Sunday, July 1, 2007

Beyond Remembrance

၁၊ ၇၊ ၂၀၀၇


မမေ့လျော့ခြင်း ၏ ဟိုမှာဘက်တွင်

ထိုနေ့
သူတို့ ကျဆုံးခဲ့ကြတယ်။
ပြည်သူတို့ ငိုကြွေးခဲ့ကြတယ်။
အိပ်မက်တွေ ပျက်မလိုလို ဖြစ်ခဲ့ရတယ်။
သည်နေ့
ကျဆုံးသူတွေ ကျဆုံးနေကြတုန်း။
ငိုကြွေးသူတွေ ငိုကြွေးနေရတုန်း။
အိပ်မက်တွေလည်း လေမှာ ဝေ့နေတုန်း။
မနက်ဖြန်
ညီအကိုချင်း သတ်ဖြတ်မှုတွေ ရပ်ကြ။
မျက်ရည်စက်တွေ သုတ်ကြ။
အိပ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်ကြ။

5 comments:

pandora said...

တိုသလောက် ထိမိပါပေတယ်။
:)

Ye-Mon said...

ကျေးဇူး။

Ka Daung Nyin Thar said...

ကောင်းလိုက်တဲ့ ကဗျာဗျာ… တကယ်ပါ. ကျနော် ဖတ်ဖူးသမျှတွေထဲမှာ ဒီကဗျာ အကောင်းဆုံး ရင်ထဲ အထိဆုံးလေးပါ။။

ဒေါက်တာရဲမွန်ရေ.. ကျနော် မြန်မာပြည်ပြန်ရင် အကို့ဆေးခန်းဆီ လာလည်မယ်ဗျာ အိုကေ

Anonymous said...

ကိုရဲမွန်ရဲ့ ဒီကဗျာလေးက ရိုး၂လေးနဲ့ ထိပါပေတယ် ။ ကျမတို့ မနက်ဖြန်အတွက် ကြိုးစားကြတာပေါ့ ။ အားလုံးတက်ညီလက်ညီဆို ရောက်မှာမလွဲပါ ။

Ye-Mon said...

ကိုကဒေါင်းရေ မြောက်သွားပြီဗျို့ . . . ပြန်ဆွဲထားပါဦး။ တကယ်ကတော့ ကဗျာမမည် စာမမည်ပါ။ (စကားချပ်။ ကျွန်တော်က ဆေးခန်းလက်မဲ့၊ ဆရာဝန် မလုပ်သော ဆရာဝန်ပါ)

မဂျစ် - ဒါပေါ့ဗျာ တက်စုံ နဲ့ ရွက်ကုန် ဖွင့်ကြပါမှ ခေတ်ကို ရင်ဘောင်တန်းနိုင်လိမ့်မယ်။