတ် အရေအတွက်ထက် ပိုပြီးမွေးရင် ဒဏ်ကြေးဆောင်ရတဲ့ အပြင် အဲဒီကလေးရဲ့ ကျောင်းစရိတ် ကို မိဘက လုံးဝတာဝန်ယူရပါတယ်။ (ဥပမာ။ တစ်ဦးတည်းသော သား၊ သမီး ထက်စာရင် ဒုတိယ၊ တတိယ ကလေးတွေ အတွက် ကျောင်းလခ က ဈေးပိုကြီးပါတယ်)

မှတ်ချက်။
ပေါ်လစီ ကို အကောင်အထည် ဖော်ရာမှာ နိုင်ငံရဲ့ ဒေသတစ်ခုနဲ့ တစ်ခု မတူညီပါ။ တစ်ချို့ဒေသတွေ ကတင်းကြပ်ပြီး တစ်ချို့ ကတော့ လျော့ပေါ့ ပါတယ်။ ဒီပေါ်လစီနဲ့ ပတ်သက်တဲ့ ဝေဖန်ချက် အမျိုးမျိုး ကိုတော့ စာကိုးစာရင်းမှာပါတဲ့ လင့်ခ် များမှာ သွားရောက် ကြည့်ရှု ဖို့ တိုက်တွန်းပါတယ်။

တရုတ်နိုင်ငံ (၁၉၇၉)

စာကိုး။
China’s one child policy
Wikipedia: one child policy

No comments: