Sunday, May 4, 2008

Please contact

၎၊ ၅၊ ၂၀၀၈

အမြန်ဆက်သွယ်ပါ

ရန်ကုန်မှ မိတ်ဆွေ၊ သူငယ်ချင်းများ

လေဘေး သတင်းကြားရ၍ စိတ်မကောင်းပါ။ ပြည်ပရောက် မြန်မာများမှ တတ်နိုင်သရွေ့ အကူအညီ ပေးချင်ကြသည်ဟု သိရပါသည်။ အဆင်ပြေပါက ကျွန်တော့်ကို အမြန် ဆက်သွယ်ပေးပါ။

အောက်ပါ အချက်အလက်များ သိလိုပါသည်။
  • ထိခိုက်သည့် မြို့နယ်များ၊ အိမ်ခြေ၊ လူဦးရေ
  • ထိခိုက်ပျက်ဆီးမှု ပမာဏ
  • ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးအတွက် မည်သည့် အဖွဲ့အစည်းများက အဓိက တာဝန်ယူဆောင်ရွက်နေသည်
  • NGO များ ၀င်ရောက်ကူညီခွင့်ရှိမရှိ နှင့် မည်သည့် အဖွဲ့များ ဆောင်ရွက်နေသည်
  • အရေးပေါ် လိုအပ်ချက်များ
  • ငွေကြေး၊ ပစ္စည်း စသည်တို့ကို လှူဒါန်းရန် မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကို မည်သို့ ဆက်သွယ်ရန်


3 comments:

pandora said...

လောလောဆယ်တော့ UN က အကူအညီပေးဖို့ offer လုပ်တာကို အစိုးရက reject လုပ်လိုက်တယ်လို့ သတင်းကလွှင့်သွားပါတယ်။

စူး said...

ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲ ဆိုတာလဲ ဖော်ပြပေးစေလိုပါတယ်

စိုးထက် - Soe Htet ! said...

ကျွန်တော်လည်း ကြေငြာ လိုက်ဦးမယ် ...