Thursday, August 2, 2007

U Nar Auk's Ship

၂၊ ၈၊ ၂၀၀၇

စဥ့်ကူးမင်း သင်္ဘော

ဗြိတိသျှ နယ်ချဲ့လက်ထက်တုန်းက ဧရာဝတီ သင်္ဘောကုမ္ပဏီကို သူနိုင် ကိုယ်နိုင် အပြိုင်ကျဲခဲ့တဲ့ မွန်သူဌေးကြီး ဦးနာအောက် ကို မှတ်မိကြဦးမလားတော့ မသိဘူး။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ကို သွားရင်း သူပိုင်ဆိုင်ခဲ့တဲ့ သင်္ဘော တစ်စီးကို တွေ့ရလို့ ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ သင်္ဘောအမည်က စဥ့်ကူးမင်း။


7 comments:

Unknown said...

In that competitation bet U nar out and british gov, I think that he lost due to our ppl's behaviour. He is great man for our burmese ppl but our ppl do not support him as our burmese ppl. If ppl take his ship, he won't lost in this battle. I felt sad for him. As u know most of ppl doesn't have မျိုးချစ်စိတ်၊ အမျိုးကို စောင့်ရှောက်သောစိတ်.

kay said...

စိတ်ဝင်စားစရာပဲ..ဦးနာအောက်တို့အချိန်ထဲကဆိုတော့ ကြံ့ခိုင်မူက..စိတ်ချရပါတော့မလား

Ye-Mon said...

joy
ဆင်းရဲမွဲတေမှုက အိမ်ရှေ့က ၀င်လာတဲ့အခါမှာ မျိုးချစ်စိတ်က အိမ်နောက်ကထွက်သွားပါတယ်။ ယနေ့ခေတ် အမေရိကားရှိ ကိုရီးယား လူမျိုးများကို နမူနာ ပြလိုသည်။ ဂျပန်နိုင်ငံလုပ် ကားများကို လုံးဝ မစီးသလောက်ပင်။ ကိုရီးယားနိုင်ငံလုပ်ကားများကို သာ အရည်အသွေးညံ့ပင် ညံ့ငြား စီးကြလေသည်။

ဂလိုဘယ်လိုက်ဇေးရှင်း (Globalization) နှင့် မျိုးချစ်စိတ် တို့ရဲ့ ပဋိပက္ခ ကိုတော့ တုတ်ထမ်းပြောရလိမ့်မည်ထင့်။

Kay
ကြံ့ခိုင်မှု ကိစ္စ ခေါင်းထဲကို တခါမှ မရောက်လာဘူးဖူး။ သေချာမသိပါ။ ဒုတိယ ကမ္ဘာစစ်ပြန် ဒေါဂျစ်ကား (Dodge) က ကျွန်တော့် ဆေးကျောင်းမှာ ကျောင်းကားအဖြစ် ဆွဲနေတုန်းပါပဲ။ ဗမာတွေ တော်ပါတယ် (အဟောင်းသိမ်းပြီး ဖြစ်အောင်သုံးတဲ့နေရာမှာ)။

Unknown said...

စိတ်မကောင်းစရာလေးတစ်ခုမျှဝေချင်သည်က... ဗြိတိသျှအစိုးရကို မျိုးချစ်စိတ်အပြည့်နဲ့ စီးပွားပြုတ် တိုက်ပွဲဝင်ခဲ့တဲ့ ဦးနာအောက်ကြီးရဲ့ မော်လမြိုင်ကအိမ်ကို ပြတိုက်အဖြစ်အမှတ်တရထားမည့်အစား အိမ်ရှီ သစ်လုံးတိုင်ကြီးတွေကို ပြည်သူပိုင်ဟုဆိုကာ ဖြုတ်ယူလိုက်ကြခြင်းပင်...

ရွက်ဝါ said...

ဦးနာအောက် ကျရှုံးမှု နှင့် တိုင်ရင်းသားများ၏ မျိုးချစ်စိတ်

ဦးနာအောက်ကျရှုံးတာ
အကြောင်းရှာသူတို့ပြောတာက
အမျိုးမချစ်ကြတို့ပြည်သူ
ထောက်ပံ့မှုနည်းတာကြောင့်ဆိုပဲ။

သမိုင်းကိုသေချာလှန်
အမှန်ကိုပြန်စစ်တော့
ဖြစ်နိုင်တဲ့ကျရှုံးခြင်း
အကြောင်းရင်းက ၂ ခုတည်း။

အခမဲ့ဝန်ဆောင်မှု၊ ဒို့ပြည်သူ့ရရန်
ရည်ရွယ်ပြန် သူ့စိတ်ကူးဆိုရင်ဖြင့်
ကိုပြောခြင် သူရှုံးရတာက
တွေးခေါ်မှု အမှားကြောင့်။

လက်ဝါးကြီးအုပ်လို
စီးပွါးဆိုငါတစ်ဦးတည်း၊ စွဲမြဲပြီးလုပ်ချင်
စိတ်ကူးသူ့တွင် ရှိခဲ့ရင်ဖြင့်
မပြောခြင် ဒီတခွန်းတော့
ကြက်ဥနဲ့ အုတ်နံရံ
ရိုက်ခွဲရန်သူစိတ်ကူးတာကြောင့်
ရှုံးရတာ ဒီတိုက်ပွဲမှာလား
အားမမျှလို့။

ဦးနာအောက် ကျရှုံးခြင်းနှင့် ပတ်သက်ပြီး စဉ်းစားမိသလောက် ရွက်ဝါ (http://www.ywetwar.blogspot.com) ဘလောဂ်တွင် ပို့စ်တစ်ခုရေး ( ဆွေးနွေး) သွားပါမည်။ စိတ်ဝင်စားသူများကို လာရောက်ဖတ်ရှု (ဆွေးနွေး) ကြရန်ဖိတ်ခေါ်ပါသည်။

s0wha1 said...

ကိုရဲမွန်...ညီမဘလော့ဂ်မှာ ဒီပို့စ်လင့်နဲ့ ပုံယူသွားပါရစေ...

Ye-Mon said...

Liberty
သင်္ခါရလို့ ဆိုရလေမလား။

ရွက်ဝါ
အင်မတန် စဉ်းစားဖို့ကောင်းတဲ့ အချက်ပါ။ အတန်းကျောင်း ဖတ်စာအုပ်ထဲမှာ ပါတဲ့ အချက်အလက်က စုံလင်မယ်တော့ မထင်မိပါ။ အခြား ရည်ညွှန်းစာများ ရှိရင် ဝေမျှပါဦး။ ကျွန်တော့် အမြင်ကိုလည်း ပို့စ် သပ်သပ်ရေးပါဦးမယ်။

s0wha1
ယူပါဗျား။