Wednesday, May 14, 2008

How we survived

၁၄၊ ၅၊ ၂၀၀၈

ဘယ်လိုလွတ်လာသလဲ

ယူကျုမှ ဗီဒီယိုတစ်ခုကို ကြည့်မိပါသည်။ လပွတ္တာ အနီးရှိ ရွာတစ်ရွာမှ လူငယ်တစ်ဦး၏ ကိုယ်တွေ့ ပြောပြချက်များ ဖြစ်ပါသည်။ အပေါ်အင်္ကျီ မပါ၊ ပုဆိုး ခါးတောင်းကျိုက်ဖြင့် လူငယ်က လက်ဖက်ရည်ဆိုင် ခွေးခြေပုလေးတွင် ထိုင်နေသည်။ ဗီဒီယို ရိုက်နေသူက မေးမြန်းနေပုံရသည်။
မေးမြန်းသူ။ ။ အကို ဒီဒဏ်ရာတွေက ဘာဖြစ်တာလဲ။
ဘေးမှ လူတစ်ဦး။ ။ ပွန်းတာပေါ့ သစ်ပင်ပွန်းတာပေါ့ သစ်ပင် ဖက်ထားတာ။ သူလည်း မယား နဲ့ သား ပါသွားတာပေါ့။
လူငယ်။ ။ ကလေးလေး တစ်ယောက်ကတော့ ပါးစပ်ကိုက်ထားတာ။
မေးမြန်းသူ။ ။ သြော် .. ကလေးတစ်ယောက် ပြန်ရတယ်။
လူငယ်။ ။ (ခေါင်းငြိမ့်လျက်) ရတယ်။ ပါးစပ်ကိုက်ထားတာ။
မေးမြန်းသူ။ ။ အကို မိသားစု ဘယ်နှစ်ယောက် ရှိလဲ။
လူငယ်။ ။ လေးယောက်။
မေးမြန်းသူ။ ။ အခု ဘယ်နှစ်ယောက်ပဲ ပါလာလဲ။
လူငယ်။ ။ နှစ်ယောက်ပဲ ပါလာတာပေါ့။
မေးမြန်းသူ။ ။ နှစ်ယောက်က သေတယ်ပေါ့။
လူငယ်။ ။ နှစ်ယောက်က သေတယ်။

ထိုလူငယ်တွင် မိသားစု လေးဦး ရှိသည့် အနက် ဇနီး နှင့် အခြား ကလေး တစ်ဦး ဆုံးပါးခဲ့သည်။ ၄င်းကိုယ်တိုင်ပင် သစ်ပင်ကို တွယ်ဖက်ထားရင်း ကလေးငယ်ကို ပါးစပ်ဖြင့် ချီထားနိုင်၍ နှစ်ဦးသား အသက်ရှင်လာကြခြင်းပင်။

မိမိ ထူးထူးခြားခြား သတိထားမိသည်မှာ ဤမျှ ကြမ်းတမ်းလှသည့် လောကဓံအဖြစ်အပျက် ကို တည်တည်ငြိမ်ငြိမ် ဖြေကြားသွားနိုင်သည့် လူငယ်၏ အမူအယာကိုပင်။ သူ့ကို ကြည့်ရသည်မှာ မုသားပြောနေသည့် လူတစ်ဦးနှင့် မတူ။ ဖြစ်ရပ်မှန် သတင်းပို့နေသည့် သတင်းထောက်နှင့်သာ ပို၍ တူနေသည်။ လူပုံကမူ သတင်းထောက် တစ်ယောက်နှင့်လည်း မတူပြန်။ တကယ့် တောသူတောင်သား တစ်ယောက်ဟန်ပန်။ ထို့ကြောင့် ဟန်ဆောင် ပြောကြားနေခြင်း မဟုတ်မှန်း သိသာလှသည်။ ဒါဆို .. သူဘာကြောင့် တည်ငြိမ်နေသနည်း။ စာရှုသူ မည်သို့ ထင်ပါသနည်း။ ဗီဒီယိုကို ကြည့်ချင်ပါက ဤလင့်ကို နှိပ်ပါ။

6 comments:

TDH said...

They are so used to with poverty and haven't seen the outside world. they have no idea what their rights are and they will never complaint. besides, myanmar people are forgiving. This man might think he's not alone to suffer and had put everything down to fate. They might think it's wrong to express their feeling. Psychological wellbeing is not a popular topic in Myanmar.

tdh said...

If possible, could you please write an article (in burmese) about diseases/outbreaks likely to occur after a natural disaster and how to prevent them (as an ordinary person)and how to break the circle of disease if already occured. That might be a helpful information for volunteer persons who are not from medical community.

Crunchy said...

ကြုံတွေရသမျှထဲကမှတ်မိတာကိုပြောရရင် နယ်သားတော သားတွေက ရှင်းရှင်းဘွင်းဘွင်းပြောတဲ့သဘာဝရှိပြီး၊ စကားကိုလည်းတိုတိုနဲ့ပြောတတ်ကြတယ်။ ၀မ်းနည်းတဲ့အချိန်မှာဝမ်းနည်းပြီး၊ပြီးရင် ကိုယ်စားဖို့ အတွက် ကိုယ်ဖာသာရုန်းကန်ရ တော့အမြဲတပူပူမရှိသလိုပါဘဲ။ ရင်ထဲမှာပူတာကိုတော့ ကာယကံရှင်သာအသိဆုံးပါ။ တောင်သူတွေကကိုယ်ဖာသာကို့ စားဖို့ စိုက်၊ကိုယ်ဟာကို ရောက်အောင်သွား၊ကိုယ်အိမ်မိုးကိုယ်ဖာသာမိုး၊ဘ၀ရှင်သန် ရေးအတွက်လုံးပန်းနေရတော့ အမြဲတငိုငိုတရီရီနဲ့ မဖြစ်ဘူး ထင်တယ်။ ရွာက ကလေးတွေမြို့ တက်ပြီးကြုံရာလုပ်တော့ တစ်ချို့ မိဘတွေဟာကိုယ့်သားသမီးဘယ်မှာနေ၊ဘယ်လိုနေ တယ်ဆိုတာမသိတဲ့ မိဘတွေလည်းရှိပါတယ်။ မပူဘယ်သူရှိ ပမလဲ။ အခြေအနေမပေးတော့လည်းဒီလိုဘဲနေရတာပဲ။

Anonymous said...

After losing everything including your love ones, you become emotionless. He is not calm but he's got nothing to be sensible. Too much troubles and pains in his life forced him to be like that. Heartache view indeed.

Anonymous said...

They have been living a long time under an oppressive regime and are not able to express their feelings anymore. I don’t think they were pretending or posing in front of the cameras. To my curiosity, did your post topic say, “How we survived” or “How did he escape?” Now it’s your turn to tell us your thoughts of him.

Anonymous said...

When a person has faced such a life or death situation or a great loss, first phase of reaction is shock, disbelief and a degree of denial. It is highly possible that he was too numb to feel/ express any emotions. Only in later phases that anger and sadness will set in. That stage can take a long time before the acceptance of reality eventually take place. Theoretically, these people are very susceptible to develop Post Traumatic Stress Disorder later on. Sadly, no matter how severe the symptoms and impact on life may be, PTSD is likely to be undiagnosed and untreated in a community where people have to work hard to make ends meet on day-to-day basis.