Saturday, May 10, 2008

Township Relief Committee

၁၀၊ ၅၊ ၂၀၀၈

မြို့နယ်ကယ်ဆယ်ရေးကော်မတီ

လေဘေးဒဏ်သင့် မြို့နယ်များတွင် မြို့နယ်ကယ်ဆယ်ရေးကော်မတီများ ဖွဲ့စည်းထားရှိသည်ဟု သိရပါသည်။ မိမိတို့ လှူဒါန်းမည့် ပစ္စည်း၊ အစားအစာ၊ ရေတို့ကို ထို ကော်မတီများမှ တဆင့် လှူဒါန်းနိုင်သည်ဟု လည်း သိရှိရပါသည်။ သို့ရာတွင် ကော်မတီနှင့် ကြိုတင် ညှိနှိုင်းထားခြင်း မပြုပဲ အလှူပစ္စည်းများ ယူဆောင်ပြီး သွားရောက်ပါက ကိုယ်ထိလက်ရောက် လှူရန် အခက်အခဲ အနည်းငယ် ရှိတတ်ပါသည်။

ထို့ကြောင့် ကယ်ဆယ်ရေး ကော်မတီများ နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ပါရန် အကြံပြုပါသည်။

No comments: