Wednesday, December 31, 2008

New Year Wish 2009

မင်္ဂလာ နှစ်သစ်ပါ

Thursday, December 4, 2008

2, 144, 76, and 22072

၎၊ ၁၂၊ ၂၀၀၈

အချိန် ၂ နှစ် အတွင်း ရေးခဲ့တဲ့ဘလောက်ပို့စ် ၁၄၄ ခု ကို
နိုင်ငံ ၇၆ နိုင်ငံကနေ ၂၂၀၇၂-ကြိမ် ၀င်ကြည့်ခဲ့ကြလေသည်။


ဘာလိုလိုနဲ့ ဘလောက်လေးတောင် ၂-နှစ် ရှိသွားပြီ။


ရေးတစ်ခါ ပျောက်တစ်လှည့်နဲ့ ၂-နှစ်အတွင်း ပို့စ် ၁၄၄ ခုဆိုတော့ တစ်လကို ပျမ်းမျှ ဘလောက်ပို့စ် ၆-ခု နှုန်းတော့ တင်ဖြစ်သား။



လာတဲ့ ဧည့်သည်တွေက (အိုင်ပီအမှန်အကန်တွေသာဆိုရင်) နိုင်ငံ ၇၆ နိုင်ငံက ဖြစ်ပါတယ် လို့ ဂူဂဲလ် အန်နာလစ်တစ်က တိုးတိုးလေး ပြောသွားတယ်။ ဧည့်သည်တွေ အလာများတာကတော့
  1. အမေရိကန်ပြည်ထောင်စု
  2. စင်္ကာပူ
  3. ယူကေ
  4. ထိုင်း
  5. ဂျပန်
  6. မြန်မာ
  7. ၾသစေတးလ်
  8. မေလးရွား
  9. ရုရှ နဲ့
  10. နော်ဝေ ... တို့ ဆိုပဲ။




၂-နှစ်အတွင်း လာလည်တဲ့ အကြိမ်ပေါင်းက ၂၂၀၇၂ ရှိလေတော့ တစ်ရက်ကို ၃၀ နှုန်းလောက် ရှိပါသတဲ့။

မိတ်ဟောင်း မိတ်သစ် အားလုံး ... မင်္ဂလာပါ။

Monday, December 1, 2008

World AIDS Day 2008

Slogan 2008

"Lead - Empower - Deliver"


Slogan 2005-2010

"Stop AIDS. Keep the Promise."


20th Annivesary of World AIDS Day
1 December 2008


Saturday, November 29, 2008

They can because ...

၂၉၊ ၁၁၊ ၂၀၀၉

သူတို့ အောင်မြင်ကြပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ...

ကြာတော့ ကြာခဲ့ပြီ .. ဒါပေမယ့် စိတ်ထဲမှာ အမှတ်ထင်ထင် ရှိနေခဲ့တဲ့ ပန်းချီကား နဲ့ စာသားလေး တစ်စုံပါ။ ပန်းချီကားက ငှက်ကလေး နှစ်ကောင် တိမ်ဖြူတွေ ဟိုတစ်ကွက် ဒီတစ်ကွက် ရှိနေတဲ့ ကောင်းကင်ပြာမှာ ပျံနေပုံ ကို သရုပ်ဖော်ထားတယ်။ အင်မတန် ရိုးစင်းလွန်းတဲ့ ပန်းချီလေးပါ။ ပန်းချီကား အောက်က စာသားလေးက
"They can because ... they think they can"

အနီးစပ်ဆုံး ပုံကို ပြပါဆိုရင် အင်တာနက်က ရှာဖွေတွေ့ရှိတဲ့ အောက်က ပုံလေးကို ပြရလိမ့်မယ်။

Read More...

Wednesday, November 26, 2008

Thanksgiving

၂၆၊ ၁၁၊ ၂၀၀၈


အသံဖလှယ်ရရင်တော့ “သင့်ခ်စ်ဂစ်ဗင်း”၊ ဘာသာပြန်ရရင်တော့ “ကျေးဇူးတော် ချီးမွမ်းပွဲ” ဖြစ်မလားပဲ။ ကိုယ့်မိဘက ကိုယ့်ကို ကော်ဖီ ဖျော်ပေးရင် ဖြစ်ဖြစ်၊ ထမင်းပန်းကန်လေး ချပေးရင် ဖြစ်ဖြစ် “ကျေးဇူးတင်ပါတယ် မေမေ”၊ “ကျေးဇူးတင်ပါတယ် ဖေဖေ” စသဖြင့် ပြောလေ့ ရှိတတ်တဲ့ လူမျိုးက မျက်စိတဆုံး ကျယ်ပြောပြီး အလားအလာကောင်းတဲ့မြေမှာ အခြေချခွင့်ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်တဲ့ အနေနဲ့ ပြုလုပ်တဲ့ပွဲပါတဲ့။ နိုဝင်ဘာလရဲ့ စတုတ္ထ ကြာသပတေး နေ့မှာ ပြုလုပ်လေ့ ရှိပါတယ်။

Read More...

Tuesday, November 18, 2008

A Shoulder To Cry On

Tommy Page



Lyrics


Read More...

I am on Chrome

၁၈ နိုဝင်ဘာ ၂၀၀၈
ဂူဂဲလ် ခရုမ်း

ဘာရယ်တော့ မဟုတ်ပါဘူး။ အသစ်အဆန်းလေးဆိုတော့ စမ်းကြည့်တာပါ။ မြန်တော့ မြန်သား၊ အကင်းလည်းပါးတယ်။

Thursday, September 18, 2008

Similar Yet Different ... Why?

Both countries were hit by tropical cyclones of similar strength in the same year. Yet, outcomes were quite different. Why?

Sr.CharacteristicNargisIke
(1)TypeCycloneHurricane
(2)CountryMyanmarUSA
(3)Wind Speed at Landfall135 mph110 mph
(4)Size (widest diameter)90 miles500 miles (about the size of Myanmar)
(5)Category at Landfall32
(6)Formation Date27 April 20081 September 2008
(7)Landfall Date2 May 200813 September 2008
(8)Population Affected7.4 million47.8 million
(9)Damage & Loss$ 4 billion$ 29.5 billion
(10)Damage & Loss (% of GDP)6%0.2%
(11)Death140,00049
(12)Fatality Rate (per million)18,9181


References

PONJA
Wikipedia
US Census Bureau
US Bureau of Economic Analysis

Foot note:
Hurricane Ike hit many other countries before it reached the US, however, this comparison looked at the Hurricane's strength and impact on the US only.

Estimate of population affected was based on population in the county and state that declared state of emergency and reported damage due to hurricane.

Friday, August 1, 2008

Visiting Mandalay

Me and two other friends left Yangon around 7:00 am yesterday for
Mandalay. We were lucky enough to use half-finished Yangon-Pyinmana
Express way although it was not officially opened. We drove 120-140
kmh and odometer alarm was constantly ringing. It supposed to take
only 4 hours to get to Pyinmana, however, we had our tire bust, car
jack did not work, and spare tire was flat. Another fellow traveller
helped us with their car jack and left manual air pump to inflate our
spare tire. A tiny tire repair workshop for heavy machineries working
for the Express way helped us fixed spare tire.

Then, we reached our new capital at 2:00 pm. It is massive with new
buildings and a web of relatively empty concrete roads. 24 hours
electricty made restaurant and hotel elegant. We had lunch in YKKO in
the city, replaced new tire and continued our journey to the North.

Pyinama to Mandalay road was fine and journey was uneventful. We
arrived Mandalay at 8:30 pm.

Saturday, July 5, 2008

Back Home

I got back home safely. Didn't have time to use internet in the first 24 hours. Now, online again. Busy with volunteer work. Will update more later.

yemon

Thursday, July 3, 2008

An Airport with No Power Outlet

Dear Amigos,

This is just a test post using mail-to-blog. I am on my way to Yangon waiting for connecting flight in a brand new big airport. To my surprise the airport does not have power outlet for travellers to hook up their computers. A restaurant in that airport said to me that I have to pay $ 7 to charge my laptop. What a rediculous thing in this new international airport. May be they want to go green. After scouting this new airport for 30 minutes, a lady in the information desk directed me to a cluster of public phone booths where I unplugged one power cord and charged my laptop to send you this post. No security personnel came and arrest me. At least, not yet. :)

Okie. More later.

best,
yemon

Friday, June 27, 2008

What am I doing these days

၂၇၊ ၆၊ ၂၀၀၈

ရဲမွန် ဘာတွေ လုပ်နေလဲ

ချို ချင် ငံ စပ် ဖန် ခါး ....
တကယ်ကို ရသာ စုံနေပါတယ်။ ဘလောက်ဖက်တောင် မလှည့်နိုင်တာသာကြည့်။
  • တစ်ပတ်ခရီး ဆိုပြီး ခရီး သွားလိုက်တာ ၃ လ ကြာတယ်။
  • ကိုယ်က တပြည်တရွာ ရောက်နေတုန်း ကျောင်းတက်တဲ့ တိုင်းပြည်မှာ ငှားထားတဲ့ အခန်းက ရက်စေ့တော့ ပြောင်းပေးရတယ်။
  • ကိုယ့်တိုင်းပြည်ကို ဆိုင်ကလုန်းမွှေတော့ နိုင်ငံကူးလက်မှတ် ပြန်မရသေးလို့ မပြန်နိုင် ဖြစ်ရတယ်။
  • ပါရဂူသင်တန်းက ကာလကြာရှည် ကင်းကွာဖြစ်နေလို့ ထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။
  • ရှေ့နှစ်အတွက် ပညာသင်ဆု မပေးတော့ဘူးလို့ သိရတယ်။
  • ကုန်ကျစရိတ်က ပက်ပက်စက်စက် ထောင်းတယ်။

အခုတော့ တိမ်တွေကင်းလို့ နေမင်း သာစ ပြုလာပါပြီ ...
  • မကြာခင် အချိန်မှာ အိမ်ပြန်ရတော့မယ်။
  • နာဂစ်ကယ်ဆယ်ရေးနဲ့ အခြား လုပ်ချင်တဲ့ အလုပ်လေးတွေ လုပ်ခွင့်ရတော့မယ်။
  • ဝေးနေခဲ့တဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေနဲ့ တွေ့ရမယ်။

ဒါပေမယ့် အီးမေး၊ ဘလောက်၊ အင်တာနက်တွေ နဲ့တော့ ... မောင်စိန်ဝင်း (ပုတီးကုန်း) ၀တ္ထု အမည်ထဲကလို ...

ခပ်စိမ်းစိမ်းပဲ နေပါ့မယ် ....

အခြေအနေပေးရင်တော့ မေးတူဘလောက်လေး ဘာလေး လုပ်တာပေါ့လေ။ နောက်ဘလောက်ပို့စ်မှာ ဆုံကြဦးမယ်လေ ... ပျော်ပျော်ပါးပါးပေါ့။

ကျန်းမာရွှင်လန်းကြပါစေ ...

ရဲမွန်

Monday, June 9, 2008

Rice Bag Drive


တာပေါင်ပြင်ရန် ဆာလာအိတ် အလှူခံခြင်း

မိမိ၏ မီးဖိုချောင်မှ သိပ်အသုံးမ၀င်လှသော အိတ်ခွံ တစ်ခုသည် မုန်တိုင်းဒဏ်ကြောင့် ကျိုးပျက်သွားသော တာပေါင်ကို ပြင်ဆင်ရာတွင် အလွန်အသုံးတဲ့ကြောင်း သင်သိပါသလား။ အောက်တွင် ဆက်လက်ဖတ်ရှုပါ။


Read More...

Tuesday, June 3, 2008

MBEAN needs volunteers

၃၊ ၆၊ ၂၀၀၈

လုပ်အားပေး အလိုရှိသည်

MBEAN ဟု အမည်ရသော စေတနာ့ဝန်ထမ်း အဖွဲ့တစ်ခုက နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေး ကိစ္စများတွင် ကူညီရန် လုပ်အားပေးများအလိုရှိကြောင်း သိရှိရသည်။ အသေးစိတ်ကို အောက်တွင် ဖတ်ရှုပါ။


Read More...

Sunday, May 25, 2008

Current SG to Ex-SG

၂၅၊ ၅၊ ၂၀၀၈

လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ်က
ယခင် အထွေထွေ အတွင်းရေးမှူးချုပ် ကို ဂါရ၀ပြုစဉ်


(ဓါတ်ပုံ - အေအက်ပီ)

လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အုတ်ဂူတွင် ဂါရ၀ ပြုနေစဉ်။

New Roof?

၂၅၊ ၅၊ ၂၀၀၈

ရှေ့ကဖြင့်လုံပါရဲ့ ...

နိုင်ငံ့ ကိုယ်စားပြု သတင်းစာကြီးက အောက်ပါ ဓါတ်ပုံကို ဖော်ပြလေသည်။ ရှေ့ပိုင်း သွပ်မိုး အသစ်မိုးထားပေမယ့် နောက်မှာတော့ ဟောင်းလောင်းဖြစ်နေတာ မြင်သူကလည်း မြင်တတ်သည်။ စာရေးသူကတော့ လက်ဆင့်ကမ်းရုံမျှသာ။ စိတ်ထဲကတော့ “သြော် ... တတ်လည်း တတ်နိုင်ကြပါပေ့” လို့သာ ...


Wednesday, May 21, 2008

Burma Viral

I am so touched by this MTV clip.


Find more videos like this on AdGabber

"To the peace loving people of Burma, we support you in this time of crisis. From your friends around the world."

Saturday, May 17, 2008

Myanmar Postcode

၁၇၊ ၅၊ ၂၀၀၈

မြန်မာ့ စာပို့သင်္ကေတ

မြန်မာနိုင်ငံတွင် စာပို့သင်္ကေတ (postcode, zip code) များရှိသော်လည်း အသုံးနည်းနေသေးသည်ကို တွေ့ရှိရပေသည်။ မြန်မာ့ စာပို့သင်္ကေတမှာ ဂဏန်း ၅လုံး ဖြင့်ဖွဲ့စည်းထားသည်။ ထိုဂဏန်း ၅လုံး အနက် ပထမဦးဆုံး နှစ်လုံးက ပြည်နယ် (သို့) တိုင်းကို ဖော်ပြပြီး၊ ဒုတိယ နှစ်လုံးက စည်ပင်သာယာနယ်နမိတ်ကို ဖော်ပြကာ၊ နောက်ဆုံး တစ်လုံးက စာဝေစာတိုက်ကို ဖော်ပြလေသည်။


ဖော်ပြပါပုံမှာ Universal Postal Union ၀က်ဆိုဒ်မှ ရယူထားခြင်းဖြစ်ပါသည်။

ပြည်နယ် နှင့် တိုင်းအသီးသီး အတွက် စာပို့သင်္ကေတ ပထမ ဂဏန်း နှစ်လုံးမှာ
၀၁ ကချင်ပြည်နယ်
၀၂ စစ်ကိုင်းတိုင်း
၀၃ ချင်းပြည်နယ်
၀၄ မကွေးတိုင်း
၀၅ မန္တလေးတိုင်း
၀၆ ရှမ်းပြည်နယ်
၀၇ ရခိုင်ပြည်နယ်
၀၈ ပဲခူးတိုင်း
၀၉ ကယားပြည်နယ်
၁၀ ဧရာဝတီတိုင်း
၁၁ ရန်ကုန်တိုင်း
၁၂ မွန်ပြည်နယ်
၁၃ ကရင်ပြည်နယ်
၁၄ တနင်္သာရီတိုင်း

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၀၀ ကျော်ရှိလေသည်။ ထိုမြို့နယ် အသီးသီး နှင့် သက်ဆိုင်သည့် စာပို့သင်္ကေတများကို အင်တာနက်ပေါ်တွင် ရှာဖွေကြည့်သော်လည်း ပြည့်ပြည့်စုံစုံ မတွေ့ရပေ။ ထို့ကြောင့် ဘလောက်ဂါများ အကူအညီဖြင့် စာရင်းပြုစုရန် စိတ်ကူးရမိသည်။ မိမိ သိရှိသော စာဝေစာတိုက်များ၏ စာပို့သင်္ကေတများကို မှတ်ချက် (၀ါ) စီပုံးတွင် ရေးသား ပေးသွားပါရန် တောင်းဆိုပါသည်။ မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ၀န်ကြီးဌာန နှင့် အဆက်အသွယ်ရှိသူများ စာရင်း ရှာဖွေ ပေးပို့ပေးနိုင်မည်ဆိုပါက အထူး ကျေးဇူးတင်ရှိပါမည့် အကြောင်း။

ကျေးဇူးတင်စွာဖြင့်
ရဲမွန်

စာကိုး
www.upu.int/post_code/en/countries/MMR.pdf

မှတ်ချက်။

မြို့နယ် တစ်မြို့နယ်တည်း ဖြစ်စေကာမူ စာပို့သင်္ကေတ မတူပဲရှိနေနိုင်ပါသည်။ ဥပမာ - အင်းစိန်မြို့နယ်တွင် အင်းစိန်စာတိုက် နှင့် စော်ဘွားကြီးကုန်း စာတိုက် ဟူ၍ စာဝေစာတိုက်နှစ်ခု ရှိပြီး မိမိနေထိုင်ရာ အပိုင်းပေါ်မူတည်ကာ စာပေးဝေသော စာတိုက် ကွဲပြားပါသည်။ ကျွန်တော် ယခင် နေထိုင်ဖူးသောအိမ်မှာ စော်ဘွားကြီးကုန်းစာတိုက်က စာဝေသော အပိုင်းဖြစ်ပါသည်။ သို့ရာတွင် မိတ်ဆွေ တစ်ချို့က အင်းစိန်မြို့နယ်ဟု လိပ်စာတပ်လိုက်သောအခါ စာမှာ အင်းစိန်စာတိုက်သို့ ရောက်ရှိသွားတတ်သဖြင့် စာရရှိချိန် နှောင့်နှေးသွား တတ်ပါသည်။ ထို့ကြောင့် မိမိနေထိုင်သောအိမ်နှင့် သက်ဆိုင်သော စာဝေစာတိုက် နှင့် ၄င်း၏ စာပို့သင်္ကေတ တို့ကို သိရှိထားရန်လိုပါသည်။

မိမိသိရှိသော စာဝေစာတိုက်များ၏ စာပို့သင်္ကေတများ

လှိုင်စာတိုက်၊ လှိုင်မြို့နယ် - ၁၁၀၅၁
သမိုင်းစာတိုက်၊ လှိုင်မြို့နယ် - ၁၁၀၅၂
ကမာရွတ်စာတိုက်၊ ကမာရွတ်မြို့နယ် - ၁၁၀၅၃
စော်ဘွားကြီးကုန်းစာတိုက်၊ အင်းစိန်မြို့နယ် - ၁၁၀၁၃
စမ်းချောင်းစာတိုက်၊ စမ်းချောင်းမြို့နယ် - ၁၁၁၁၁

ရန်ကုန်တိုင်း စာဝေစာတိုက်များ၏ သင်္ကေတများ စာရင်းကို အောက်ပါ ဇယားတွင် ကြည့်ပါ။ johnamh ၏ အညွှန်းကြောင့် မြန်မာ့အင်တာနက် ၀က်ဆိုဒ်မှ ရှာဖွေ တွေ့ရှိပါသည်။

Read More...

Thursday, May 15, 2008

Humanitarian Information Center

လူမှုကူညီရေးဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဖြူးရာ နေရာများ

ပထမဆုံး ဖော်ပြထားသည့်လင့်မှာ မြန်မာနိုင်ငံ၏ လက်ရှိတွေ့ကြုံနေရသော မုန်တိုင်းဒဏ် ကယ်ဆယ်ရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ဆောင်ရွက်နေသည့် ကိစ္စများ၊ လေ့လာရန် စာအုပ်စာတမ်းများ စသည်တို့ကို ပြည့်စုံစွာ စုစည်းပေးထားသော ၀က်ဆိုဒ်ကောင်းတစ်ခု ဖြစ်ပါသည်။ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူ၊ အဖွဲ့အစည်းများအတွက် အလွန် အသုံးကျမည့် သတင်းအချက်အလက်များ ရရှိနိုင်ကြောင်း လက်တို့လိုက်ပါသည်။

ဆက်လက်ဖော်ပြထားသော လင့်များမှာ မြန်မာပြည်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများအကြောင်း သတင်း အချက်အလက် ရရှိနိုင်သော နေရာများဖြစ်ပါသည်။

  1. http://myanmar.humanitarianinfo.org/
  2. http://yangon.unic.org
  3. http://www.humanitarianreform.org/
  4. http://www.reliefweb.int

လင့်ဝေမျှပေးသော ရွှေဂျမ်းကို ကျေးဇူးတင်ပါသည်။

In The Line of Fire

၁၅၊ ၅၊ ၂၀၀၈

ကျည်လမ်းကြောင်းကျနေခြင်း

ဦးသန့်က ဒီလို ပြောခဲ့သည် ..
"in times of war and of hostilities the first casualty is truth"

စစ်တွင်း နဲ့ အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ “အမှန်တရား” ဟာ ပထမဆုံး သားကောင် ဖြစ်ရလေသည် .. တဲ့။

မှန်လိုက်တဲ့ စကားပါပေ။ အခြေအနေ ရှုပ်ထွေးချိန် ရမ်းသန်းပစ်လိုက်တဲ့ကျည် ကျွန်တော့်မိတ်ဆွေကို ထိလေသည်။ မိတ်ဆွေ မို့လို့ နာလေသည်။ လမ်းမှန် လျောက်နေသူကို တွန်းထိုးသဖြင့် သာ၍နာလေသည်။ မြန်မာ အချင်းချင်း ချ၍ အလွန့်အလွန် နာလေသည်။
ကိုနစ်နေမန်း ဘလောက်က ဒီလို ပြောသည်။
MMEDWatch ဘလောက်က ဒီလို သဘောထား ပြောသည်။
ကိုစိုးထက် ဘလောက်က ဒီလို တုန့်ပြန်သည်။

ကျွန်တော်ကတော့ ဒီလို ပြောပေမည်။

သေသူကသေ၊ အိမ်ပျောက်သူကပျောက်၊ ဒုက္ခရောက်နေချိန်မှာ ကူညီနေသည့်လက်တစ်ဖက်ကို ပုတ်ချရက်သည်။ သြော် ... တို့ မြန်မာတွေ အသိဥာဏ် နုံ့လှချေ့ .. ဟုသာ မြင်သည်။

လွတ်လပ်သူတိုင်း မိမိ ယုံကြည်ရာ နိုင်ငံရေး လုပ်ခွင့်ရှိသည် ဆိုသည့် အချက်ကို မိမိ အပြည့်အ၀ ထောက်ခံပါသည်။ သို့ရာတွင် နိုင်ငံရေး၌ မိမိ အနိုင်ရရေး တစ်ခုတည်းကိုသာ အမြင်ကျဉ်းကျဉ်းနှင့် ကြည့်ပြီး ညစ်ပတ်သည်မှာကား အင်မတန် စက်ဆုပ်စရာပေ။ ချက်အောက်ကို ထိုးသည့် လက်သီးနှင့်သာ ပမာနှိုင်းရပေမည်။

အထူးသဖြင့် လူမှုကူညီရေးကိစ္စများ (Humanitarian Assistance) တွင် နိုင်ငံရေး အမြတ်ထုတ်ကြခြင်းသည် သာ၍ စက်ဆုပ်စရာ ကောင်းပေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျင် ယခု နာဂစ် မုန်တိုင်း ကယ်ဆယ်ရေးကိစ္စများတွင် အလှူရှင်နိုင်ငံ အချို့က၄င်း၊ လက်ခံသူနိုင်ငံ အစိုးရက၄င်း၊ ကြားပွဲစား နိုင်ငံက၄င်း၊ အတိုက်အခံ နိုင်ငံရေး သမားအချို့က၄င်း နိုင်ငံရေးအရ အမြတ်ထုတ်နေခြင်း၊ ထုတ်ရန်ကြိုးစားခြင်းတို့ကို တွေ့နေရပေသည်။

ထိုသူများကို ပြောလိုသည်။

ယခုအချိန်တွင် အဓိကအကျဆုံးမှာ ကယ်ဆယ်ရေး ကိစ္စများပင် ဖြစ်သည်။ လက်ရှိ အခြေအနေအတွင်းမှာ အကောင်းဆုံး ဖြစ်အောင် အမြန်ဆုံး လုပ်ကြရပေမည်။ လုပ်လည်း လုပ်နေကြပါသည်။ လက်ရှိ အခြေအနေ (နိုင်ငံရေး၊ စီးပွားရေး အစရှိသည်) ကို ပိုမို တိုးတက် ကောင်းမွန်အောင် လုပ်နိုင်သူများလည်း လုပ်ကြပါ။ သို့ရာတွင် ကျွန်တော်တို့လို လူမှုကူညီရေး လုပ်ငန်းများ လုပ်နေသူများကို အနှောင့်အယှက် မပေးဖို့လိုပါသည်။ ပတ်မကြီး ထိုး မဖောက်ဖို့ လိုပါသည်။

မည်သူက ကယ်ဆယ်သည်ဖြစ်စေ၊ မုန်တိုင်းဒဏ်သင့် ပြည်သူများ ဘေးကင်းဖို့ရာ အဓိကပင် မဟုတ်ပါလား။

Wednesday, May 14, 2008

How we survived

၁၄၊ ၅၊ ၂၀၀၈

ဘယ်လိုလွတ်လာသလဲ

ယူကျုမှ ဗီဒီယိုတစ်ခုကို ကြည့်မိပါသည်။ လပွတ္တာ အနီးရှိ ရွာတစ်ရွာမှ လူငယ်တစ်ဦး၏ ကိုယ်တွေ့ ပြောပြချက်များ ဖြစ်ပါသည်။ အပေါ်အင်္ကျီ မပါ၊ ပုဆိုး ခါးတောင်းကျိုက်ဖြင့် လူငယ်က လက်ဖက်ရည်ဆိုင် ခွေးခြေပုလေးတွင် ထိုင်နေသည်။ ဗီဒီယို ရိုက်နေသူက မေးမြန်းနေပုံရသည်။
မေးမြန်းသူ။ ။ အကို ဒီဒဏ်ရာတွေက ဘာဖြစ်တာလဲ။
ဘေးမှ လူတစ်ဦး။ ။ ပွန်းတာပေါ့ သစ်ပင်ပွန်းတာပေါ့ သစ်ပင် ဖက်ထားတာ။ သူလည်း မယား နဲ့ သား ပါသွားတာပေါ့။
လူငယ်။ ။ ကလေးလေး တစ်ယောက်ကတော့ ပါးစပ်ကိုက်ထားတာ။
မေးမြန်းသူ။ ။ သြော် .. ကလေးတစ်ယောက် ပြန်ရတယ်။
လူငယ်။ ။ (ခေါင်းငြိမ့်လျက်) ရတယ်။ ပါးစပ်ကိုက်ထားတာ။
မေးမြန်းသူ။ ။ အကို မိသားစု ဘယ်နှစ်ယောက် ရှိလဲ။
လူငယ်။ ။ လေးယောက်။
မေးမြန်းသူ။ ။ အခု ဘယ်နှစ်ယောက်ပဲ ပါလာလဲ။
လူငယ်။ ။ နှစ်ယောက်ပဲ ပါလာတာပေါ့။
မေးမြန်းသူ။ ။ နှစ်ယောက်က သေတယ်ပေါ့။
လူငယ်။ ။ နှစ်ယောက်က သေတယ်။

ထိုလူငယ်တွင် မိသားစု လေးဦး ရှိသည့် အနက် ဇနီး နှင့် အခြား ကလေး တစ်ဦး ဆုံးပါးခဲ့သည်။ ၄င်းကိုယ်တိုင်ပင် သစ်ပင်ကို တွယ်ဖက်ထားရင်း ကလေးငယ်ကို ပါးစပ်ဖြင့် ချီထားနိုင်၍ နှစ်ဦးသား အသက်ရှင်လာကြခြင်းပင်။

မိမိ ထူးထူးခြားခြား သတိထားမိသည်မှာ ဤမျှ ကြမ်းတမ်းလှသည့် လောကဓံအဖြစ်အပျက် ကို တည်တည်ငြိမ်ငြိမ် ဖြေကြားသွားနိုင်သည့် လူငယ်၏ အမူအယာကိုပင်။ သူ့ကို ကြည့်ရသည်မှာ မုသားပြောနေသည့် လူတစ်ဦးနှင့် မတူ။ ဖြစ်ရပ်မှန် သတင်းပို့နေသည့် သတင်းထောက်နှင့်သာ ပို၍ တူနေသည်။ လူပုံကမူ သတင်းထောက် တစ်ယောက်နှင့်လည်း မတူပြန်။ တကယ့် တောသူတောင်သား တစ်ယောက်ဟန်ပန်။ ထို့ကြောင့် ဟန်ဆောင် ပြောကြားနေခြင်း မဟုတ်မှန်း သိသာလှသည်။ ဒါဆို .. သူဘာကြောင့် တည်ငြိမ်နေသနည်း။ စာရှုသူ မည်သို့ ထင်ပါသနည်း။ ဗီဒီယိုကို ကြည့်ချင်ပါက ဤလင့်ကို နှိပ်ပါ။

Saturday, May 10, 2008

Township Relief Committee

၁၀၊ ၅၊ ၂၀၀၈

မြို့နယ်ကယ်ဆယ်ရေးကော်မတီ

လေဘေးဒဏ်သင့် မြို့နယ်များတွင် မြို့နယ်ကယ်ဆယ်ရေးကော်မတီများ ဖွဲ့စည်းထားရှိသည်ဟု သိရပါသည်။ မိမိတို့ လှူဒါန်းမည့် ပစ္စည်း၊ အစားအစာ၊ ရေတို့ကို ထို ကော်မတီများမှ တဆင့် လှူဒါန်းနိုင်သည်ဟု လည်း သိရှိရပါသည်။ သို့ရာတွင် ကော်မတီနှင့် ကြိုတင် ညှိနှိုင်းထားခြင်း မပြုပဲ အလှူပစ္စည်းများ ယူဆောင်ပြီး သွားရောက်ပါက ကိုယ်ထိလက်ရောက် လှူရန် အခက်အခဲ အနည်းငယ် ရှိတတ်ပါသည်။

ထို့ကြောင့် ကယ်ဆယ်ရေး ကော်မတီများ နှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ပါရန် အကြံပြုပါသည်။

Tuesday, May 6, 2008

Townships of Yangon and Ayeyarwady Divisions

ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ်များ စာရင်း


Sr.

Name of Townships

Ayeyarwady Division

Yangon Division

1

Hinthada

Botahtaung

2

Ingapu

Dagon Myothit (East)

3

Kyangin

Dagon Myothit (North)

4

Laymyethna

Dagon Myothit (Seik Kan)

5

Myanaung

Dagon Myothit (South)

6

Zalun

Dawbon

7

Danubyu

Mingala Taungnyunt

8

Maupin

North Okkalapa

9

Nyaungdon

Pazundaung

10

Pantanaw

South Okkalapa

11

Einme

Tamway

12

Laputta

Thaketa

13

Mawlamyinegyun

Thingangyun

14

Myaungmya

Yankin

15

Wakema

Hlaingtharyar

16

Kangyidaunt

Hlegu

17

Kyaunggon

Hmawby

18

Kyonpyaw

Htantabin

19

Ngaputaw

Insein

20

Pathein

Mingaladone

21

Thabaung

Shwepyitha

22

Yekyi

Taikkyi

23

Bogalay

Cocogyun

24

Dedaye

Dalla

25

Kyaiklat

Kawhmu

26

Pyapon

Khayan

27

-

Kungyangon

28

-

Kyauktan

29

-

Seikkyi Khanaungto

30

-

Thanlyin

31

-

Thongwa

32

-

Twantay

33

-

Ahlon

34

-

Bahan

35

-

Dagon

36

-

Hlaing

37

-

Kamayut

38

-

Kyauktada

39

-

Kyimyindine

40

-

Lanmadaw

41

-

Latha

42

-

Mayangon

43

-

Pabedan

44

-

Sanchaung

45

-

Seikkan