Wednesday, August 15, 2007

To the highest peak

၁၅၊ ၈၊ ၂၀၀၇

အမြင့်ဆုံးသို့

အမြင့်ဆုံးရောက်ဖို့ရာ ခြေနာမောဟိုက်ခြင်းကို
မာကြောစွာ ဆက်ဆံနိုင်ရမယ်။

အမြင့်ဆုံးမရောက်ခင် သိမြင်လိုခြင်းဆန္ဒ ...
ရင်ထဲက လွင့်မကျဖို့လိုတယ်။

အမြင့်ဆုံးမှာ ရေပြာစမ်းမရှိပေမယ့်
ခြေရာလမ်းပြန်ကြည့် အားမာန်ဖြည့်တက်ရမယ်။

အမြင့်ဆုံးအောက် ပြန်အရောက်
ချွေးပေါက်ဟောင်းများအတွက်
ပြန်လည်ပေးဆပ်မှုရေကြည် ပညာအဆီအသွေး
တောင့်တသေးတယ်။

ငါတို့ရဲ့ ခြေဖ၀ါးများ
အနိမ့်ဆုံးအပါးမှာ ထာဝရမပျော်
တိမ်ပေါ်ကျော်လှမ်း နေကိုနမ်းလို့
အဝေးမြင်အားများ အတွေးဆင်ပွားရင်း
ခွန်အား ... ဇွဲ ... သတ္တိ ... စွဲငြိစေခဲ့ပြီဟေ့ ... ။

သစ်လွင် (ဘူမိ)

ရန်ကုန် တက္ကသိုလ် ခြေလျင်တောင်တက်အသင်း ၁၂-ကြိမ်မြောက် မိတ်ဆုံပွဲ အမှတ်တရ စာစောင်မှ

4 comments:

ဂျစ်တူး - gyit_tu said...

ဒီကဗျာအရမ်းကြိုက်တာပဲ ။

အဓိပ္ပါယ်ရှိတယ်.. Mt. KK တက်တုန်းက ခံစားချက်ကိုလည်း ပြန်ခံစားမိတယ် ။

Ye-Mon said...

တကယ် ပင်ပင်ပန်းပန်း တောင်တက်ဖူးရင် ဒီကဗျာကို ခံစားလို့ ရကြမှာပါ။ ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။

PeTi said...

ခံစားရတာ မောနေလို့ ကွန့်မန့်တောင် ခုမှရေးနိုင်တယ်… ကိုမင်း ၀ိတိုရိယ ကို နောက်တခေါက်လောက် သွားရအောင်…

Ye-Mon said...

လုပ်လိုက်လေ ကြသလားလို့ ... ဟောဟဲ .. ဟောဟဲ။