Well .. after wandering around in Charles village for almost two years, I will be back in Reed Hall starting from Tomorrow. :(
How long am I going to be there? I don't know. Probably until I leave for Bangladesh - if I ever go there. Things are very fluid these days. Z depends on Y which in turn depends on X, A and B. If one thing changes, everything down the line changes too. That's why a friend of mine told me this after hearing me completing prelim: "now the fun part begins".
Thursday, January 31, 2008
Back to Reed Hall
3
comments
Labels:
english
Tuesday, January 29, 2008
Paint Branch Trail
၂၉၊ ၁၊ ၂၀၀၈
Sierra Club ရဲ့ Washington DC Chapter ၀က်ဆိုဒ်ကို ၀င်ကြည့်လိုက်တယ် ဆိုရင်ပဲ ပထမဆုံး ဆီးကြိုနေတာက လှိုင်းလုံးတွေကြားက ထိုးထွက်နေတဲ့ ကျောက်ဆောင်တွေနဲ့ အလားသဏ္ဍန်တူတဲ့ တိမ်လုံးတွေဖုံးနေတဲ့ တောင်ကြောတစ်ခု။ ဒီဓါတ်ပုံကပဲ နောက်ထပ် စာမျက်နှာတွေကို ဆက်ကြည့်ဖြစ်ဖို့ ဆွဲခေါ်သွားလေတယ်။
အမှန်ပါ။ ဒီလို ရှုခင်းမျိုးဟာ အတော်မြင့်တဲ့ တောင်ထိပ်ပေါ်ကို ခြေချဖူးသူတွေမှ ခံစားလို့ရတာမျိုးဖြစ်ပါတယ်။ တောင်ပေါ်ကို လမ်းလျှောက်ပြီး ပင်ပင်ပန်းပန်း တက်လာခဲ့သမျှ ဒီလို ရှုခင်းမျိုးကို မြင်လိုက်ရရင် ပင်ပန်းခဲ့သမျှ ယူပစ်သလို ပျောက်သွားတတ်ပါတယ်။ စာရေးသူရဲ့ အနှစ်သက်ဆုံး မြန်မာပြည်တွင်း ခရီးစဉ်တစ်ခုဖြစ်တဲ့ ၀ိတိုရိယတောင် (နတ်မတောင်) ခရီးစဉ်မှာ တောင်ထိပ်ကို ရောက်ခဲ့ရင် ဒီလိုမျိုး ဆန်ဆန် ရှုခင်းကို တွေ့နိုင်ပါတယ်။ နမူနာအဖြစ် ၂၀၀၈ ခုနှစ် ဇန္န၀ါရီလ ၁ရက်နေ့ မှာ ၀ိတိုရိယ တောင်ထိပ်ကို ရောက်ခဲ့တဲ့ သူငယ်ချင်း ဆန်းဝင်းကျော် ရိုက်ပြီးပို့ပေးလာတဲ့ ဓါတ်ပုံကိုသာ ရှုစားကြည့်ပါ။
Sierra Club ရဲ့ ခရီးစဉ်တွေကိုတော့ စာမျက်နှာတစ်ခု သတ်သတ်မှတ်မှတ်ထားပြီး ရေးသားထားပါတယ်။ ဇန္န၀ါရီ နဲ့ ဖေဖော်ဝါရီ အတွက် ခရီးစဉ်တွေ ဆွဲပြီးသား ဖြစ်နေတာ တွေ့ရပြီး၊ ဆက်သွယ်ရန် လူ၊ ဖုံးနံပါတ်၊ အီးမေးလ်၊ စုရပ်၊ ခရီးအကွာအဝေး၊ ဆောင်ရန်၊ ရှောင်ရန်များကို သေသေချာချာ ရေးသားထားတာ တွေ့လိုက်ရကတည်းက ဒီအဖွဲ့ဟာ အတော့်ကို စနစ်တကျ ဖွဲ့စည်းထားမှန်း သိလိုက်ပါတယ်။
စာရေးသူ ပထမဆုံး ရွေးဖြစ်တဲ့ ခရီးကတော့ ဇန္န၀ါရီ ၁၉ ရက်နေ့ ခရီးဖြစ်တဲ့ Lake Artemesia and Paint Branch Trail ဖြစ်ပါတယ်။ ၀ါရှင်တန်ဒီစီမြို့ရဲ့ အရှေ့မြောက်ယွန်းယွန်းမှာ ရှိတဲ့ ဥယျာဉ် တစ်ခုနားက စုရပ်ကို နံနက် ၁၀ နာရီရောက်ရမှာ ဖြစ်ပေမယ့် စာရေးသူ စိတ်စောနေတော့ အိမ်ကနေ စောစောထွက်ပြီး ၉ နာရီ ၄၅ လောက်ကတည်းက စုရပ်ကို ရောက်နေပါတယ်။ ကားရပ်နားတဲ့ နေရာမှာ တခြား ကား ၃-၄ စီးကို လည်း တွေ့ရပြီး ဟိုက်ကာ (hiker) တွေဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ တခြားကြောင့်မဟုတ်ပါဘူး။ သူတို့ စီးတဲ့ကားတွေက ဓါတ်ဆီ-လျှပ်စစ် မျိုးစပ် (Hybrid) ကားတွေ ဖြစ်နေလို့ပါပဲ။ အပြင်မှာ အတော်အေးနေ (အပူချိန်က ရေခဲအမှတ်လောက် ရှိပါမယ်) တာက တကြောင်း၊ တခြားလူတွေလည်း ကားထဲမှာ ထိုင်နေကြတော့ တံခါးသွားခေါက်ပြီး စကားပြောလို့ မသင့်တာက တကြောင်း၊ ကားထဲမှာပဲ ခဏ ထိုင်နေလိုက်ပါတယ်။


ဒီနေ့ အစီအစဉ်က ခွေးတွေ ကလေးတွေပါ ခေါ်လို့ရတဲ့ အစီအစဉ်ဖြစ်တော့ တချို့ ပုဂ္ဂိုလ်တွေက ခွေးလေးတွေ ကြိုးနဲ့ဆွဲလို့ လျှောက်ကြပါတယ်။ ခွေးပါ ဟိုက်ကာတွေထဲမှာ တစ်ယောက်ကတော့ဖြင့် တယ်ရီယာလို ခွေးပုပုသေးသေးလေး တစ်ကောင်ကို ဆွဲခေါ်လာလို့ ဘေးကလူတွေက ဒီကောင်လေး ၁၀ မိုင် လျှောက်နိုင်ပါ့မလားဆိုပြီး နောက်နေကြတယ်။ ပိုင်ရှင်က … “ဘယ်လျှောက်နိုင်မှာလည်း လမ်းကျလို့ရှိရင် ဒီကောင့်ကို အိတ်ထဲ ထည့်ခေါ်သွားရမှာ” ဆိုပြီး ပြန်ဖြေတယ်။ ဒါကိုကြားတော့ စာရေးသူ မလျှောက်နိုင်ရင်ကော ဘယ်သူက အိတ်ထဲ ထည့်ခေါ်ပါ့မလဲလို့ ပေါက်ပေါက်ရှာရှာ တွေးနေမိတယ်။
လမ်းစလျှောက်လျှောက်ခြင်းမှာပဲ ပြေးလမ်းတစ်ခုပဲ ရှိတဲ့ လေယာဉ်ကွင်း ခပ်သေးသေးလေး တစ်ခုကို ဘယ်ဘက်မှာ တွေ့လိုက်ရပါတယ်။ ဒါဟာ ကိုမိုက်ပြောနေတဲ့ ကမ္ဘာပေါ်မှာ တောက်လျှောက် အသုံးပြုနေတဲ့ သက်တမ်းအရှည်ဆုံး လေယာဉ်ကွင်း ဆိုတာပဲဖြစ်ရမယ်။ စက်တစ်လုံးတပ် လေယာဉ်လေးတွေ ရပ်ထားတာ၊ အတက်အဆင်း လုပ်နေတာကို တွေ့ရပါတယ်။ ဘေးက လမ်းလျှောက်ဖော် တစ်ယောက်က ရှင်းပြတယ် … လေဆိပ် အဆောက်အဦဘေးမှာ ကပ်လျှက်ရှိနေတာကတော့ စားသောက်ဆိုင်ပါတဲ့။ လမ်းလျှောက်ပြီးရင် နေ့လည်စာ စားဖို့ကို အဲဒီ ဆိုင်မှာ ပြောထားသတဲ့။ ကိုမိုက်ကတော့ ရှေ့ဆုံးကနေ ခြေလှမ်းကျဲနဲ့ လှမ်းနေလေရဲ့။ စာရေးသူလည်း ကိုမိုက်နောက်ကို အမီလိုက်ရင်း ခြေသလုံးတွေ တောင့်လာပါတယ်။ ဒါပေမယ့် ခပ်သွက်သွက်လေး လျှောက်လိုက်တော့မှ အအေးဒဏ်ကို အတော်ခံနိုင်ရည် ရှိလာပါတယ်။
ပထမ ၃ မိုင်ခရီးကိုတော့ ရေကန်တစ်ခုဘေးကနေ ပတ်ပြီး လျှောက်ကြရတယ်။ ရေကန်ပတ်လည်မှာ ပြေးသူ၊ လမ်းလျှောက်သူတွေနဲ့ စည်ကားနေပါတယ်။ လမ်းလျှောက်ရင်း ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ထဲမှာ လျှပ်စစ်ရထား တစ်စီး သွားနေတာ တွေ့လိုက်ရတယ်။ လယ်ကွင်းထဲမှာ လော်ကယ်ရထား သွားနေသလား ထင်မှတ်မှားမိတယ်။ ရေကန်ကို တစ်ပတ် ပတ်အပြီးမှာတော့ ရထားလမ်းကို အောက်ကနေ ဖြတ်ပြီး ဥယျာဉ်လမ်းကို စလျှောက်ပါတယ်။ တချို့ကတော့ ဒီနေရာကနေပဲ လှည့်ပြန်သွားကြပါတယ်။
ရထားလမ်းကို ဖြတ်တဲ့ နေရာမှာတော့ နံရံမှာ လက်ဆော့ထားတဲ့ (Graffiti) တွေ တွေ့ရပါတယ်။ ဖာသာ စဉ်းစားမိတာက လမ်းသာ လာမလျှောက်ရင် အမေရိကန်နိုင်ငံ မြို့တော်ကို ဒီလို အမြင်သစ်တစ်မျိုးကနေ မြင်ရမှာ မဟုတ်ဘူး ဆိုတာပါပဲ။ ကိုယ်မြင်နေကျ မြို့တော် ဒီစီဟာ မိတ်ကပ်ဖို့ထားတဲ့ မျက်နှာတစ်ခုလို ဖြစ်ပြီး၊ ဒီနေ့ မြင်ကွင်းကတော့ အိပ်ယာထကာစ မျက်နှာတစ်ခုနဲ့ ပိုတူနေပါတယ်။ သဘာဝကျတယ်လို့ ဆိုချင်လဲ ဆိုလို့ရတာပေါ့။
လမ်းလျှောက်ရင်း၊ ခဏ နားရင်းနဲ့ ခြေသလုံးတောင့်နေတာတွေ ပျောက်သွားပါတယ်။ ဘေးမှာလည်း ဆံပင်ဖြူဖြူနဲ့ အဖိုးကြီး တစ်ယောက် နဲ့ ခပ်ထွားထွား လူကြီးတစ်ယောက်က ယှဉ်ပြီးလျှောက်လာနေပါတယ်။ Mr. Lee နဲ့ Dennis လို့ အမည်ရတဲ့ ဒီပုဂ္ဂိုလ် နှစ်ယောက်နဲ့ စာရေးသူ လမ်းလျှောက်နှုန်းက တူတော့ အတူတူပဲ ဆက်လျှောက်ဖြစ်ကြပါတယ်။ လမ်းလျှောက်ရင်း ထွေရာလေးပါး၊ သူ့အကြောင်း၊ ကိုယ့်အကြောင်း ပြောကြတာပေါ့။ Mr. Lee က Geophysicist ဖြစ်ပြီး Dennis ကတော့ မရိန်း တပ်သားဟောင်း တစ်ယောက် ဖြစ်ပါတယ်။ စကားတပြောပြောနဲ့ ပြန်လှည့်ရမယ့် နေရာကို ရောက်မှန်းမသိ ရောက်သွားပါတယ်။
အဲဒီနေရာမှာ ခဏ ထိုင်နေကြရင်း စာရေးသူလည်း အသင့်ပါလာတဲ့ အသားညှပ်ပေါင်မုန့်ကို ထုတ်စားနေလိုက်ပါတယ်။ Mr. Lee နဲ့ Dennis တို့ကတော့ နေ့လည်စာ ဆိုင်မှာ စားကြမှာ ဆိုတော့ ဘာမှယူလာပုံမရဘူး။ အသားညှပ်ပေါင်မုန့် စားနေတုန်းမှာ Mr. Lee က “ရဲမွန် .. ပေါင်မုန့်ကို လမ်းလျှောက်ရင်း ဆက်စားရင် စားပါလား .. သွားရအောင်၊ ငါတို့ ၃ ယောက် လမ်းလျှောက်နှုန်းညီတယ်” လို့ လာခေါ်ပါတယ်။ အဲဒီတော့မှ သူတို့က စာရေးသူကို စောင့်နေမှန်း သိပြီး အားနာသွားရတယ်။ စားလက်စ ပေါင်မုန့် တကိုက်ကို ပလုတ်ပလောင်း ၀ါးရင်း ကြောပိုးအိတ်ကို ပြန်လွယ်ပြီး ထိုင်ရာက ထလာရပါတော့တယ်။
အပြန်လမ်း တစ်ဝက်လောက်မှာ အမျိုးသမီး တစ်ယောက်လည်း ကျွန်တော်တို့ အုပ်စုနဲ့ ပါလာတယ်။ Mr. Lee က အဲဒီ အမျိုးသမီးကို စကားစမြည်ပြောရင်း ဒီခရီးကို ဘယ်လို လိုက်ဖြစ်လဲ ဆိုတာ မေးတော့ ... အမျိုးသမီးက “ကိုမိုက်က ကျွန်မ အမျိုးသားလေ” လို့ … ပြန်ဖြေလို့ ရီနေရသေးတယ်။ လမ်းလျှောက်ခေါင်းဆောင်ရဲ့ အမျိုးသမီးကိုမှ မေးမိရက်သား ဖြစ်သွားတာကိုး။ အပြန်ခရီးကတော့ အလာကထက် မြန်တယ်လို့ထင်ရပြီး နေ့လည် တစ်နာရီ သာသာလောက်မှာပဲ စုရပ်ကိုပြန်ရောက်လာကြပါတယ်။ နေ့လည်စာ စားမယ့် ပုဂ္ဂိုလ်တွေက ဆိုင်ထဲဝင်သွားကြတုန်းမှာ စာရေးသူလည်း မိတ်ဆွေကြီး နှစ်ယောက်ကို နှုတ်ဆက် ပြန်ခဲ့ပါတော့တယ်။
ဝန်ခံချက်။ ။အိမ်ပြန်ရောက်တော့ ကွနေလို့ ပါရာစီတမော သောက်ရကြောင်း။
နောက်တစ်ပတ် လျှောက်ဖြစ်တဲ့ ခရီးကတော့ Capital Crescent Trail ဖြစ်ပါတယ်။
6
comments
Labels:
burmese,
hiking
Monday, January 28, 2008
Walk On
၂၈၊ ၁၊ ၂၀၀၈
လမ်း ... ဆက်လျှောက်မယ်
ဒီ .. ဘလောက်ဂါတော့ လမ်းလျှောက်တာများ ဘလောက် ရေးနေရတယ်လို့ ထင်ကြမလားကွယ်ရို့။ ဒါမှမဟုတ် ဆားချက်နေတယ် လို့ ပြောမလား။
မည်သို့ပင် ဆိုစေကာမူ .. အိမ်သာတက်တာတောင် ဘလောက်ရေးလို့ရတဲ့ ခေတ်ကြီးမှာ လမ်းလျှောက်တာလည်း ဘလောက်ရေးလို့ ရရမှာပေါ့။ မရေးပြန်ရင် ဖုန်တက်နေတဲ့ ကျွန်တော့် ဘလောက်ကို ဘယ်သူမှ လာလည်ချင်တော့မှာ မဟုတ်ဘူး။ အခုတလော အပြောင်းအလဲတွေကများ အလည်အပတ်တွေကများနဲ့ ကိုယ်ပိုင် ဘလောက်မှာ ပို့စ်တွေ မတင်ဖြစ်တာကို စိတ်မပျက်ပဲ လာလည်ကြ၊ ဆီပုံးမှာ အော်သွားကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို တောင်းပန်ပါတယ်။ စိတ်ထဲမှာတော့ ရေးချင်တာတွေက ရင်နဲ့ အမျှပါပဲ … အဟဲ။ အဲ့ဒီ စာရေးသူရဲ့ ရင်ဘတ်ထဲမှာရှိတဲ့ ဘလောက်ကုန်ကြမ်းပုံကြီးထဲက တစ်ခုလောက်ကို ဒီနေ့ ဆွဲထုတ်ပြလိုက်ပါရစေ။
လွန်လေပြီးသောအခါ စာရေးသူ မြို့တော် ရန်ကုန်မှာ နေခဲ့စဉ် အချိန်များက စနေနေ၊ တနင်္ဂနွေ မနက်တွေဆိုရင် ရန်ကုန်တက္ကသိုလ် ခြေလျင်တောင်တက်အသင်းရဲ့ လမ်းလျှောက်လေ့ကျင့်မှုတွေမှာ ပါဝင်လေ့ရှိပါတယ်။ ထွေထွေထူးထူးတော့ မဟုတ်။ မနက်စောစောမှာ လှည်းတန်း ကျောင်းရှေ့ စုရပ်ကနေ မင်္ဂလာဒုံ လေယာဉ်ကွင်းကို အသွားအပြန် လမ်းလျှောက်ကြတာပါ။ ၁၀ မိုင်ခရီးလောက် ရှိမှာပေါ့။ (ကိုပီတိကတော့ ဒီ ၁၀ မိုင်ခရီးကို အသေးစိတ် ရေးထားလေရဲ့။ ဖတ်ချင်သူများ ဒီမှာ ကြည့်ကြပါ။) ဒီလိုနဲ့ ကံကြမ္မာရဲ့ သယ်ဆောင်ရာအတိုင်း စာရေးသူ ဦးစ ကို ရောက်လာပြီးနောက်မှာ သူငယ်ချင်းတွေနဲ့ ခရီးတိုလေးတွေ (၂ မိုင် - ၃ မိုင်လောက်) တခါတရံ လျှောက်တာကလွဲလို့ ပုံမှန် လမ်းမလျှောက်ဖြစ်တော့ပါ။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ စာရေးသူရဲ့ ဘ၀အမြင်လေး နဲနဲ ပြောချင်တယ်။ စာရေးသူ အနေနဲ့ အလုပ် တော်တော်များများကို ပြိုင်တူ လုပ်ရပြီဆိုရင် အတော့်ကို ခေါင်းစားပြီး မနိုင်မနင်း ဖြစ်လေ့ရှိပါတယ်။ ဥပမာ - ပညာသင်နေတုန်း အိမ်ထောင်မှုကိစ္စ လုပ်ရမယ်ဆိုရင် နှစ်ဖက်စလုံးမှာ မနိုင်မနင်း ဖြစ်မယ်လို့ ထင်တယ်။ ဒါကြောင့်ပဲ တတ်နိုင်ရင် အလုပ်တစ်ခုပြီးမှ နောက်တစ်ခုကို ဆက်ပြီး လုပ်ပါတယ်။ အလားတူ စဉ်းစားခဲ့တာက ခြေလျင်တောင်တက် ကိစ္စကိုလည်း ဒီမှာ ပညာသင်တုန်း မလုပ်ပဲ ရန်ကုန်ပြန်ရောက်မှ ပြန်လုပ်တော့မယ်ပေါ့။
ဒီလိုနဲ့ အချိန်တွေ အတော် ကုန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ သုံးပတ်က ပါရဂူဘွဲ့ အရည်အချင်းစစ် စာမေးပွဲ အပြီးမှာ အရင်ကထက်စာရင် ဘွဲ့ရဖို့ ပိုပြီးနီးစပ်လာပြီဆိုတော့ ရှေ့ဆက်လုပ်ရမယ့် အလုပ်အကိုင် ကိစ္စတွေ ခေါင်းထဲ ပိုရောက်လာတယ်။ လုပ်ချင်တာတွေက များပြီး အချိန်က နည်းနေရတဲ့ အထဲ တစ်ခုပြီးမှ တစ်ခု လုပ်ရမယ်ဆိုရင် မြန်မာပြည် လူ့သက်တမ်း အနှစ် ၆၀ အတွင်းမှာ ကိုယ်လုပ်ချင်တာတွေ အတော်များများကို မလုပ်လိုက်ရပဲ ကိစ္စချောသွားနိုင်တယ်ဆိုတာကို သိပ်လက်မခံချင်လှပေမယ့် လက်ခံလာရပါတယ်။ ဒါနဲ့ပဲ စာရေးသူတစ်ယောက် အိပ်မက်က နိုးထလာပြီး ပညာသင်တာလည်း သင်၊ တခြား လုပ်စရာရှိတဲ့၊ လုပ်ချင်တဲ့၊ လုပ်သင့်တဲ့ ကိစ္စတွေလည်း လုပ်တော့မယ်ဆိုပြီး စိတ်ပိုင်းဖြတ်လိုက်ပါတယ်။
ဒီအလုပ်တွေထဲက တစ်ခုကတော့ ခြေလျင်တောင်တက် ခရီးတွေအတွက် အဆင်သင့်ဖြစ်အောင် လေ့ကျင့်ခြင်းပါပဲ။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စုဆောင်းလာခဲ့တဲ့ အဆီ၊ အသား ပေါင် ၅၀ လောက်ကို
လျော့ချပစ်ရမယ်။ တောင်တက်ခရီးမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ကိုယ်တိုင်သယ်ပြီး
ခရီးရှည်လျှောက်နိုင်အောင် လေ့ကျင့်ရမယ်။
မိတ်ဆွေတစ်ယောက်က တခါတုန်းက ပေးခဲ့ဖူးတဲ့ အင်တာနက် လိပ်စာကို ပြန်ရှာပြီး ၀ါရှင်တန်ဒီစီ ပတ်ဝန်းကျင်မှာ ခြေလျင်တောင်တက် လုပ်နေကျ အဖွဲ့ တစ်ခု (Sierra Club) ကို ဆက်သွယ်လိုက်ပါတယ်။ အပျော်တမ်း ခြေလျင်တောင်တက်သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့က စနေ၊ တနင်္ဂနွေ တိုင်းမှာ လူတိုင်းလိုလို လိုက်ပါနိုင်တဲ့ ခရီးစဉ်တွေ ဆွဲထားပါတယ်။ ခရီးစဉ် အများစုကတော့ ၀ါရှင်တန် ဒီစီ ပတ်ဝန်းကျင်က နေရာတွေပါပဲ။ တစ်ပတ်တစ်မျိုး မရိုးရအောင်၊ ဒေသန္တရ ဗဟုသုတ ရအောင် စီစဉ်ပါတယ်။
စာရေးသူလည်း စနေနေ့တိုင်း Sierra Club အဖွဲ့ဝင်တွေနဲ့ အတူ လမ်းလျှောက်လေ့ကျင့်မယ် ဆိုပြီး ချောင်ထိုးထားတဲ့ ခြေလျင်တောင်တက် ကိရိယာတွေ ပြန်ရှာပါတယ်။ ကျောပိုးအိတ်၊ ဖိနပ်၊ ရေဘူး၊ ဓါတ်မီး၊ စည်သွတ်ဗူးဖောက်တံ၊ ခေါက်ဓါး စသဖြင့်ပေါ့။ ဇန္န၀ါရီ ၁၉ နေ့ ကတော့ စာရေးသူ ပထမဆုံး လိုက်ဖြစ်တဲ့ အစီအစဉ်ပါပဲ။ ဒီလမ်းလျှောက် အတွေ့အကြုံကိုတော့ နောက်ပို့စ်မှာ ရှုစားပါ။
မျှော် ……………….
7
comments
Labels:
burmese,
hiking
Thursday, January 10, 2008
my prelim
preliminary oral examination
let's start a new year with a good news - a really good one. i took preliminary oral examination of my doctoral program on january 9, 2008. there were three possible outcomes; fail, pass with condition and unconditional pass. i received unconditional pass. the examination committee teasingly gave me their voting chips and i thought it would be nice to share with you. everything is bloggable. isn't it?

i do know that there is still a long way to go before i could reach to the very end of this one and many more tunnels are waiting after that. but, i sincerely hope that things will be brighter this year and i will be able to grasp my dreams soon. so, this is the time to pause, celebrate a little and thanks to those whom i am indebted to.
thanks to ..
- mom and dad for giving me courage, chance and opportunity to pursue what i want to pursue ..
- my sister for taking care of mom and dad while i am half-a-world away from home ..
- all my teachers for equipping me with indispensable tools to solve the problems of life ..
- my host family in the US for letting me find a 'home away from home' ..
- friends and close acquaintances for providing moral supports whenever i need them ..
16
comments
Labels:
autobio,
english,
public health
Subscribe to:
Posts (Atom)