Saturday, May 17, 2008

Myanmar Postcode

၁၇၊ ၅၊ ၂၀၀၈

မြန်မာ့ စာပို့သင်္ကေတ

မြန်မာနိုင်ငံတွင် စာပို့သင်္ကေတ (postcode, zip code) များရှိသော်လည်း အသုံးနည်းနေသေးသည်ကို တွေ့ရှိရပေသည်။ မြန်မာ့ စာပို့သင်္ကေတမှာ ဂဏန်း ၅လုံး ဖြင့်ဖွဲ့စည်းထားသည်။ ထိုဂဏန်း ၅လုံး အနက် ပထမဦးဆုံး နှစ်လုံးက ပြည်နယ် (သို့) တိုင်းကို ဖော်ပြပြီး၊ ဒုတိယ နှစ်လုံးက စည်ပင်သာယာနယ်နမိတ်ကို ဖော်ပြကာ၊ နောက်ဆုံး တစ်လုံးက စာဝေစာတိုက်ကို ဖော်ပြလေသည်။


ဖော်ပြပါပုံမှာ Universal Postal Union ၀က်ဆိုဒ်မှ ရယူထားခြင်းဖြစ်ပါသည်။

ပြည်နယ် နှင့် တိုင်းအသီးသီး အတွက် စာပို့သင်္ကေတ ပထမ ဂဏန်း နှစ်လုံးမှာ
၀၁ ကချင်ပြည်နယ်
၀၂ စစ်ကိုင်းတိုင်း
၀၃ ချင်းပြည်နယ်
၀၄ မကွေးတိုင်း
၀၅ မန္တလေးတိုင်း
၀၆ ရှမ်းပြည်နယ်
၀၇ ရခိုင်ပြည်နယ်
၀၈ ပဲခူးတိုင်း
၀၉ ကယားပြည်နယ်
၁၀ ဧရာဝတီတိုင်း
၁၁ ရန်ကုန်တိုင်း
၁၂ မွန်ပြည်နယ်
၁၃ ကရင်ပြည်နယ်
၁၄ တနင်္သာရီတိုင်း

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိလေသည်။ ထိုမြို့နယ် အသီးသီး နှင့် သက်ဆိုင်သည့် စာပို့သင်္ကေတများကို အင်တာနက်ပေါ်တွင် ရှာဖွေကြည့်သော်လည်း ပြည့်ပြည့်စုံစုံ မတွေ့ရပေ။ ထို့ကြောင့် ဘလောက်ဂါများ အကူအညီဖြင့် စာရင်းပြုစုရန် စိတ်ကူးရမိသည်။ မိမိ သိရှိသော စာဝေစာတိုက်များ၏ စာပို့သင်္ကေတများကို မှတ်ချက် (၀ါ) စီပုံးတွင် ရေးသား ပေးသွားပါရန် တောင်းဆိုပါသည်။ မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ၀န်ကြီးဌာန နှင့် အဆက်အသွယ်ရှိသူများ စာရင်း ရှာဖွေ ပေးပို့ပေးနိုင်မည်ဆိုပါက အထူး ကျေးဇူးတင်ရှိပါမည့် အကြောင်း။

ကျေးဇူးတင်စွာဖြင့်
ရဲမွန်

စာကိုး
www.upu.int/post_code/en/countries/MMR.pdf

မှတ်ချက်။

မြို့နယ် တစ်မြို့နယ်တည်း ဖြစ်စေကာမူ စာပို့သင်္ကေတ မတူပဲရှိနေနိုင်ပါသည်။ ဥပမာ - အင်းစိန်မြို့နယ်တွင် အင်းစိန်စာတိုက် နှင့် စော်ဘွားကြီးကုန်း စာတိုက် ဟူ၍ စာဝေစာတိုက်နှစ်ခု ရှိပြီး မိမိနေထိုင်ရာ အပိုင်းပေါ်မူတည်ကာ စာပေးဝေသော စာတိုက် ကွဲပြားပါသည်။ ကျွန်တော် ယခင် နေထိုင်ဖူးသောအိမ်မှာ စော်ဘွားကြီးကုန်းစာတိုက်က စာဝေသော အပိုင်းဖြစ်ပါသည်။ သို့ရာတွင် မိတ်ဆွေ တစ်ချို့က အင်းစိန်မြို့နယ်ဟု လိပ်စာတပ်လိုက်သောအခါ စာမှာ အင်းစိန်စာတိုက်သို့ ရောက်ရှိသွားတတ်သဖြင့် စာရရှိချိန် နှောင့်နှေးသွား တတ်ပါသည်။ ထို့ကြောင့် မိမိနေထိုင်သောအိမ်နှင့် သက်ဆိုင်သော စာဝေစာတိုက် နှင့် ၄င်း၏ စာပို့သင်္ကေတ တို့ကို သိရှိထားရန်လိုပါသည်။

မိမိသိရှိသော စာဝေစာတိုက်များ၏ စာပို့သင်္ကေတများ

လှိုင်စာတိုက်၊ လှိုင်မြို့နယ် - ၁၁၀၅၁
သမိုင်းစာတိုက်၊ လှိုင်မြို့နယ် - ၁၁၀၅၂
ကမာရွတ်စာတိုက်၊ ကမာရွတ်မြို့နယ် - ၁၁၀၅၃
စော်ဘွားကြီးကုန်းစာတိုက်၊ အင်းစိန်မြို့နယ် - ၁၁၀၁၃
စမ်းချောင်းစာတိုက်၊ စမ်းချောင်းမြို့နယ် - ၁၁၁၁၁

ရန်ကုန်တိုင်း စာဝေစာတိုက်များ၏ သင်္ကေတများ စာရင်းကို အောက်ပါ ဇယားတွင် ကြည့်ပါ။ johnamh ၏ အညွှန်းကြောင့် မြန်မာ့အင်တာနက် ၀က်ဆိုဒ်မှ ရှာဖွေ တွေ့ရှိပါသည်။


Post Office

Township

Postal Code

Ahlone

Ahlone

11121

Aung San

Insein

11012

Bahan

Bahan

11201

Bayintnaung Market (Thamine)

Mayangone

11062

Bogyoke Market

Pabedan

11143

Botahtaung

Botahtaung

11162

Botahtaung

Botahtaung

11161

Dagon

Dagon

11191

Dagon Myothit (North)

Dagon Myothit (North)

11421

Dagon Myothit (South)

Dagon Myothit (South)

11431

Dawbon

Dawbon

11241

Hlaing

Hlaing

11051

Hlaing Thar Yar

Hlaing Thar Yar

11401

Insein

Insein

11011

Kaba Aye

Mayangone

11061

Kamayut

Kamayut

11041

Kyauk Tan

Kyauk Tan

11301

Kyauktada

Kyauktada

11182

Kyeemyindaing

Kyimyindaing

11101

Lanmadaw

Lanmadaw

11131

Mingalar Taung Nyunt

Mingalar Taung Nyunt

11221

Mingalardon

Mingalardon

11021

Okkalapa (North)

Okkalapa (North)

11031

Okkalapa (South)

Okkalapa (South)

11091

Pabedan

Pabedan

11141

Pazundaung

Pazundaung

11171

Pyi Thar Yar

Yankin

11082

Sanchaung

Sanchaung

11111

Shwe Pyi Thar

Shwe Pyi Thar

11411

Shwepaukan

Okkalapa (North)

11032

Tamwe

Tamwe

11211

Tanyin

Tanyin

11291

Thamine College

Hlaing

11052

Tharkayta

Tharkayta

11231

Theingyi Market

Pabedan

11142

Thingangyun

Thingangyun

11071

Thuwunna

Thingangyun

11072

Yangon

Yangon

11181

Yangon Station

Mingalar Taung Nyunt

11222

Yankin

Yankin

11081


5 comments:

Anonymous said...

Kyauk ta da township Yangon 11181

ဘလူးဖီးနစ် said...

အကိုရေ ကျွန်တော် မသိလို့ တစ်ခု မေးချင်ပါတယ်။ မြန်မာပြည်မှာ ZIP CODE တွေကို ဘယ်လို သတ်မှတ်ထားလဲ ခင်ဗျ။ စာတိုက် နံပါတ်နဲ့ တူပါသလားခင်ဗျာ။ ကျွန်တော်က အဲဒါတွေ မသိလို့ ခဏ ခဏ ဒုက္ခ ရောက်ရလို့ပါ။

Unknown said...

နိုင်​ငံခြားonline store ကပစ္စည်း​တွေကိုမြန်​မာပြည်​က​နေမှာလို့ရပါသလားခင်​ဗျာ.....ရတယ်​ဆိုရန်​ကုန်​ဘယ်​လိပ်​စာထည့်​ရင်​အဆင်​​ပြေပါသလဲခင်​ဗျာ....​ကျေးဇူးပြု၍​ဖြေကြား​ပေးပါခင်​ဗျာ...

kyaw thant aung said...

မန်း​လေးကဟာ​တွေဘယ်​မှာကြည့်​ရလဲဗျ

kyaw thant aung said...

မန်း​လေးကဟာ​တွေဘယ်​မှာကြည့်​ရလဲဗျ