Thursday, July 5, 2007

The US Constitution

၅၊ ၇၊ ၂၀၀၇
အမေရိကန်နိုင်ငံ အခြေခံဥပဒေ

မနေ့က အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ ဆိုတော့ တီဗွီမှာ လွတ်လပ်ရေး နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ၊ သတင်း မှတ်တမ်းကားတွေ တောက်လျောက် ပြနေလေရဲ့။ အဲဒီထဲမှာ အမေရိကန် နိုင်ငံရဲ့ အခြေခံ ဥပဒေ ရေးဆွဲခဲ့တဲ့ အကြောင်းလေးလည်း ပါလာတော့ နည်းနည်း စိတ်ဝင်စားသွားပြီး အင်တာနက်မှာ လိုက်ဖတ်မိတာလေးတွေ ပြန်ပြီး ရေးပြပါရစေ။ အမေရိကန်နိုင်ငံ ဖြစ်ပေါ်လာတဲ့ သမိုင်းနဲ့ တဆက်တစပ်တည်း ဆိုတော့ သမိုင်းကြောင်းလည်း နည်းနည်း ပါပါမယ်။

၁၇၇၅
အမေရိကန်ရယ်လို့ ဖြစ်လာမယ့် အရှေ့ခြမ်း ကိုလိုနီ ပြည်နယ် ၁၃ ခုက ဗြိတိသျှ အင်ပါယာကို စတင် ပုန်ကန်
၎ ဇူလိုင် ၁၇၇၆
အမေရိကန် လွတ်လပ်ရေးကြေငြာစာတမ်း ကို ထုတ်ပြန် (လွတ်လပ်ရေးနေ့ ဟု သတ်မှတ်)
၁၇၇၇
Articles of Confederation လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုကွန်ဂရက်က စတင်ကျင့်သုံး
၁၇၈၁
အမေရိကန် နိုင်ငံရဲ့ ပထမဆုံး ပြည်နယ် ၁၃ ခုစလုံးက Articles of Confederation လို့ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အတည်ပြုပြီးတဲ့ အတွက် တရားဝင် အခြေခံ ဥပဒေ ဖြစ်လာ
မေ၊ ၁၇၈၇
Article of Confederation ကို ပြင်ဆင်ရန် ကွန်ဂရက် စည်းဝေး။ သို့သော် အစည်းအဝေး ဆုံးဖြတ်ချက်အရ အခြေခံဥပဒေ အသစ်ရေးဆွဲ
စက်တင်ဘာ၊ ၁၇၈၇
အခြေခံဥပဒေ ရေးဆွဲ ပြီးစီး။ ပြည်နယ် ၁၃ ခုတွင် အတည်ပြုရန်တင်ပြ
ဇွန်၊ ၁၇၈၈
အခြေခံဥပဒေ ကို အတည်ပြုပြီးစီး
၁၇၈၉ - ၂၀၀၇
အခြေခံဥပဒေ ပြင်ဆင်ခြင်း စုစုပေါင်း ၂၇ ကြိမ်ပြုလုပ်
ဘာသာပြန်ဆိုသူ မှတ်ချက်။
အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေ မှာ ရေးဆွဲချိန် စုစုပေါင်း ၄-လ ခန့် ကြာမြင့်ပြီး ပြင်ဆင်ခြင်းများ ရှိသည်မှ အပ နှစ်ပေါင်း ၂၁၈ နှစ်အထိ တည်တံ့နေပါသည်။
စာကိုး။
Articles of Confederation
United States Declaration of Independence
United States Constitution
The United States Constitution – On Line

2 comments:

pandora said...

"အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေ မှာ ရေးဆွဲချိန် စုစုပေါင်း ၄-လ ခန့် ကြာမြင့်ပြီး ပြင်ဆင်ခြင်းများ ရှိသည်မှ အပ နှစ်ပေါင်း ၂၁၈ နှစ်အထိ တည်တံ့နေပါသည်။"

ဘာအရေးလဲဗျာ။ အချိုးကျတွက်လိုက်ရင် ၁၄ နှစ်လောက် ဆွဲတဲ့ အခြေခံဥပဒေမျိုးကျတော့ အနည်းဆုံး နှစ်ပေါင်း ၉၁၅၆ နှစ်လောက် တည်တံ့ဦးမှာ။
:D :D :D

Ye-Mon said...

ဘ၀ဆိုတာ linear ဖြစ်ရင်ပေါ့လေ။