Monday, February 12, 2007

How Big Is Your Fridge

၁၂၊ ၂၊ ၂၀၀၇


ရေခဲ သေတ္တာ ဘယ်လောက်ကြီး


ရောင်းရင်းတို့ရေ

ခင်ဗျားတို့မှာ ရေခဲသေတ္တာ ဘယ်လောက်ကြီးကြီးရှိကြလဲ။ ထင်းရှုးပုံးလောက်လား၊ အ၀တ်ဘီရိုလောက်လား၊ မော်တော်ကားလောက်လား။ အို ဘယ်လောက်ပဲ ဖြစ်ဖြစ် ကျုပ်ရဲ့ ရေခဲသေတ္တာ အရွယ် ကိုတော့ မီနိုင်မယ် မထင်။ ဦးစ (USA) တို့ တိုင်းပြည်မှာ အရာရာ တယ်ကြီးသကိုး။ ရေခဲသေတ္တာများ ဘယ်လောက်ကြီးသလဲ ဆိုရင် ဆင် ၁၀ ကောင်လောက် ၀င်ရင်တောင် ချောင်ချောင်ချိချိပဲ။ ယုံမလားတော့ မသိဖူး။ ကျုပ်မညာတာ တော့ အမှန်ပါ။ ဒါ့အပြင် အလွန့်အလွန် ကောင်းတဲ့ အချက်တစ်ခုက ကျုပ်ရဲ့ ရေခဲသေတ္တာ က လျှပ်စစ်မီး မလိုဖူး။

လင်းရမယ် ဆိုရင်တော့ ဒီလိုပါ။ ရာသီဥတုက အေးလွန်းတော့ အိမ် အပြင် မှာ ရေခဲ အမှတ်အောက် ရောက်နေလေရဲ့။ အိမ်ထဲမှာ တော့ အပူပေးစက်တွေကြောင့် ငရဲ ကျနေသလိုပါပဲ။ ဘိလပ်ရည် ပုလင်းတွေ အအေးခံချင်ရင် ဘာမှ စဉ်းစားမနေနဲ့ အိမ်အပြင်သာ ထုတ်ထားလိုက်။ အေးလွန်းလို့ ခဲတောင် ခဲသွားဦးမယ်။

ဆိုတော့ကာ . . .
အိမ်အပြင်ဖက်က ရှိသမျှနေရာ ကျုပ် ရေခဲသေတ္တာ ဖြစ်နေတော့တာပေါ့။

ကဲ ပြိုင်ကြီးကြဦးမလား။

2 comments:

Yaw Han Aung said...

Ko Ye Mon Myint,
I got your blog address from Nanda (PSI). It is excellent. I did one for my poems and you can see it @ www.ya-han-aung.blogspot.com

Best,
Aung Thu Nyein

Ye-Mon said...

hi yaw han aung,
thanks for visiting and your comment.