၉၊ ၇၊ ၂၀၀၇
မောင်ဂျော် နှင့် လေယာဉ်မှူး
ကျွန်ုပ်၏ ခင်လှစွာသော မိတ်ဆွေတစ်ဦးတွင် ချစ်လှစွာသော မောင်ဂျော်အမည်ရှိ သားတစ်ယောက်ရှိလေသည်။ ၄င်းသားမှာ မြန်မာမိဘနှစ်ပါးမှ အမေရိကန် နိုင်ငံတွင် မွေးဖွားသန့်စင်သည့် မြန်မာအမေရိကန်လေးပင်ဖြစ်ညား မြန်မာစကားကို ရေလည်စွာ ပြောဆိုတတ်လေသည်။
တစ်နေ့သ၌ မိခင်နှင့်အတူ တခြားမြို့တစ်မြို့သို့ လေယာဉ်ဖြင့်သွားရန်ရှိလာသည်။ လေယာဉ်ပေါ်တွင် ထိုင်ပြီးချိန်မှာပင်
လေယာဉ်မှူး
ခရီးသည်များ ခင်ဗျား . . . လေယာဉ်မှူး စကားပြောနေပါတယ်။ အနောက်တောင် လေကြောင်းလိုင်းကိုရွေးချယ်သည့် အတွက် အထူးကျေးဇူးတင်ရှိပါတယ်။ ခရီးသည်များ ဤခရီးစဉ်ဖြင့် လိုက်ပါဖို့ရာ အလွန်တရာမှ စိတ်လှုပ်ရှားနေမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ခရီးသည်များနဲ့ ထပ်တူစိတ်လှုပ်ရှားနေပါတယ်။ ဒီခရီးစဉ်ဟာ ကျွန်တော် လေယာဉ်မှူးအဖြစ် ပျံသန်းမယ့် ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ် ခင်ဗျား။ခရီးသည်များ ထံမှ လက်ခုပ်သံများ သောင်းသောင်းဖျဖျ ထွက်လာကြစဉ် . . .
မောင်ဂျော်
မေမေ သံဗုဒ္ဓေလေး လုပ်ပါဦး။ ။
2 comments:
hehe.. ကိုရဲမွန်ကြီး သံဗုဒ္ဓေလေး လုပ်ပါဦး အဟတ် ။
နဲနဲတောင် မေ့တေ့တေ့ဖြစ်နေပြီ။ လေယာဉ်မစီးတာ ကြာလို့။ :)
Post a Comment