Tuesday, July 10, 2007

Ma Byine

၁၀၊ ၇၊ ၂၀၀၇


ဆီးသီးသည် မဗျိုင်း

မဗျိုင်း လူဝင်စားများကို မကြာခဏ ကြုံဆုံရပြီးသကာလ ငယ်စဉ်က ဖတ်ဖူးတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောလိုစိတ်ဖြစ်လာပါတယ်။

တရံရောအခါက ရွာတစ်ရွာမှာ အလွန်တရာမှ ဆင်းရဲတဲ့ မဗျိုင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိသတဲ့။ မိဘများလည်း ကွယ်လွန်ကုန်ကြ၍ ကြီးဒေါ်အပျိုကြီးနှင့် နေရရှာသတဲ့။ မဗျိုင်းလေးဟာ သူငယ်ချင်းတစ်စုနဲ့ ရွာထိပ်က ဆီးသီးပင်မှာ ဆီးသီးကောက်ပြီး မလှမ်းမကန်းက ရွာတွေမှာ သွားရောင်းကာ ကြီးဒေါ်ကြီးကို ၀င်ငွေလေးရအောင် ကူညီလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ဆီးသီးရောင်းဖို့အလာ ရှင်ဘုရင်ကြီးတိုင်းခန်း လှည့်တာနဲ့ ကြုံပါလေရော။ မဗျိုင်းလေးဟာ ဆီးသီးသည်ဆိုပေမယ့် ရှေးပါရမီကြောင့် အလွန်တရာမှ ချောမောလှပတော့ ရှင်ဘုရင်ကြီးလည်း ပစ်လဲကျ . . ဘိုင်း . . . ဖြစ်သွားပါသတဲ့။ အဲဒါနဲ့ ရှင်ဘုရင်ကြီး က မဗျိုင်းလေးကို တော်ကောက်တော်မူပြီး မိဘုရားအရာ မြောက်လေသတဲ့။ ဒီလိုနဲ့ မိဘုရားလေး မဗျိုင်းဟာ ရွှေနန်းတော်ကြီးထဲမှာ ပျော်ရွှင်စွာ စံစားရပါလေရော။

နှစ်တွေ အတန်ကြာတဲ့အခါ မိဘုရား မဗျိုင်းလေးဟာ ရွှေနန်းတော်မှာ နေရတာ ညီးငွေ့လာတဲ့အတွက် ရှင်ဘုရင်ကြီးကို မိမိရွာကို အလည်ပြန်ခွင့်ပေးဖို့ ပန်ကြားသတဲ့။ ရှင်ဘုရင်ကြီးကလည်း အိမ်း ငါကိုယ်တော်မြတ်လည်း ဗကေးရှင်းမယူ တိုင်းခန်း မလှည့်လည်ဖြစ်တာကြာပြီ မိဘုရား မဗျိုင်းနဲ့အတူလိုက်ရင်း တိုင်းခန်းလှည့်လည်မှပဲလို့ အကြံဖြစ်သတဲ့။ ဒါနဲ့ပဲ မှူးမတ်တွေက စီးတော်ဆင်၊ မြင်း စတာတွေ ပြင်ဆင်ပြီး တိုင်းခန်းလှည့်ဖို့ အသင့်ပြုလုပ်ကြပါတယ်။ ဒီလိုနဲ့ မိဘုရားမဗျိုင်းက ဘုရင်ကြီးနဲ့အတူ စီးတော်ဆင်ကြီး စီးပြီး ရွာကို ကြွလာပါတော့တယ်။ ရွာထိပ်အ၀င်မှာတော့ မဗျိုင်းရဲ့ သူငယ်ချင်းမ တွေက ဆီးသီးတွေကောက် ဗန်းထဲ ထည့်ပြီး ဈေးမှာသွားရောင်းဖို့ ပြင်ဆင်နေကြပါတယ်။ ဗြုန်းဆို ဆင်မြင်းတွေ ရောက်လာတော့ ဆီးသီးသည်မလေးတွေလည်း ရုတ်ရုတ်သည်းသည်း ဖြစ်ကာ လမ်းဖယ်သူဖယ်၊ ဘေးကပ်သူကပ်နဲ့ ဖြစ်သွားကြပါတယ်။

မိဘုရား မဗျိုင်းလေးဟာ မိန်းကလေးတွေရဲ့ ဗန်းပေါ်မှာ တင်ထားတဲ့ နီညိုညို အလုံးလေးတွေကို ကြည့်ပြီး ဆင်တော်ကဲကို လှမ်းမေးလိုက်ပါတယ်။ ဟဲ့ . . . မောင်ရင် အဲဒီ နီညိုညို အလုံးလေးတွေဟာ ဘာတွေတုန်း။ ဆင်တော်ကဲက ဆီးသီးပါ မိဘုရားလို့ ပြန်ပြောမလို့ ပြင်တုန်း ရှင်ဘုရင်ကြီးက မဗျိုင်းရေ အဲဒါ ညည်းအရင်က ရောင်းခဲ့တဲ့ ဆီးသီး ဆိုတာပဲလို့ ဆိုကာ မိဘုရား အဆောင်ယောင်တွေ သိမ်းတော်မူပြီး ရွာမှာထားပစ်ခဲ့ပါတော့တယ်။

သင်ခန်းစာ
မောင်ညီမလေးတို့လည်း ဆီးသီးသည် မဗျိုင်းလို ကိုယ့်လာရင်း ဘ၀ကို မမေ့ကြဖို့ ဦးဦး မှာချင်ပါတယ်။
စကားချပ်
မူရင်း စာရေးဆရာကို မမှတ်မိ၍ မဖော်ပြနိုင်သည်ကို ခွင့်လွှတ်စေလိုပါသည်။ သိသူများ ရှိက ပြောပါရန်။ ဖန်တရာတေနေသော ပုံပြင်လေးကို မောင်ရဲမွန်တစ်ယောက် ဘာကြောင့် ဘလောက်တင်လာပါသလဲ ဟု အတွေးပေါက်လျင်တော့ . . . ရှေ့လျောက် ဘလောက်များတွင် အမေရိကားရောက် မဗျိုင်းများ နှင့် မောင်ဗျိုင်းများ အကြောင်း ကို အလျဉ်းသင့်သလို ရေးသွားရန် စိတ်ကူးရှိသဖြင့် ဤသို့ အစပျိုးထားကြောင်း အသိပေးလိုပါသည်။ ။

8 comments:

Anonymous said...

Dear Ko Ye,
You might want to use your precious time somewhere else instead of putting effort into writing about modern Mg Byines and Ma Byines. I don't know much about how things are there, but here in Yangon, they most of the time generate juicy gossips. For example, the man who unfortunately came to share our hero's name was from a common background whose then girlfriend told him when he was in army training to leave army, since his salary won't even pay for a pair of slippers for her. Anyway, I think your time is precious and not worth-spending for such stories.

pandora said...

စာကရှည်လို့ ဆီပုံးမှာမရေးပဲ ဒီမှာရေးလိုက်တယ်။
dictionary မှာတော့ ဗျိုင်းက little egret လို့တွေ့တယ်. heron အမျိုးအစားထဲကပဲ။ great egret ဆိုရင်တော့ ဗျိုင်းငန်းလို့ခေါ်သတဲ့။ google image နဲ့ရှာကြည့်လိုက်။

အနော်လည်း egret ဆိုတာ တိခဲ့ဝူးဗျ.။ heron တော့ကြားဖူးတယ်။ ဗမာစာတွေလည်း ပျက်စီး။ အီးဂလိပ်စာလည်း အဆင့်မမီနဲ့ ဒွတ်ခပဲ။ ကြာရင် communicate လုပ်မရဖြစ်မယ်။ ဘက်ကပ်အဖြစ် တရုတ်စာလေး ပြင်သစ်စာလေး မြန်မြန် သွားသင်ထားမှ။

ဘာပဲဖြစ်ဖြစ် ဆက်ရေးပါဗျို့။ အမာခံ အားပေးနေပါတယ်။

PeTi said...

(ကို) ရဲမွန် နဲ့ (မ)ရည်မွန် မှားခေါ်နေတဲ့ အချိန်မှာ မောင်ညီမလေးတို့ လို့သုံးလိုက်တော့.. စဉ်းစားစရာဖြစ်နေပြီ… ဟီး…

pandora said...

ဟိုနေ့ကတော့ပြောတယ် ကိုပီတိရဲ့ တချို့ကကိုယ့် gender မှန်ကို အတော်အသက်ကြီးမှ သိရတယ် ဆိုလား။
အဟမ်း (No comment.)

Ye-Mon said...

အနောနမတ် ခင်ဗျား အခုလို သတိပေးတာ ကျေးဇူးပါ။

ဗျိုင်းကိုတော့ byine လို့ပဲ အသံဖလှယ်ထားလိုက်ပါတယ်။ နောက်များမှပဲ ဘိုစာလုံးနဲ့ အလိုက်ပေး လဲလိုက်တော့မယ်။

အဟဲ မွှားတဲ့အခါလည်း မွှားပေမပေါ့။ တူ၊ တူမလေး လို့ ဖြစ်ရမှာ။ ဦးဦးလို့ ပြောထားမိလို့ တော်သေးတယ်။ :p

Anonymous said...

Interesting and wondering who and how many of those mg/ma byines had triggered you to write this post. I think there are many of them wherever you go. I sometimes find myself in the similar spot where u just want to stick those plums (zee thees) down their throat to make them remember their past. :p ... but like anonymous has said, we just have to divert these energy for something more precious.

Kay said...

I'm wondering what brings this unidentified shadow to critic ( advice) others. Every plp have their own reason and own right to choose what they should do.
( sorry..it's none of my biz...but..I'm not so happy with such a attitude..)

Kay said...

Ko Ye Mon..pls just keep writing..whatever u think its worth to share. People can choose what we shoud read and like.