Tuesday, February 5, 2008

To Nay Phone Latt

ပိုင်ရှင်ဝေးနေသော ဘလောက် (သို့) ကျွန်တော်လွတ်ကျခဲ့တဲ့မြို့တော်

သူနဲ့ လူချင်း မဆုံဘူးပေမယ့် စာရေးအားကောင်းတဲ့၊ စာကောင်းတွေရေးတဲ့ မြန်မာဘလောက်ဂါ တစ်ယောက်အဖြစ် အမှတ်ထင်ထင် ရှိနေခဲ့သည်။ ရံဖန်ရံခါဆိုသလို သူ့ဘလောက်ကို အလည်ရောက်ခဲ့ဖူးသည်။ ဘလောက်ဂါများနေ့ ဆင်မနာ၊ ဘလောက်စာအုပ် ကိစ္စတွေမှာ တက်ကြွပါဝင်သူမှန်း သိရတော့ လေးစားမိသည်။

ဖေဖော်ဝါရီ ၆ရက် နေ့မှာတော့ သူ့ရဲ့ လွတ်ကျခဲ့တဲ့ မြို့တော် တစ်နှစ်ပြည့်ပြီ။ သူကတော့ ဘလောက်ဂါများ လက်လှမ်းမမီနိုင်ရာ အဝေးတစ်နေရာမှာ ရောက်နေလေရဲ့။ ဒါပေမယ့် ... သူ့ဆီပုံးမှာတော့ ဆုတောင်းသံတွေ ညံနေမြဲ၊ ညံနေဆဲ။ ဘလောက်ဂါ ညီအကို မောင်နှစ်မတွေ ရင်ထဲမှာလဲ သောကမီးတွေနဲ့ ပူလောင်ဆဲ။

လွတ်ကျခဲ့တဲ့ မြို့တော်ရေ … မောင်ရင် ဘေးမသီရန်မခပဲ ပြန်ရောက်လာမယ့်နေ့ကို မျှော်နေမယ်။

ရဲမွန်

1 comment:

Anonymous said...

Min Min,this post made me a sense of your comradeship.